မျက်ခုံးထူထူလေးရဖို့ ကြက်သွန်နီ
mystylemyanmar.com
|
2020-04-01

ကြက်သွန်နီကို အလှအပအတွက်အသုံးပြုဖူးပါသလား။ မျက်ခုံးမွှေးပါးတဲ့သူတွေရော ကြက်သွန်နီကို လိမ်းဖူးပါသလား။ လှပပြီး ခပ်ထူထူမျက်ခုံးမွှေးကို လူတိုင်းလိုချင်ကြပါတယ်။




အဲဒီအတွက် Tattoo ထိုးစရာမလိုပါဘူး။ သဘာဝနည်းလမ်းကို လိုက်ရှာကြည့်တော့ ဒီနည်းလမ်းလေးတွေ့လို့ စာဖတ်သူတို့အတွက် တင်ပေးလိုက်ပါတယ်။

ကြက်သွန်နီ




ကြက်သွန်နီကို အရည်ထွက်အောင်ညှစ်လိုက်ပါ။ ပြီးရင် နားဂျက်တံနဲ့ အဲဒီအရည်ကို တို့ပြီး မျက်ခုံးမွှေးပေါ်လိမ်းပေးပါ။ တစ်ညလုံးထားပြိး အိပ်ပါ။ မနက်ခင်မှာ မျက်နှာသစ်လိုက်ပါ။




ဘယ်လောက်ကြာကြာလုပ်ရမလဲ




ဒီနည်းလမ်းကို တစ်ပတ်တိတိ နေ့တိုင်းလုပ်ပေးပါ။ မျက်ခုံးမွှေးတွေ ထူးထူးခြားခြား သန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

ကြက်သွန်နီကို အရည်မညှစ်ဘဲပါးပါးလှီးပြီး မျက်ခုံးပေါ်မှာ သုတ်လိမ်းပေးလို့လည်းရပါတယ်ရှင်။


The post

မျက်ခုံးထူထူလေးရဖို့ ကြက်သွန်နီ appeared first on

MyStyle Myanmar .




Some text some message..