ကိုယ့်ဆံသားလှလှလေးတွေမှာ ပီကေကပ်သွားတဲ့အခါ ဘယ်လိုဖယ်ပစ်ကြမလဲ?
trend.com.mm
|
2018-12-04

အထူးသဖြင့်ဆံပင်ရှည်မမတွေဆိုရင် ကိုယ့်ဆံပင်မှာမတော်တဆပီကေတွေကပ်သွားတဲ့အခါ ညှပ်ပဲပစ်လိုက်ရမလို၊ဘယ်လိုလုပ်ရမလဲအာရုံထွေပြားကာ စိတ်တွေညစ်သွားတတ်ပါတယ်။ဆံပင်အတိုဆိုပိုဆိုး။ကိုယ်က ပီကေကိုဘယ်လိုဖယ်ရမလဲမသိတဲ့အခါ ရှိတဲ့ဆံပင်လေးတွေညှပ်ပစ်ရတတ်တယ်။ဒီလို စိတ်ညစ်စရာပီကေကပ်တဲ့ကိစ္စကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေးတွေရှိနေပါပြီ။ပီကေတွေကြောင့် ကိုယ့်ဆံပင်လေးမညှပ်ပစ်ချင်ဘူးဆိုရင် ဘယ်လိုနည်းလေးတွေလဲဆိုတာ သိထားသင့်တယ်နော်

*မြေပဲထောပတ်





မြေပဲထောပတ်အနည်းငယ်ကို လက်ချောင်းလေးတွေနဲ့ယူပြီး ပီကေကပ်တဲ့ဆံပင်နေရာကို ဂျယ်လိမ်းသလိုပဲ လိမ်းလိုက်ပါ။လက်နဲ့မလိမ်းချင်ဘူးဆိုရင်သွားတိုက်တံကိုသုံးပေးနိုင်ပါတယ်။ပြီးရင်တော့ ဘီးနဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ ကပ်နေတဲ့ပီကေတွေကို ဖြည်းဖြည်းချင်းဖယ်လိုက်လို့ရပါပြီ။

*သံလွင်ဆီ၊အုန်းဆီ







သံလွင်ဆီ၊အုန်းဆီ စတဲ့ဆီတစ်မျိုးမျိုးနဲ့လည်းပီကေကိုဖယ်လို့ရပါတယ်။ပီကေကပ်တဲ့နေရာကို ဆီအနည်းငယ်သုတ်လိမ်းပြီး ကပ်စေးနေတာလျော့သွားတဲ့အချိန်ထိ ထားထားပါ။အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ပီကေကို ခေါင်းဘီးနဲ့ဖြည်းဖြည်းချင်း ဖယ်လိုက်လို့ရပါပြီ။

*ရေခဲ





ရေခဲကလည်း ပီကေကပ်တာအတွက်အသုံးဝင်နေပြန်ပါတယ်။အပြင်သွားနေတုန်း ဆံပင်မှာပီကေကပ်သွားတဲ့အခါ ရေခဲတုံးလေးပြေးဝယ်ပြီးပီကေကပ်နေတဲ့နေရာမှာ မိနစ် ၂၀လောက်ကပ်ထားပေးပါ။ပီကေကို ခဲသွားစေပြီးအလွယ်တကူခွာလို့ရစေပါတယ်။ခွာနေတုန်း ပြန်ကပ်စေလာတဲ့အခါ
ရေခဲနဲ့ထပ်ကပ်ပြီးခွာလို့ရပါတယ်။

*မုန့်ဖုတ်ဆိုဒါ





မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေအနည်းငယ်နဲ့ရောစပ်ပြီး ပီကေကပ်နေတဲ့ပြဿနာကိုဖြေရှင်းလို့ရပါတယ်။ရောစပ်ထားတဲ့ခပ်ပျစ်ပျစ်အရည်တွေကို ပီကေကပ်နေတဲ့နေရာတွေမှာအုံထားပြီး ၁၅မိနစ်လောက်ထားထားပါ။မုန့်ဖုတ်ဆိုဒါက ပီကေကပ်စေးတာကိုလျှော့ချပေးတဲ့အတွက်အချိန်ကြာလေ
ပီကေခွာရလွယ်လေပါပဲ။၁၅မိနစ်လောက်ကြာတဲ့အခါ ပီကေကိုအလွယ်တကူခွာလိုက်လို့ရပါပြီ။

