သင်ခေါင်းလျှော်နေတဲ့ပုံစံက တကယ်ပဲမှန်ကန်ရဲ့လား?
trend.com.mm
|
2018-12-05

ခေါင်းသာပုံမှန်လျှော်နေတယ်။ဒါပေမဲ့ ဆံပင်တွေကလည်း ခဏခဏကျွတ်၊ဆံပင်သားတွေကလည်းကြမ်းတမ်းနဲ့ဘာခေါင်းလျှော်ရည်ပြောင်းသုံးရမလဲစဉ်းစားမရဖြစ်တတ်ပါတယ်။ဒီလို ဆံသားခဏခဏကျွတ်တာက သင့်ရဲ့ခေါင်းလျှော်တဲ့ပုံစံက မှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ခေါင်းလျှော်တဲ့အခါမှာလည်း မှန်ကန်တဲ့ပုံစံဆိုတာရှိပါတယ်။ကိုယ့်ဆံပင်သားတွေပျက်စီးတာ၊ကျွတ်တာမျိုးမဖြစ်အောင် ခေါင်းလျှော်မယ်ဆိုရင် ဒီနည်းလေးတွေကိုသိထားသင့်ပါတယ်။








*ခေါင်းမလျှော်ခင် ခေါင်းကိုအရင်ဖြီးပါ
့ခေါင်းမလျှော်ခင် ခေါင်းအရင်ဖြီးတာက ဆံပင်တွေကျွတ်တာကိုသက်သာစေပါတယ်။ခါတိုင်း ခေါင်းလျှော်တဲ့အခါ ဆံပင်တွေအများကြီးကျွတ်လေ့ကျွတ်ထရှိတယ်ဆိုရင် ဒီနည်းလေးကိုစမ်းကြည့်ပါ။


*ခေါင်းကို မကြာခဏမလျှော်ပါနဲ့
ဒီနေ့ခေတ် ယောကျ်ားလေးမိန်းကလေးအများစုဟာ ဦးရေပြားသန့်ရှင်းအောင်၊ဆံသားတွေသန့်ရှင်းအောင်ဆိုပြီး မကြာခဏခေါင်းလျှော်လေ့ရှိပါတယ်။ဒါကတကယ်တော့ ဆံပင်ကိုပိုပြီးပျက်စီးစေတာပါ။တစ်ပတ်မှာသုံးခါလောက်လျှော်ရင်ကို ဆံသားအမျိုးအစားအားလုံးအတွက်လုံလောက်နေပါပြီ။


*ရေအေးနဲ့ခေါင်းလျှော်ပါ
ရေအေးနဲ့ခေါင်းလျှော်ပေးတာကအစိုဓာတ်ကိုထိန်းသိမ်းပေးထားသလိုဖြစ်စေပါတယ်။ဒါ့ပြင် ဆံသားရှုပ်ထွေးမှုတွေကိုပြေလျော့စေပြီး ဆံသားကိုပိုပြီးတောက်ပစေတယ်လို့သိရပါတယ်။








*ခေါင်းလျှော်ရည်ကို လိုအပ်တာထက်မပိုပါစေနဲ့
တကယ်တော့ခေါင်းလျှော်တဲ့အခါ ဦးရေပြားအတွက်ပဲ လိုအပ်ပါတယ်။ဦးရေပြားကအဆီတွေ၊ခြောက်သွေ့တာတွေထုတ်ပေးတဲ့အတွက် ခေါင်းလျှော်ရည်ကိုဦးရေပြားတစ်ဝိုက်လိမ်းပြီးလျှော်ပေးပါ။လျှော်တဲ့အခါမှာလည်း ခေါင်းလျှော်ရည်ကို ကိုယ့်ဆံပင်အနည်းအများပေါ်မူတည်ပြီး
လိုအပ်သလောက်ပဲယူလျှော်သင့်ါပတယ်။


*ဦးရေပြားကိုကြမ်းတမ်းစွာမကုတ်ပါနဲ့
ဦးရေပြားသန့်ရှင်းအောင်ဆိုပြီး လက်နဲ့ကြမ်းကြမ်းတမ်းတမ်းကုတ်ခြစ်တာမျိုးက ဦးရေပြားကိုသာ ထိခိုက်စေတာပါ။နှစ်ခါလောက်ဖြည်းဖြည်းချင်းနှိပ်နယ်ကုတ်ပေးပြီးရင် လုံလောက်ပါပြီ။ဦးရေပြားကိုကြမ်းတမ်းစွာကုတ်တာက ဆံသားကိုကြမ်းတမ်းစေပြီး ဆံပင်ပြတ်ထွက်တာတွေ
ဖြစ်စေပါတယ်။








