ငွေကုန်ကြေးကျသက်သာပြီး ကြည်လင်ဝင်းပတဲ့အသားအရည်ရစေဖို့…
trend.com.mm
|
2018-12-04
အိမ်မှာအသီးအနှံတွေပိုနေတာရှိရင်အလကားမဖြစ်တော့ပဲ ကိုယ့်မျက်နှာလေး Glow ဖြစ်ဖို့သုံးလို့ရနေပါပြီ။အသီးအနှံနဲ့ပေါင်းတင်တာဖြစ်လို့ ဘေးဥပဒ်လည်းမဖြစ်စေတော့ပဲအသားအရည်ကိုပိုပြီးတောင် ကြည်လင်ဝင်းပလာစေမှာပါ။ငွေကုန်ကြေးကျလည်းသက်သာတာပေါ့။ဒီတော့ ဘယ်လိုအသီးအနှံလေးတွေကို ဘယ်လိုပေါင်းတင်ရမလဲဆိုတာ ပျိုမေတို့ရဲ့လှပရေးအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
*သင်္ဘောသီးနဲ့ပျားရည်
သဘောၤသီးလေးအနည်းငယ်ပိုရုံနဲ့ မျက်နှာအတွက် သုံးလို့ရပါတယ်။သင်္ဘောသီးအနည်းငယ်နဲ့ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရောပြီးကြိတ်ချေလိုက်ပါ။ခပ်ပျစ်ပျစ်အနှစ်လေးရလာပြီဆို မျက်နှာလေးကိုအရင်ဆုံးသန့်စင်၊ခြောက်သွားပြီဆိုတော့မှအနှစ်လေးကို မျက်နှာတစ်ဝိုက်လိမ်းပေးပါ။မိနစ် ၂၀လောက်ထားပြီး ရေနဲ့ပြန်ဆေးချလိုုက်ပါ။ခဏနေရင်တော့ မျက်နှာအစိုဓာတ်ထိန်းပေးတဲ့ကရင်မ်တစ်ခုခုလိမ်းပေးထားလို့ရပါတယ်။ဒီနည်းလမ်းက ပုံမှန်အသားအရည်နဲ့ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေအတွက်ကောင်းမွန်စေတဲ့နည်းလမ်းလေးပါ။တစ်ပတ်ကိုတစ်ခါ လုပ်ပေးရုံနဲ့ထူးခြားတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။
*ကီဝီသီးနဲ့ထောပတ်သီး
ထောပတ်သီးအသားနဲ့ ကီဝီသီးအသားအနည်းငယ်ကိုယူကာ ပျစ်သွားအောင်ချေပါ။ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး နှံ့အောင်ရောမွှေလိုက်ပါ။ရလာတဲ့အနှစ်ကိုမျက်နှာတင်မက လည်ပင်းမှာပါလိမ်းပေးလို့ရပါတယ်။နာရီဝက်လောက်နေရင်ရေဆေးချပါ။သိသိသာသာ ကြည်လင်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒီနည်းလမ်းလေးကတော့အသားအရည်အမျိုးအစားအားလုံးအတွက် သင့်တော်ပါတယ်။တစ်ပတ်ကိုတစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။
*ငှက်ပျောသီး
ငှက်ပျောသီးကတော့ လွယ်ကူစွာရနိုင်တဲ့အသီးအနှံပါပဲ။ကိုယ်မစားချင်ဘူးဆိုရင်တောင် မျက်နှာအတွက်သုံးလိုက်ပါ။ငှက်ပျောသီးတစ်ခြမ်းကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။ပြီးရင်သေချာသန့်စင်ထားတဲ့မျက်နှာပေါ်မှာလိမ်းလိုက်ပါ။မိနစ် ၂၀လောက်ထားပြီးရင် ရေဆေးချလို့ရပါပြီ။ဒီနည်းလေးကတော့အဆီပြန်တဲ့အသားအရည်နဲ့ ဝက်ခြံဖြစ်တတ်တဲ့အသားအရည်အတွက်အထူးသင့်တော်ပါတယ်။တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးနိုင်ပါတယ်။