*သွားတိုက်ဆေး





သွားတိုက်ဆေးကတော့အလွယ်ဆုံးနည်းလေးပါပဲ။သွားတိုက်ဆေးအနည်းငယ်ကို ဂွမ်းစလေးထဲထည့်ပြီး ပီကေကပ်နေတဲ့ဆံသားတွေပေါ်လိမ်းပေးပါ။ခြောက်သွေ့သွားတဲ့အထိထားပြီးရင် သွားတိုက်တံနဲ့ဖြစ်စေ ခေါင်းဘီးနဲ့ဖြစ်စေ ခွာပေးလို့ရပါပြီ။

*Vaseline







Vaseline ကို ပီကေခွာတဲ့နေရာမှာသုံးပေးလို့ရပါတယ်။ပီကေကပ်နေတဲ့ ဆံသားတွေကို Vaselineအနည်းငယ်သုတ်လိမ်းပေးပါ။အထူးသဖြင့်အဖျားနားလေးတွေကိုပိုလိမ်းပေးပါ။လိမ်းပြီး ၁၀မိနစ်လောက်ကြာရင် ပီကေတွေကို သေချာဖယ်လိုက်ရုံပါပဲ။


*မုယောနိစ်







မုယောနိစ်အနည်းငယ်ကို ပီကေကပ်နေတဲ့ဆံသားတွေမှာ လိမ်းပေးထားပါ။မုယောနိစ်မှာပါတဲ့အဆီအပြင် ဆံသားလေးကိုအနည်းငယ်နှိပ်နယ်ပေးမယ်ဆိုရင်ပီကေကိုအလွယ်တကူဖယ်ရှားနိုင်သလို ဆံသားကိုလည်းပိုပြီးကောင်းမွန်လာစေမှာဖြစ်ပါတယ်။


*ရှာလကာရည်








Source:Stylecraze

Unicode

အထူးသဖြင့်ဆံပင်ရှည်မမတွေဆိုရင် ကိုယ့်ဆံပင်မှာမတော်တဆပီကေတွေကပ်သွားတဲ့အခါ ညှပ်ပဲပစ်လိုက်ရမလို၊ဘယ်လိုလုပ်ရမလဲ အာရုံထွေပြားကာ စိတ်တွေညစ်သွားတတ်ပါတယ်။ဆံပင်အတိုဆိုပိုဆိုး။ကိုယ်က ပီကေကိုဘယ်လိုဖယ်ရမလဲမသိတဲ့အခါ ရှိတဲ့ဆံပင်လေးတွေညှပ်ပစ်ရတတ်တယ်။ဒီလို စိတ်ညစ်စရာပီကေကပ်တဲ့ကိစ္စကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေးတွေရှိနေပါပြီ။ပီကေတွေကြောင့် ကိုယ့်ဆံပင်လေးမညှပ်ပစ်ချင်ဘူးဆိုရင် ဘယ်လိုနည်းလေးတွေလဲဆိုတာ သိထားသင့်တယ်နော်

*မြေပဲထောပတ်

မြေပဲထောပတ်အနညး်ငယ်ကို လက်ချောင်းလေးတွေနဲ့ယူပြီး ပီကေကပ်တဲ့ဆံပင်နေရာကို ဂျယ်လိမ်းသလိုပဲ လိမ်းလိုက်ပါ။လက်နဲ့မလိမ်းချင်ဘူးဆိုရင်သွားတိုက်တံကိုသုံးပေးနိုင်ပါတယ်။ပြီးရင်တော့ ဘီးနဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ ကပ်နေတဲ့ပီကေတွေကို ဖြည်းဖြည်းချင်းဖယ်လိုက်လို့ရပါပြီ။

*သံလွင်ဆီ၊အုန်းဆီ

သံလွင်ဆီ၊အုန်းဆီ စတဲ့ဆီတစ်မျိုးမျိုးနဲ့လည်းပီကေကိုဖယ်လို့ရပါတယ်။ပီကေကပ်တဲ့နေရာကို ဆီအနည်းငယ်သုတ်လိမ်းပြီး ကပ်စေးနေတာလျော့သွားတဲ့အချိန်ထိ ထားထားပါ။အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ပီကေကို ခေါင်းဘီးနဲ့ဖြည်းဖြည်းချင်း ဖယ်လိုက်လို့ရပါပြီ။

