
အာရှတိုက်သားတွေပီပီ အသားအရောင်ဖြူတာကို ကြိုက်ကြတာထုံးစံပါ။ Body Lotion တွေက အသားအရေကို ဖြုဝင်းစေတဲ့အပြင် အသားအရေကို စိုပြေနူးညံ့စေတဲ့ အာနိသင်ပါဝင်ပါတယ်။ နေ့စဉ်ပုံမှန်လိမ်းပေးတာက အသားအရေပျက်စီးခြင်းကနေ ကာကွယ်ပြီးသားဖြစ်တာပေါ့။ အသားဖြူချင်တဲ့ အမတွေ၊ ညီမတွေပြောချင်တာက အသားအရေက ဖြူမှလှတာ မဟုတ်ပါဘူးနော်၊ ညှိညှိစိုစိုလေးကလည်း ဆွဲဆောင်မှုတစ်မျိူးရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ကြည်ကြည်စိုစိုလေးဖြစ်နေမယ့် အသားအရေအတွက် Body Lotion တွေက မရှိမဖြစ်ပါ။ အသားဖြူချင်လွန်းပါတယ်ဆိုတဲ့သူတွေအတွက် အသားအရောင်ဝင်းဝင်းလေးနဲ့ ကြည်ကြည်လေးဖြစ်နေဖို့အတွက် အသုံးပြုလို့ကောင်းမယ့် Body Lotion တွေကို ပြောပြပေးချင်ပါတယ်။ နီးစပ်ရာ အလှကုန်ဆိုင်နဲ့ Supermarket တွေမှာလည်း ဝယ်ယူနိုင်တာမို့ ခေါင်းရှုပ်စရာလည်း မလိုတော့ဘူးပေါ့။
Vaseline Healthy White Lightening Lotion
နာမည်ကျော် Beauty Brand တစ်ခုဖြစ်တဲ့ Vaseline ရဲ့ Product တွေက အမြဲ ရောင်းအားကောင်းလေ့ရှိပါတယ်။ Vaseline ရဲ့ Product အများကြီးထဲက Healthy White Lightening Lotion က လူကြိုက်များပြီး အသားအရေကို သိသိသာသာ ဖြူဝင်းစေပါတယ်။ Vitamin B3 နဲ့ Antioxident က အသားအရောင်ကို ဝင်းလက်တောက်ပစေပါတယ်။ Sunscreen လည်းပါဝင်တာမို့ UVA နဲ့ UVB ကို ကာကွယ်ပြီးသားဖြစ်စေတာပေါ့။
Garnier Light Extra Whitening Repairing Milk Body Lotion
အသားအရေ မွဲခြောက်ပြီး မညီမညာဖြစ်နေတဲ့သူတွေအတွက် ဒီ Lotion က အဆင်ပြေစေမှာပါ။ ပူအိုက်တဲ့ဒေသမှာ နေထိုင်တဲ့သူတွေအတွက် ထုတ်ထားတာဖြစ်လို့ မြန်မာအသားအရေနဲ့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။ အသားအရေကို ပြန်လည်အားဖြည့်ပေးပြီး စိုစိုဝင်းဝင်းလေးဖြစ်စေပါတယ်။ စိမ့်ဝင်လွယ်ပြီး စေးကပ်မှုမရှိတာကြောင့် နေ့စဉ်အသုံးပြုလို့ အကောင်းဆုံးပါ။
NIVEA Extra White Radiant Body Lotion
Nivea ရဲ့ Body Lotion တွေက ဘယ်နှစ်မျိူးထွက်ထွက် နာမည်ကြီးတာ အားလုံးသိကြမှာပါ။ ကျွန်မတို့ ဘွားဘွားတွေ ခေတ်ထဲက သုံးလာခဲ့ကြတာ သက်တမ်းရင့်နေပြီဖြစ်တဲ့ လက်စွဲတော် Nivea Lotion တွေပါ။ အသားအရေ သိသိသာသာ ကောင်းလာတယ်လို့ Feedback များတဲ့ Nivea Extra White Radiant Body Lotion ကိုလည်း အသုံးပြုကြည့်ဖို့ Recommend ပေးချင်ပါတယ်။ ဗီတာမင်စီ အဆ ၄၀ပါဝင်ပြီး နေရောင်ခြည်ကို ကာကွယ်ပေးပါတယ်။
Citra Natural White UV Aura
Citra ကလည်း အိမ်နီချင်းနိုင်ငံဖြစ်တဲ့ Thai Made Brand ဖြစ်တာကြောင့် ကျွန်မတို့ မြန်မာလူမျိူးတွေရဲ့ အသားအရေနဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါ့အပြင် ပါဝင်ပစ္စည်းအနေနဲ့ သနပ်ခါးနဲ့ မန်ကျည်းသီးနဲ့ ပြုလုပ်ထားတာကြောင့် အသားအရေအတွက် ကောင်းလား၊ မကောင်းဘူးလားဆိုတာကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်နော်။ Thai နိုင်ငံမှာလည်း နာမည်ကြီးပြီး အသားအရေကို သိသိသာသာဖြူဝင်းစေလို့ သုံးကြည့်သင့်တယ်နော်။