ယောကျ်ားလေးတွေအတွက် ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးဆိုတာ…
myanmaplatform.com
|
2018-12-03



Psychology today ရဲ့ ဖော်ပြချက်အရ ယောကျ်ားလေးအတွက် ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးဆိုတာ ဖက်ရှင်ကျလှပသူ မဟုတ်ပါဘူးတဲ့။ မိန်းကလေးတစ်ယောက်မှု ရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေက ယောက်ျားလေးတိုင်းအတွက်တော့ မျက်စိကျစရာပါပဲ။ ဒါပေမယ့်အခုဖော်ပြပေးမယ့်အချက်တွေနဲ့ ကိုက်ညီနေတဲ့ မိန်းကလေးဟာ ယောကျ်ားလေးအများစုရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှု ရှိလှပါတယ်တဲ့။ ယောကျ်ားလေးတွေအတွက် ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးဆိုတာ ဘယ်လိုလဲဆိုတော့…


(၁) ကြင်နာသနားတတ်သူ







စိတ်သဘောထားပြည့်ဝပြီး ကြင်နာသနားတတ်တဲ့ မိန်းကလေးတွေဟာ ကောင်လေးတွေအမြင်မှာတော့ ဆွဲဆောင်မှုအပြည့် ရှိနေတတ်ပါတယ်။ ယောကျ်ားလေးအများစုက ခပ်ဂေါ်ဂေါ် မိန်းကလေးတွေထက်စာရင် နူးညံ့သိမ်မွေ့ပြီး ကြင်နာသနားတတ်တဲ့ မိန်းမသားမျိုးကို ပိုမိုသဘောကျတတ်ကြပါတယ်။ ဒီလို မိန်းကလေးတွေကသာ သူတို့ကို ဂရုစိုက်ပြီး၊ သူတို့ရဲ့အချစ်ကိုလည်းအလေးထား တန်ဖိုးထားမယ်လို့လည်း ယုံကြည်ထားကြတဲ့အတွက်ကြောင့်ပါ။


(၂) ပျော်ပျော်နေတတ်တဲ့မိန်းကလေး







ငြူစူပုပ်သိုးနေတဲ့ မျက်နှာထားထက်စာရင် ပြုံးပျော်ရွှင်နေတာက ပိုပြီး ကျက်သရေရှိမှာပါ။ ကောင်လေးအများစုကလည်း ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတွေကို ပိုပြီး သဘောကျကြပါတယ်။ သူတို့ပြောတဲ့ ဟာသတွေကို ရယ်ရယ်မောမောနဲ့ နားထောင်ပေးတတ်တဲ့ မိန်းကလေးတွေကတော့ သူတို့မျက်လုံးထဲမှာ ဆွဲဆောင်မှု ရှိနေတတ်ပါတယ်တဲ့။


(၃) ဆံပင်ရှည်တဲ့မိန်းကလေး







ဆံပင်ကို ကျောနဲ့ ရင်ဘတ်တစ်ဝိုက်ဖြန့်ချထားပြီး လေထဲဆံနွယ်ဝဲနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံစံဟာလည်း ကောင်လေးတွေအတွက် ရင်ခုန်စရာကောင်းနေပြန်ပါတယ်။ မိန်းကလေးတစ်ယောက် ရဲ့ ကောင်းခြင်းတွေထဲမှာလည်း ဆံကေသာရဲ့ကောင်းခြင်းကလည်း ပါဝင်နေတယ် မဟုတ်ပါလား။ ဒါ့ကြောင့် ကောင်လေးတွေကတော့ ရှည်လျားလှပတဲ့ ဆံကေသသာကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကို ဆွဲဆောင်မှုအရှိဆုံးလို့ သတ်မှတ်ထားကြပါတယ်။


(၄) လူမှုဆက်ဆံရေးကောင်းသူ







တစ်ယောက်တည်း သီးသန့်ဆန်ဆန်နေတတ်တဲ့သူတွေထက်စာရင် လူဝင်ဆံ့တဲ့သူတွေက ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ လူတိုင်းကတော့ လူချစ်လူခင်ပေါများတတ်တာ သဘာဝပါ။ ဒါ့ကြောင့်လည်း လူမှုဆက်ဆံရေးကောင်းပြီး ဖော်ဖော်ရွေရွေရှိတဲ့ မိန်းကလေးတွေက ကောင်လေးတွေအမြင်မှာ ဆွဲဆောင်မှု ရှိနေပြန်ပါတယ်။


(၅) လေးနက်တဲ့သူ







တစ်ဖက်လူ စကားပြောတဲ့အခါမှာ လေးလေးနက်နက်နဲ့ နားထောင်ပေးတာမျိုး၊ ကိုယ်တိုင် စကားပြောတဲ့အခါမှာလည်း စိတ်ပါလက်ပါနဲ့အရွှန်းဖောက်ပြောဆိုတတ်တာမျိုးက ဆွဲဆောင်မှု တစ်ခုပါပဲ။အရာရာကိုအလေးအနက်ထားတတ်တဲ့ မိန်းကလေးတွေက ယောကျ်ားလေးတွေအတွက်အော်တို ဆွဲဆောင်မှု ရှိနေပြီးသားပါ။




Some text some message..