*ရေခဲ


ရေခဲကလည်း ပီကေကပ်တာအတွက်အသုံးဝင်နေပြန်ပါတယ်။အပြင်သွားနေတုန်း ဆံပင်မှာပီကေကပ်သွားတဲ့အခါ ရေခဲတုံးလေးပြေးဝယ်ပြီးပီကေကပ်နေတဲ့နေရာမှာ မိနစ် ၂ဝလောက်ကပ်ထားပေးပါ။ပီကေကို ခဲသွားစေပြီးအလွယ်တကူခွာလို့ရစေပါတယ်။ခွာနေတုန်း ပြန်ကပ်စေလာတဲ့အခါ
ရေခဲနဲ့ထပ်ကပ်ပြီးခွာလို့ရပါတယ်။

*မုန့်ဖုတ်ဆိုဒါ


မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေအနည်းငယ်နဲ့ရောစပ်ပြီး ပီကေကပ်နေတဲ့ပြဿနာကိုဖြေရှင်းလို့ရပါတယ်။ရောစပ်ထားတဲ့ခပ်ပျစ်ပျစ်အရည်တွေကို ပီကေကပ်နေတဲ့နေရာတွေမှာအုံထားပြီး ၁၅မိနစ်လောက်ထားထားပါ။မုန့်ဖုတ်ဆိုဒါက ပီကေကပ်စေးတာကိုလျှော့ချပေးတဲ့အတွက် အချိန်ကြာလေ
ပီကေခွာရလွယ်လေပါပဲ။၁၅မိနစ်လောက်ကြာတဲ့အခါ ပီကေကို အလွယ်တကူခွာလိုက်လို့ရပါပြီ။

*သွားတိုက်ဆေး

သွားတိုက်ဆေးကတော့ အလွယ်ဆုံးနည်းလေးပါပဲ။သွားတိုက်ဆေးအနည်းငယ်ကို ဂွမ်းစလေးထဲထည့်ပြီး ပီကေကပ်နေတဲ့ဆံသားတွေပေါ်လိမ်းပေးပါ။ခြောက်သွေ့သွားတဲ့အထိထားပြီးရင် သွားတိုက်တံနဲ့ဖြစ်စေ ခေါင်းဘီးနဲ့ဖြစ်စေ ခွာပေးလို့ရပါပြီ။

*Vaseline

Vaseline ကို ပီကေခွာတဲ့နေရာမှာသုံးပေးလို့ရပါတယ်။ပီကေကပ်နေတဲ့ ဆံသားတွေကို Vaseline အနည်းငယ်သုတ်လိမ်းပေးပါ။အထူးသဖြင့် အဖျားနားလေးတွေကိုပိုလိမ်းပေးပါ။လိမ်းပြီး ၁ဝမိနစ်လောက်ကြာရင် ပီကေတွေကို သေချာဖယ်လိုက်ရုံပါပဲ။

*မုယောနိစ်

မုယောနိစ်အနည်းငယ်ကို ပီကေကပ်နေတဲ့ဆံသားတွေမှာ လိမ်းပေးထားပါ။မုယောနိစ်မှာပါတဲ့အဆီအပြင် ဆံသားလေးကို အနည်းငယ်နှိပ်နယ်ပေးမယ်ဆိုရင်ပီကေကိုအလွယ်တကူဖယ်ရှားနိုင်သလို ဆံသားကိုလည်းပိုပြီးကောင်းမွန်လာစေမှာဖြစ်ပါတယ်။

*ရှာလကာရည်

အဖြူရောင်ရှာလကာရည်အနည်းငယ်ကို ဂွမ်းလေးနဲ့ဆွတ်ပြီး ပီကေကပ်နေတဲ့ဆံသားတွေကိုသုတ်လိမ်းပေးပါ။နည်းနည်းရွှဲရွှဲလေးဖြစ်သွားပြီဆို ၁၅မိနစ်လောက်ထားပေးပါ။ပီကေက ပျော့လာပြီးအလွယ်တကူခွာလို့ရသွားပါလိမ့်မယ်။လက်မပေချင်ဘူးဆို သွားတိုက်တံလေးကိုသုံးပြီးခွာလို့ရပါတယ်။

Source:Stylecraze




Some text some message..