
အရပ်ပုလို့ စိတ်မညစ်ပါနဲ့။ အရပ်ပုလည်း ဖက်ရှင်ကျကျ ဝတ်တတ်ရင် သင်ဟာဆွဲဆောင်မှုအပြည့်ရှိတဲ့သူပါ။ MyStyle Myanmar ကနေပြီးတော့ အရပ်ပုတဲ့ ကောင်မလေးတွေ ရှောင်ရမယ့် အဝတ်အစားဖက်ရှင်ကို မျှဝေပေးချင်ပါတယ်။ ကောင်လေးတွေအနေနဲ့လည်း ကိုယ့်ကောင်မလေးအတွက် အင်္ကျီဝယ်ပေးတော့မယ်ဆို ဒီလိုမျိုး အင်္ကျီဖက်ရှင်တွေကို တော့ရှောင်လို့ရနိုင်တာပေါ့နော်။
၁။ အကျီ ၤ ရှည်ရှည်
အရပ်ပုတဲ့ မိန်းကလေးတွေအတွက် အခပုံမှပြထားတဲ့ အပေါ်ဝတ်အကျီ ၤရှည်ရှည်တွေက အဆင်မပြေပါဘူး။ သူတို့ကို ပိုပြီး အရပ်ပုသွားသလို ထင်ရစေပါတယ်။
၂။ Dress တွေ
ဒူးခေါင်းနားထိ (သို့) ခြေသလုံးနားထိရှိတဲ့ Shirtdresses ကလည်း အရပ်ပုတဲ့ကောင်မလေးတွေနဲ့ မလိုက်ဖက်ပါဘူး။
၃။ အရွယ်အစားကြီးလွန်းတဲ့အိတ်တွေ
အရွယ်အစားကြီးလွန်းတဲ့အိတ်တွေကို ဝယ်မပေးပါနဲ့။ ဒီအိတ်တွေဟာ အရပ်ပုတဲ့ကောင်မလေးတွေနဲ့ မလိုက်ဖက်ပါဘူး။
၄။ ပွပွယောင်းယောင်းဘောင်းဘီတွေ
ခြေထောက်အောက်နားလေးမှာ ပွပွယောင်းယောင်းဖြစ်နေတဲ့ ချည်ထည်ဘောင်းဘီတွေဟာ အရပ်ပုတဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်မှုမရှိပါဘူး။
၅။ ကန့်လန့်ဖြတ်အဆင်းကြောင်းတွေပါတဲ့ အကျီ ၤတွေ။
ကန့်လန့်ဖြတ်အဆင်းကြောင်းတွေပါတဲ့အကျီ ၤတွေဟာ သင့်ကို ပိုပြီးအရပ်ပုသွားစေမှာဖြစ်ပါတယ်။ အဲဒီအစား ဒေါင်လိုက်အဆင်းပါတဲ့အကျီ ၤကို ရွေးချယ်ဝတ်ဆင်ပါ။
၆။ ဂါဝန်ပွပွတွေ
ဂါဝန်ပွပွရှည်ရှည်တွေ့လည်း အရပ်ပုတဲ့သူတွေနဲ့ မလိုက်ဖက်ပါဘူး။
၇။ ဒူးခေါင်းထိရှည်တဲ့ ဘောင်းဘီတွေ
ဒူးခေါင်းလောက်ရှိတဲ့ ဘောင်းဘီတိုတိုတွေကလည်း အရပ်ပုတဲ့သူတွေနဲ့ မလိုက်ဖက်ပါဘူး။
၈။ ဘွတ်ဖိနပ်ရှည်ရှည်တွေ
ဘွတ်ဖိနပ်ရှည်ရှည်တွေဟာ အရပ်ပုတဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်မှုမရှိပါဘူး။
ဘယ်လိုဖက်ရှင်မျိုးဝတ်မလဲ
အရပ်ပုတဲ့ကောင်မလေးတွေအနေနဲ့ အိကျိ ၤကို ဘောင်းဘီ ၊ စကတ်ထဲထည့်ပြီးဝတ်တာ အကျီ ၤကို အပေါ်ပိုင်းချည်ပြီး ဝတ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဖိနပ်ထိတ်ချွန်လေးတွေနဲ့ လိုက်ဖက်ပါတယ်။
The post
အရပ်ပုတဲ့မိန်းကလေးတွေ ရှောင်ရမယ့် ဖက်ရှင်တွေ
appeared first on
MyStyle Myanmar
.