ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားအရောင်ကို ဘယ်လိုရွေးချယ်မလဲ
mystylemyanmar.com
|
2020-04-30

အသားအရောင်အမျိုးမျိုးရှိကြပါတယ်။ ညိုတာ မည်းတာ ဖြူတာ အဝါဖက်သန်းတာ အနီဖက်သန်းတာ စသဖြင့်ပေါ့။ ကိုယ့်ရဲ့ အသားအရောင်နဲ့ ကိုယ်ဝတ်မယ့် အဝတ်အစားအရောင် လိုက်ဖက်မှသာ ဖက်ရှင်ကျလှပနေမှာဖြစ်ပါတယ်။





အသားအရောင်ကိုစမ်းသတ်တဲ့ စက္ကူနဲ့ ကိုယ့်ရဲ့ အသားအရောင်အမျိုးအစားကို ခွဲခြားလို့ရပါတယ်။

Warm Skin အသားအရောင်




Warm skin လို့ ခေါ်ပါတယ်။ အဝါရောင်ဖက်သန်းတဲ့အသားအရေ။ ဖြူရင်ဖြစ်ဖြစ် မည်းရင် ညိုရင်ပဲဖြစ်ဖြစ် အဝါရောင်၊ ရွှေအိုရောင်ဖက်သန်းတဲ့အသားအရေမျိုးပါ။ ဒီအသားအရောင်ပိုင်ရှင်တွေဟာ သံလွင်သီးရောင်၊ သစ်ခွရောင်၊ ခရမ်းနီရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် ပန်းရောင် (သို့) သန္တာကျောက်တန်းရောင်၊ ခရင်မ်ရောင်၊ အနီရောင်၊ မက်မွန်သီးရောင်၊ လိမ္မော်ရောင်၊ ရွှေရောင်၊ တို့နဲ့လည်း လိုက်ဖက်ညီပါတယ်။ Nude အရောင်ဖက်ကိုသွားမယ်ဆိုရင်တော့ ခရင်မ်ရောင်တို့နဲ့လိုက်ဖက်ပါတယ်။

Cool Skin အသားအရောင်




Cool Skin ကတော့ အသားဖြူရင်လည်း အနီရောင်ဖက်သန်းတာ၊ ညိုရင်လည်း အနီရောင်ဖက်သန်းတာ ပန်းရောင်ဖက်သန်းတာ မျိုးကို ဆိုလိုတာပါ။ ကိုယ့်ရဲ့အသားအရာင်ဟာ အခုပုံမှာပြထားတဲ့အတိုင်း Cool အသားအရေအရောင်ဖြစ်နေရင်တော့ အပြာရောင်တောက်တောက်လေးတွေ၊ ပင်လယ်ရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ Lavender ပန်းရောင်၊ ရေခဲပြာရာင်၊ ပန်းရောင်တို့နဲ့လည်းတကယ်ကိုလိုက်ဖက်ပါတယ်။ ဒါ့အပြင် နှင်းဆီနီရောင်၊ ပတ္တမြားရောင်နဲ့လည်းလိုက်ဖက်တဲ့ အသားရေဖြစ်ပါတယ်။ မီးခိုရောင်၊ အဖြူရောင်တောက်တောက်နဲ့လည်းလိုက်ဖက်ပါတယ်။ လိမ္မော်ရောင်၊ ခရမ်းချဉ်သီးနီရောင်၊ အဝါရောင်တောက်တောက်တွေကို ရှောင်ကျဉ်သင့်ပါတယ်။

သဘာဝအသားအရောင်ရှိသူ




အခုပုံမှာပြထားတဲ့အတိုင်း သဘာဝအသားအရောင်ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုအရောင်နဲ့ မဆိုလိုက်ဖက်ပါတယ်။ အရောင်တောက်တောက်တွေ ဝတ်ရမှာလည်း စိတ်ပူစရာမလိုပါဘူး။

အသားရေ မရွေးလိုက်ဖက်တဲ့အရောင်




အရောင်ဖျော့ဖျော့လေးတွေ၊ ခရမ်းနက်ရောင်တွေ၊ အပြာနဲ့ အစိမ်းရောထားတဲ့အရောင်တွေ၊ ဆင်စွယ်ရောင်တွေက အသားအရောင်မရွေးလိုက်ဖက်တယ်လို့ ဆိုနိုင်ပါတယ်။


The post

ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားအရောင်ကို ဘယ်လိုရွေးချယ်မလဲ appeared first on

MyStyle Myanmar .




Some text some message..