*လိမ္မော်ခွံ
လိမ္မော်သီးသုံးလုံးလောက်စားပြီးရင်အခွံတွေကိုသိမ်းထားဖို့မမေ့ပါနဲ့။လိမ္မော်ခွံတွေကိုသေးသေးလေးဆီလှီးပြီး နေခြောက်လှမ်းထားပါ။သုံးရက်လောက်ကြာတဲ့အခါ ခြောက်သွေ့သွားပါလိမ့်မယ်။ခြောက်သွားတဲ့အခါ မွှေစက်လေးနဲ့ကြိတ်ချေလိုက်ပါ။အဲ့ဒါဆိုရင်အမှုန့်လေးတွေရလာပါလိမ့်မယ်။အဲ့ဒီအမှုန့်ကို သန့်ရှင်းခြောက်သွေ့တဲ့ဘူးထဲသိမ်းထားလို့ရပါတယ်။မျက်နှာပေါင်းတင်ဖို့အတွက် လိမ္မော်မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကို ပျားရည်၊ဒိန်ချဉ်အနည်းငယ်နဲ့ရောစပ်ပြီးမွှေပါ။အနှစ်တွေကို မျက်နှာကိုလိမ်းပြီးမိနစ် ၂၀ကြာထားပြီးရင် ရေနဲ့သေချာဆေးကြောလို့ရပါပြီ။ဒီနည်းလေးကအဆီပြန်တဲ့အသားအရည်အတွက်အများကြီးအသုံးဝင်ပါတယ်။တစ်ပတ်ကိုတစ်ခါလုပ်ပေးနိုင်ပါတယ်။
*စပျစ်သီးနဲ့ပန်းသီး
Unicode
အိမ်မှာအသီးအနှံတွေပိုနေတာရှိရင် အလကားမဖြစ်တော့ပဲ ကိုယ့်မျက်နှာလေး Glow ဖြစ်ဖို့သုံးလို့ရနေပါပြီ။အသီးအနှံနဲ့ပေါင်းတင်တာဖြစ်လို့ ဘေးဥပဒ်လည်းမဖြစ်စေတော့ပဲ အသားအရည်ကိုပိုပြီးတောင် ကြည်လင်ဝင်းပလာစေမှာပါ။ငွေကုန်ကြေးကျလည်းသက်သာတာပေါ့။ဒီတော့ ဘယ်လိုအသီးအနှံလေးတွေကို ဘယ်လိုပေါင်းတင်ရမလဲဆိုတာ ပျိုမေတို့ရဲ့လှပရေးအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
*သင်္ဘောသီးနဲ့ပျားရည်
သဘောင်္သီးလေးအနည်းငယ်ပိုရုံနဲ့ မျက်နှာအတွက် သုံးလို့ရပါတယ်။သင်္ဘောသီးအနည်းငယ်နဲ့ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရောပြီးကြိတ်ချေလိုက်ပါ။ခပ်ပျစ်ပျစ်အနှစ်လေးရလာပြီဆို မျက်နှာလေးကို အရင်ဆုံးသန့်စင်၊ခြောက်သွားပြီဆိုတော့မှ အနှစ်လေးကို မျက်နှာတစ်ဝိုက်လိမ်းပေးပါ။မိနစ် ၂ဝလောက်ထားပြီး ရေနဲ့ပြန်ဆေးချလိုုက်ပါ။ခဏနေရင်တော့ မျက်နှာအစိုဓာတ်ထိန်းပေးတဲ့ကရင်မ်တစ်ခုခုလိမ်းပေးထားလို့ရပါတယ်။ဒီနည်းလမ်းက ပုံမှန်အသားအရည်နဲ့ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေအတွက်ကောင်းမွန်စေတဲ့နည်းလမ်းလေးပါ။တစ်ပတ်ကိုတစ်ခါ လုပ်ပေးရုံနဲ့ထူးခြားတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။
*ကီဝီသီးနဲ့ထောပတ်သီး
ထောပတ်သီးအသားနဲ့ ကီဝီသီးအသားအနညး်ငယ်ကိုယူကာ ပျစ်သွားအောင်ချေပါ။ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး နှံ့အောင်ရောမွှေလိုက်ပါ။ရလာတဲ့အနှစ်ကိုမျက်နှာတင်မက လည်ပင်းမှာပါလိမ်းပေးလို့ရပါတယ်။နာရီဝက်လောက်နေရင်ရေဆေးချပါ။သိသိသာသာ ကြည်လင်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒီနည်းလမ်းလေးကတော့ အသားအရည်အမျိုးအစားအားလုံးအတွက် သင့်တော်ပါတယ်။တစ်ပတ်ကိုတစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။
