လှပတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ယမင်းမေဦးရဲ့ မြန်မာဝတ်စုံဖက်ရှင်လေးတွေ
mystylemyanmar.com
|
2020-03-27

လှပတဲ့အပြုံးလေးတွေကြောင့် လူချစ်လူချင်များလာတဲ့ Cele မလေး ယမင်းမေဦးကိုတော့ အားလုံးပဲ သိကြမယ်လို့ထင်ပါတယ်။ ဘယ်လိုဖက်ရှင်မျိုးပဲဝတ်ဝတ် ချစ်စရာကောင်းနေတဲ့သူမကိုတော့ မြန်မာဝတ်စုံလေးတွေဝတ်ရင် ရိုးရိုးလေးနဲ့ ပိုပြီးချစ်စရာကောင်းတယ်လို့ ထင်ပါတယ်။

ဒါကြောင့် သူမရဲ့ ရိုးရိုးလေးနဲ့ လှပနေတဲ့ မြန်မာဝတ်စုံဖက်ရှင်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။





လူငယ်ကောင်မလေးတွေနဲ့ တက္ကသိုလ်ကျောင်းသူလေးတွေဆိုရင် မြန်မာအင်္ကျီလေးတွေကို လက်နည်းနည်းအထွက်လေးတွေပဲ ချုပ်ဝတ်တာက အရမ်းချစ်စရာကောင်းပါတယ်။ သူမဝတ်ထားသလိုဒီဇိုင်းလေးတွေက ပိုပြီးတော့လည်း လူငယ်ဆန်စေပါတယ်။





မြန်မာဝတ်စုံကိုမှ လက်ဒီဇိုင်းဆန်းဆန်းလေးတွေချုပ်ဝတ်တာကလည်း ဖက်ရှင်ကျစေပါတယ်။ သူမဝတ်ထားသလိုဒီဇိုင်းလေးတွေဆိုရင် ဖက်ရှင်လည်းကျသလို အမြင်လည်းမရိုင်းစေပါဘူး။





မြန်မာဝတ်စုံလက်ရှည်အင်္ကျီလေးတွေဆိုရင်လည်း လုံလုံခြုံခြုံနဲ့ အမြင်မရိုးအောင် သူမလိုချုပ်ဝတ်လို့ရပါသေးတယ်။





မြန်မာဝတ်စုံဝတ်တဲ့အခါမှာ ရင်ဖုံးတွေ ရင်စေ့တွေမဝတ်ချင်ရင် သူမဝတ်ထားသလိုလေး ချုပ်ဝတ်လို့ရတယ်နော်။ ရိုးရိုးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေပါ။





Photo Source: www.yaminmayooinstagram.com


The post

လှပတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ယမင်းမေဦးရဲ့ မြန်မာဝတ်စုံဖက်ရှင်လေးတွေ appeared first on

MyStyle Myanmar .




Some text some message..