ဝက်ခြံထွက်တဲ့အသားအရေအတွက်အကောင်းဆုံးဖြစ်မယ့် Makeup Remover များ
mystylemyanmar.com
|
2020-03-22

မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းဘူးဖြစ်စေ Makeup Remover သုံးပေးဖို့လိုပါတယ်။ တစ်နေ့တာလုံး မျက်နှာမှာကပ်နေတဲ့ အညစ်အကြေးတွေ၊ ဖုန်တွေ၊ ကိုယ်လိမ်းထားတဲ့ မိတ်ကပ်၊ Skincare စတာတွေက မျက်နှာသစ်ဆေးနဲ့သစ်လို့ မပြောင်ပါဘူး။ Makeup Remover နဲ့ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့သစ်မှသာ လုံးဝပြောင်သွားတာပါ။ ကိုယ်မှာ ဝက်ခြံရှိတယ်ဆိုရင် ပိုတောင်ဂရုစိုက်ပေးရပါမယ်။ ဒါကြောင့် ဝက်ခြံထွက်တဲ့အသားအရေအတွက် အကောင်းဆုံးအဖြစ်ရွေးချယ်ခြင်းခံထားရတဲ့ Makeup Remover ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

DHC Pore Cleansing Oil

DHC Pore Cleansing Oil ကတော့ Oil Type ပါ။ သူက ဝက်ခြံထွက်ပြီး အသားခြောက်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။ သုံးပြီးရင် မျက်နှာလေးလုံးဝကို သန့်စင်သွားတဲ့ ခံစားမှုမျိုးရပြီး မျက်နှာအသားအရေ နူးညံ့စေပါတယ်။ ဝက်ခြံသမားတင်မဟုတ်ပဲ အဆီဖုထွက်တဲ့သူတွေလည်း သုံးလို့ရပါတယ်။




Paula’s Choice CLEAR Pore Normalizing Cleanser

Paula’s Choice CLEAR Pore Normalizing Cleanser ကတော့ Salicylic acid လည်းပါလို့ ဝက်ခြံသမားတွေအတွက် အသင့်တော်ဆုံးပါ။ တစ်ခါတစ်လေ အခန့်မသင့်လို့ ဝက်ခြံထွက်တတ်တာမျိုးဆိုလည်း သုံးလို့ရပါတယ်။ သူက ဝက်ခြံတွေ ပိုပြီးထွက်မလာအောင် တားဆီးပေးနိုင်ပါတယ်။




Bioderma Sebium H2O Micellar Water

Bioderma Sebium H2O Micellar Water ကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဝက်ခြံသမားတွေသုံးဖို့ အသင့်တော်ဆုံးဖြစ်ပြီး အရေပြားဆရာဝန်တွေကိုယ်တိုင်လည်း ညွှန်းတဲ့ Makeup Remover ပါ။ ဝယ်ရတာလည်း အရမ်းလွယ်ပါတယ်။




The Body Shop’s Tea Tree Skin Clearing Facial Wipes

The Body Shop’s Tea Tree Skin Clearing Facial Wipes ကတော့ Facial Wipes ဖြစ်တာကြောင့် သုံးရတာ ပိုလွယ်တာပေါ့။ Tea Tree ဆိုတော့ ဝက်ခြံသမားတွေအတွက် အကောင်းဆုံးပါပဲ။ သူလည်း ဒီမှာကောင်တာရှိတော့ ဝယ်ရလွယ်တာပေါ့။




Source: www.bustle.com


The post

ဝက်ခြံထွက်တဲ့အသားအရေအတွက်အကောင်းဆုံးဖြစ်မယ့် Makeup Remover များ appeared first on

MyStyle Myanmar .




Some text some message..