Covid-19 ကြောင့် မင်္ဂလာပွဲတွေရွှေ့ထားရလည်း သတို့သမီးလောင်းလေးတွေအနေနဲ့ Skincare တော့ပုံမှန်လုပ်ထားသင့်ပါတယ်။
weddingguide.com.mm
|
2020-03-26

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့မင်္ဂလာပွဲနီးတဲ့အခါဂရုစိုက်သင့်တဲ့ beauty tip လေးတွေကို Myanmar Wedding Guide ပရိတ်သတ်တွေအတွက်ပြောပြပေးချင်ပါတယ်။

No.1 Micellar water ,cleansing wipe နဲ့မိတ်ကပ်ဖျက်ခြင်းကိုလျော့ချပေးပါ။

micellar water ,cleansing wipe တွေဟာသုံးပြီးရင် မျက်နှာကရေဓာတ်တွေအပြင်အဆီဓာတ်လေးတွေကိုပါစုပ်ယူပြီး အရမ်းခြောက်သွားတတ်ပါတယ်။

အဲ့လိုအသားအရေခြောက်လာတဲ့အခါအရေးအကြောင်းထွက်ဖို့အရမ်းကိုလွယ်ကူပါတယ်။

မျက်နှာအဆီပြန်တာဟာမကောင်းပေမယ့် အရေးအကြောင်းတွေမထွက်ဖို့ဆိုတာမျက်နှာမှာရှိသင့်တဲ့အဆီဓာတ် ရေဓာတ်တွေရှိဖို့လည်းလိုအပ်တာမို့

နေ့စဉ်နဲ့အမျှ micellar water တွေသုံးနေခြင်းကိုလျော့ချပြီး cleansing oil , cleansing cream/milk စတာလေးတွေကိုသုံးပေးပါနော်။

အဲ့ဒါမှာမင်္ဂလာပွဲနေ့မှာ မိတ်ကပ်လိမ်းတဲ့အခါအသားခြောက်တာတွေ အရေးအကြောင်းတွေထင်းနေတာတွေမဖြစ်မှာပါ။

No.2 Sunscreen မဖြစ်မနေလိမ်းပေးပါ

တော်တော်များများသတိမထားမိတဲ့အချက်က အရေးအကြောင်းတွေ တင်းတိတ်တွေ ရဲ့ အဓိကတရားခံဟာ နေရောင်ခြည်ကြောင့်ဆိုတာပါ ။

မင်္ဂလာပွဲနီးလေ အပြင်ထွက်ရလေမို့ Sunscreen မလိမ်းမိတဲ့အခါမှာ နေလောင်ပြီး skin problems တွေဖြစ်လာနိုင်တာမို့

ပွဲနေ့မိတ်ကပ်လိမ်းတဲ့အခါလှပတဲ့ skin လေးရဖို့ပွဲမတိုင်ခင် ရက်တွေမှာ နေ့စဉ် sunscreen လိမ်းပေးပါ။

No.3 Eye Cream

အသက်အရွယ်ကြီးလာကြောင်းကိုပြသတဲ့အဓိကနေရာကမျက်လုံးလို့ပြောလို့ရပါတယ်။ မျက်လုံးတဝိုက်အသားအရေဟာအရမ်းနူးညံ့တာမို့ အရေးအကြောင်းထွက်လွယ်တဲ့နေရာဖြစ်ပါတယ်။

မိတ်ကပ်ထူထူလိမ်းတဲ့အခါမှာမျက်လုံးပေါ်ကအရေးအကြောင်းတွေပိုထင်းလာတတ်ပါတယ်။

ဒါ့ကြောင့် မျက်ဝန်းတဝိုက် စိုပြေပြီး နူးညံ့နေအောင် မိတ်ကပ်လိမ်းတဲ့အခါ အရေးကြောင်းမပေါ်အောင်eye cream ကိုညတိုင်းမမေ့မလျော့လိမ်းရပါမယ်။

No.4 Hand Cream, body lotion

Hand Cream ကတော့ ဘယ်သူမှသတိမထားမိမယ့်ပစ္စည်းလေးလို့ထင်ပါတယ်။ပွဲနေ့မှာလက်စွပ်စွပ်တဲ့ပုံလေးတွေ ဒါမှမဟုတ် သတို့သမီးလေးရဲ့ လက်ချောင်းလေးတွေကိုဓာတ်ပုံရိုက်တတ်ကြပါတယ်။

အမတို့ညီမတို့သတိမထားမိတာက အသက်အရွယ်ရလာတဲ့အခါ လက်ချောင်းလေးမှာလည်းအရေးအကြောင်းလိုမျိုးအရာလေးတွေ

(အထူးသဖြင့်လက်သည်းနဲ့လက်ဆစ်ကြားနေရာမှာအကြောင်းအကြောင်းလေးတွေ) ထင်လာတတ်တာပါ။

လက်တွေခဏခဏဆေးပြီးလက်ကskinလေးတွေဟာခြောက်သွေ့လာတဲ့အခါအရေးအကြောင်းထင်တတ်တာမို့ moistureပေးနိုင်တဲ့ handcream လေးတွေအိတ်ထဲအမြဲဆောင်ထားပြီးလိမ်းကြဖို့သတိပေးပါရစေ။

အသားအရေခြောက်လေအသားပေါ်မှာအရေးအကြောင်းလေးတွေထွက်လေမို့ body lotion လည်းမှန်မှန်လိမ်းဖို့ မမေ့ပါနဲ့နော်။

No.5 Lip Balm

နှုတ်ခမ်းခြောက်သွေ့တဲ့အခါမင်္ဂလာပွဲနေ့မှာ ကြာကြာခံစေမယ့် နှုတ်ခမ်းနီလည်းဆိုရော အဖတ်လေးတွေလန်ပြီး အရမ်းကြည့်ရဆိုးတတ်ပါတယ်။ lip balm ကို အကျင့်လုပ်ပြီးဆိုးထားမှသာနှုတ်ခမ်းလှလှလေးရစေမှာပါ။

No.6 သကြား လျော့စားပေးပါ။

မင်္ဂလာပွဲနီးလာလေ stress များလာလေမို့ အချိုပိုစားမိတတ်ပါတယ်။

သကြားဟာ လူ့ခန္ဓာကိုယ်အတွက်ဆိုးကျိုးကိုသာပိုပေးတာမို့ သကြားလျော့စားပေးပါနော်။

သကြားကြောင့် ဝ စေတဲ့အပြင် လူကိုပါ လေးလံစေတာမို့ သကြားလျော့စားပေးပါနော်။

Reference: wedding story

Dress Hire ဝတ်စုံအငှားဆိုင် ၅၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

Zawgyi ဖြင့်ဖတ်ရန်...

Dress Hire ဝတ်စုံအငှားဆိုင် ၅၄ ဆိုင်ကိုရှာရန်နှိပ်ပါ။ Myanmar Wedding Guide

Some text some message..