ဆံပင်လိပ်စက်မသုံးဘဲနဲ့ သဘာဝအတိုင်းပဲ ဆံပင်လိပ်ကြမယ်
mystylemyanmar.com
|
2020-04-29

ကိုယ်ကြည့်နေတဲ့ ရုပ်ရှင်ကားထဲက ကြိုက်နှစ်သက်ရတဲ့ ဆံပင်အလိပ်ပုံစံအတိုင်း လုပ်ချင်ပါသလား။ ဆံပင်ကောက်စက် ဆံပင်လိပ်စက်တွေမလိုဘဲ သဘာဝအတိုင်း လုပ်လိုက်ရအောင်ပါ။


ပါဝင်ပစ္စည်း




ဘီး

ညှပ်ကလစ်

ရေထည့်ထားတဲ့ စပရေးဘူး


ဘယ်လိုလုပ်မလဲ




ခေါင်လျှော်ပြီးလို့ ဆံပင်နည်းနည်း စိုစိစိဖြစ်နေတဲ့ချိန်ဆို လုပ်ရတာပိုလွယ်ပါတယ်။ ပထမဆုံး ခေါင်းကို သေချာဖြီးလိုက်ပါ။ ပြီးရင် ဆံပင်ကို နှစ်ဖက် (သို့) ၄ ဖက်ခွဲပါ။ ဆံပင်ခြောက်နေရင်တော့ ရေဖြန်းပေးပါ။ ပြီးရင် ဆံပင်ကို ထိတ်ကနေ အောင်ခြေထိ လိမ့်လိုက်ပါ။ ဆံပင်အဖျားထိ လိပ်ပေးရမှာဖြစ်ပါတယ်။




ပြီးရင် ဆံပင်ကို ထိတ်ပိုင်းထိယူလာပြီး ကလစ်အမည်းနဲ့ ညှပ်ပေးပါ။ အဲလိုဘဲ ဆံပင် တစ်ဖက်ဆီကိုလုပ်ပါ။ ဆံပင် ၄ ဖက် ခွဲထားတယ်ဆိုရင်တော့ ၄ ဖက်လုံးကို သေချာလုပ်ပေးပြီး ကလစ်နဲ့ တွယ်ပေးထားရမှာပါ။ ပြီးရင် တစ်ညလုံးဒီအတိုင်းအိပ်ရမှာပါ။ မနက်မိုးလင်းရင် ကလစ်တွေကို တစ်ခုချင်း ညင်သာစွာဖြုတ်ပေးပါ။ ဆံပင်ကျလာပြီဆိုရင် လက်နဲ့ တစ်စုချင်း သေချာခွဲပေးပါ။ ကိုယ်ထင်ထားတာထက် လှပတင့်တယ်နေမှာနော်။ တစ်နေကုန်ခံချင်ရင်တော့ ဂျယ်ဖြန်းပေးပါ။


The post

ဆံပင်လိပ်စက်မသုံးဘဲနဲ့ သဘာဝအတိုင်းပဲ ဆံပင်လိပ်ကြမယ် appeared first on

MyStyle Myanmar .




Some text some message..