*ငှက်ပျောသီး
ငှက်ပျောသီးကတော့ လွယ်ကူစွာရနိုင်တဲ့အသီးအနှံပါပဲ။ကိုယ်မစားချင်ဘူးဆိုရင်တောင် မျက်နှာအတွက်သုံးလိုက်ပါ။ငှက်ပျောသီးတစ်ခြမ်းကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။ပြီးရင်သေချာသန့်စင်ထားတဲ့မျက်နှာပေါ်မှာလိမ်းလိုက်ပါ။မိနစ် ၂ဝလောက်ထားပြီးရင် ရေဆေးချလို့ရပါပြီ။ဒီနည်းလေးကတော့ အဆီပြန်တဲ့အသားအရည်နဲ့ ဝက်ခြံဖြစ်တတ်တဲ့အသားအရည်အတွက်အထူးသင့်တော်ပါတယ်။တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးနိုင်ပါတယ်။
*လိမ္မော်ခွံ
လိမ္မော်သီးသုံးလုံးလောက်စားပြီးရင် အခွံတွေကိုသိမ်းထားဖို့မမေ့ပါနဲ့။လိမ္မော်ခွံတွေကိုသေးသေးလေးဆီလှီးပြီး နေခြောက်လှမ်းထားပါ။သုံးရက်လောက်ကြာတဲ့အခါ ခြောက်သွေ့သွားပါလိမ့်မယ်။ခြောက်သွားတဲ့အခါ မွှေစက်လေးနဲ့ကြိတ်ချေလိုက်ပါ။အဲ့ဒါဆိုရင် အမှုန့်လေးတွေရလာပါလိမ့်မယ်။အဲ့ဒီအမှုန့်ကို သန့်ရှင်းခြောက်သွေ့တဲ့ဘူးထဲသိမ်းထားလို့ရပါတယ်။မျက်နှာပေါင်းတင်ဖို့အတွက် လိမ္မော်မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကို ပျားရည်၊ဒိန်ချဉ်အနည်းငယ်နဲ့ရောစပ်ပြီးမွှေပါ။အနှစ်တွေကို မျက်နှာကိုလိမ်းပြီးမိနစ် ၂ဝကြာထားပြီးရင် ရေနဲ့သေချာဆေးကြောလို့ရပါပြီ။ဒီနည်းလေးက အဆီပြန်တဲ့အသားအရည်အတွက် အများကြီးအသုံးဝင်ပါတယ်။တစ်ပတ်ကိုတစ်ခါလုပ်ပေးနိုင်ပါတယ်။
*စပျစ်သီးနဲ့ပန်းသီး
စပျစ်သီးနဲ့ပန်းသီးနည်းနည်းလေးရှိလည်း ကိုယ့်တစ်မျက်နှာအတွက်အသုံးဝင်နေပါတယ်။ကဲ ဒီတော့ စပျစ်သီး ရလုံးလောက်နဲ့ပန်းသီးတစ်ခြမ်းလောက်ရှိရင် မျက်နှာလေး Glow လို့ရပါပြီ။အဲ့ဒီအသီးနှစ်မျိုးကိုရောကြိတ်ပြီး ခပ်ပျစ်ပျစ်လေးရလာတဲ့အခါ အနှစ်ကိုမျက်နှာမှာလိမ်းပါ။နာရီဝက်လောက်ကြာရင်ရေဆေးချပြီး မျက်နှာလေးခြောက်သွားတဲ့အခါ အစိုဓာတ်ထိန်းကရင်မ်လေးလိမ်းပေးထားပါ။ဒီနည်းလေးက ဘယ်လိုအသားအရည်မျိုးအတွက်မဆိုအသုံးဝင်နေပါတယ်။တစ်ပတ်ကို ၂ကြိမ်လုပ်ပေးရုံနဲ့ ကြည်လင်ဝင်းပပြီး မိတ်ကပ်မလိမ်းလဲ လှနေတဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။
ကိုယ့်အသားအရည်နဲ့လိုက်ဖက်တဲ့နည်းလေးကိုသုံးပြီး ထူးခြားတဲ့ရလဒ်လေးတွေပိုင်ဆိုင်ကြပါစေနော်
Some text some message..