*နှစ်ခါ မလျှော်ပါနဲ့
တစ်ခါတစ်လေ ခေါင်းလျှော်ပြီးတာတောင်မသန့်ဘူးဆိုပြီး နှစ်ခါလျှော်မိတတ်ပါတယ်။ဒီလို နှစ်ခါလျှော်တဲ့အခါ ဦးရေပြားအတွက်လိုအပ်တဲ့အဆီဓာတ်တွေဟာလုံလောက်အောင်မထုတ်ပေးနိုင်တော့မျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် တစ်ခါတည်းနဲ့လိုအပ်တဲ့ ခေါင်းလျှော်ရည်ပမာဏာကိုယူကာ လျှော်ပေးဖို့မမေ့ပါနဲ့


*ပျော့ဆေးလိမ်းပြီးစိတ်မရှည်မဖြစ်ပါနဲ့
ပျော့ဆေးသုံးပြီးအချိန်မရလို့ ချက်ချင်းတန်းရေဆေးချလိုက်တာမျိုးကလည်း ဆံသားကိုပျက်စီးစေပါတယ်တဲ့။ကိုယ်က ပျော့ဆေးလိမ်းထားပြီးဆိုရင် ဆံသားလေးတွေကိုညင်သာစွာနှိပ်နယ်ပေးပြီး ၅မိနစ်ကနေ ၇မိနစ်ထိကြာအောင်ထားပေးရပါမယ်။အဲ့ဒါမှပျော့ဆေးရဲ့အကျိုးအာနိသင်က ဆံသားကိုရောက်မှာဖြစ်ပါတယ်။







ဒီနည်းလေးတွေကိုသိထားပြီး ဆံသားကိုထိန်းသိမ်းမယ်ဆိုရင် သင့်ရဲ့ဆံပင်သားလေးတွေက ကျန်းမာသန်စွမ်းပြီးလှပနေမှာမလွဲပါဘူး။

Ref:Practo







Unicode

ခေါင်းသာပုံမှန်လျှော်နေတယ်။ဒါပေမဲ့ ဆံပင်တွေကလည်း ခဏခဏကျွတ်၊ဆံပင်သားတွေကလည်းကြမ်းတမ်းနဲ့ဘာခေါင်းလျှော်ရည်ပြောင်းသုံးရမလဲစဉ်းစားမရဖြစ်တတ်ပါတယ်။ဒီလို ဆံသားခဏခဏကျွတ်တာက သင့်ရဲ့ခေါင်းလျှော်တဲ့ပုံစံက မှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ခေါင်းလျှော်တဲ့အခါမှာလည်း မှန်ကန်တဲ့ပုံစံဆိုတာရှိပါတယ်။ကိုယ့်ဆံပင်သားတွေပျက်စီးတာ၊ကျွတ်တာမျိုးမဖြစ်အောင် ခေါင်းလျှော်မယ်ဆိုရင် ဒီနည်းလေးတွေကိုသိထားသင့်ပါတယ်။


*ခေါင်းမလျှော်ခင် ခေါင်းကိုအရင်ဖြီးပါ
့ခေါင်းမလျှော်ခင် ခေါင်းအရင်ဖြီးတာက ဆံပင်တွေကျွတ်တာကိုသက်သာစေပါတယ်။ခါတိုင်း ခေါင်းလျှော်တဲ့အခါ ဆံပင်တွေအများကြီးကျွတ်လေ့ကျွတ်ထရှိတယ်ဆိုရင် ဒီနည်းလေးကိုစမ်းကြည့်ပါ။


*ခေါင်းကို မကြာခဏမလျှော်ပါနဲ့
ဒီနေ့ခေတ် ယောကျ်ားလေးမိန်းကလေးအများစုဟာ ဦးရေပြားသန့်ရှင်းအောင်၊ဆံသားတွေသန့်ရှင်းအောင်ဆိုပြီး မကြာခဏခေါင်းလျှော်လေ့ရှိပါတယ်။ဒါကတကယ်တော့ ဆံပင်ကိုပိုပြီးပျက်စီးစေတာပါ။တစ်ပတ်မှာသုံးခါလောက်လျှော်ရင်ကို ဆံသားအမျိုးအစားအားလုံးအတွက်လုံလောက်နေပါပြီ။


*ရေအေးနဲ့ခေါင်းလျှော်ပါ
ရေအေးနဲ့ခေါင်းလျှော်ပေးတာက အစိုဓာတ်ကိုထိန်းသိမ်းပေးထားသလိုဖြစ်စေပါတယ်။ဒါ့ပြင် ဆံသားရှုပ်ထွေးမှုတွေကိုပြေလျော့စေပြီး ဆံသားကိုပိုပြီးတောက်ပစေတယ်လို့သိရပါတယ်။


*ခေါင်းလျှော်ရည်ကို လိုအပ်တာထက်မပိုပါစေနဲ့
တကယ်တော့ခေါင်းလျှော်တဲ့အခါ ဦးရေပြားအတွက်ပဲ လိုအပ်ပါတယ်။ဦးရေပြားက အဆီတွေ၊ခြောက်သွေ့တာတွေထုတ်ပေးတဲ့အတွက် ခေါင်းလျှော်ရည်ကိုဦးရေပြားတစ်ဝိုက်လိမ်းပြီးလျှော်ပေးပါ။လျှော်တဲ့အခါမှာလည်း ခေါင်းလျှော်ရည်ကို ကိုယ့်ဆံပင်အနည်းအများပေါ်မူတည်ပြီး
လိုအပ်သလောက်ပဲယူလျှော်သင့်ါပတယ်။


*ဦးရေပြားကိုကြမ်းတမ်းစွာမကုတ်ပါနဲ့
ဦးရေပြားသန့်ရှင်းအောင်ဆိုပြီး လက်နဲ့ကြမ်းကြမ်းတမ်းတမ်းကုတ်ခြစ်တာမျိုးက ဦးရေပြားကိုသာ ထိခိုက်စေတာပါ။နှစ်ခါလောက်ဖြည်းဖြည်းချင်းနှိပ်နယ်ကုတ်ပေးပြီးရင် လုံလောက်ပါပြီ။ဦးရေပြားကိုကြမ်းတမ်းစွာကုတ်တာက ဆံသားကိုကြမ်းတမ်းစေပြီး ဆံပင်ပြတ်ထွက်တာတွေ
ဖြစ်စေပါတယ်။


*နှစ်ခါ မလျှော်ပါနဲ့
တစ်ခါတစ်လေ ခေါင်းလျှော်ပြီးတာတောင်မသန့်ဘူးဆိုပြီး နှစ်ခါလျှော်မိတတ်ပါတယ်။ဒီလို နှစ်ခါလျှော်တဲ့အခါ ဦးရေပြားအတွက်လိုအပ်တဲ့အဆီဓာတ်တွေဟာလုံလောက်အောင်မထုတ်ပေးနိုင်တော့မျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် တစ်ခါတည်းနဲ့လိုအပ်တဲ့ ခေါင်းလျှော်ရည်ပမာဏာကိုယူကာ လျှော်ပေးဖို့မမေ့ပါနဲ့


*ပျော့ဆေးလိမ်းပြီးစိတ်မရှည်မဖြစ်ပါနဲ့
ပျော့ဆေးသုံးပြီးအချိန်မရလို့ ချက်ချင်းတန်းရေဆေးချလိုက်တာမျိုးကလည်း ဆံသားကိုပျက်စီးစေပါတယ်တဲ့။ကိုယ်က ပျော့ဆေးလိမ်းထားပြီးဆိုရင် ဆံသားလေးတွေကိုညင်သာစွာနှိပ်နယ်ပေးပြီး ၅မိနစ်ကနေ ရမိနစ်ထိကြာအောင်ထားပေးရပါမယ်။အဲ့ဒါမှပျော့ဆေးရဲ့အကျိုးအာနိသင်က ဆံသားကိုရောက်မှာဖြစ်ပါတယ်။

ဒီနည်းလေးတွေကိုသိထားပြီး ဆံသားကိုထိန်းသိမ်းမယ်ဆိုရင် သင့်ရဲ ့ဆံပင်သားလေးတွေက ကျန်းမာသန်စွမး်ပြီးလှပနေမှာမလွဲပါဘူး။

Ref:Practo




Some text some message..