အိမ်မှာနေရင်း ကမ္ဘာကျော် Met Gala ဝတ်စုံတွေကို တုပဖန်တီးခဲ့ကြတဲ့ ချစ်စရာ Challenge လေး
moda.com.mm
|
2020-05-09

နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျဖြစ်တဲ့ ကမ္ဘာကျော်အခမ်းအနားကြီး Met Gala ဟာဆိုရင် ဒီနှစ်မှာတော့ Corona ရောဂါကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခဲ့ရတာ အားလုံးသိပြီးဖြစ်မှာပါ။ တစ်နှစ်ထက်တစ်နှစ်မရိုးရအောင် ဝတ်ဆင်ပွဲတက်ရောက်လာကြတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ရင်သပ်ရှူမောဖွယ်ရာဝတ်စုံတွေကလည်း လက်လွတ်မခံတမ်းစောင့်ကြည့်ချင်လောက်အောင်ကို အပြိုင်အဆိုင်ထူးခြားဆန်းသစ်နေကြတာမဟုတ်ပါလား။ ဒီနှစ်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ပွဲကြီးကိုမကျင်းပဖြစ်ပေမယ့် Met gala ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ အိမ်မှာနေရင်း Met gala မှာ ဝတ်ဆင်ခဲ့ကြတဲ့ Celebrity တွေရဲ့ဝတ်စုံတွေကို ကိုယ့်အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ပြန်လည်တုပပုံဖော်ရင်း Met Gala Challenge ဆိုတာကို ဖန်တီးခဲ့ကြပါတယ်။ Quarantine ကာလမှာ အပျင်းလည်းပြေ စိတ်ဝင်စားစရာလည်းကောင်းတဲ့ challengeလေးတွေကိုဖန်တီးခဲ့ကြတဲ့အထဲကမှ ဒီ challengeလေးကတော့ တကယ်ကိုချစ်စရာကောင်းပြီး ထူးထူးခြားခြားလေးဖြစ်တယ်ဆိုလို့ရမှာပါပဲ။ မြန်မာပြည်ကပရိသတ်တွေကရော stay home ရင်း အဲဒီလိုပျော်စရာ ဖန်တီးမှူလေးတွေ လုပ်မကြည့်ချင်ကြဘူးလား။


Rihanna (Metgala 2018)



Rihanna ရဲ့ 2018 met gala မှာ ဝတ်ဆင်ခဲ့တဲ့ အမိုက်စား red carpet look ကိုအားလုံးမှတ်မိကြမှာပါ။ Heavenly Bodies: Fashion and the Catholic Imagination ဆိုတဲ့ Theme အောက်မှာ ပုပ်ရဟန်းတစ်ပါး ရဲ့ ဝတ်စုံကို inspired ပြုလုပ်ဝတ်ဆင်လာခဲ့တဲ့ ပုလဲနဲ့ ကျောက်တွေအပြည့်စီခြယ်ထားတဲ့လှပတဲ့ Dress တစ်ခု ပဲဖြစ်ပါတယ်။ ဒါကို Sanja Nestorovic ဆိုတဲ့ Instagrammer တစ်ယောက်က Metgala challenge ဆိုတဲ့ခေါင်းစဉ်အောက်မှာ သတင်းစာစက္ကူတွေကိုသာသုံးပြီး အပျော်အနေနဲ့ ပြန်လည်ဖန်တီးဝတ်ဆင်ပြသွားခဲ့ပါတယ်။ အဲဒီ Challengeလေးမှာ Quarantine Couture ,Corona Carpet ဆိုတဲ့ ခပ်မြူးမြူး hashtag လေးတွေကိုလည်း အသုံးပြုသွားခဲ့ပါသေးတယ်။


Beyonce (Metgala 2015)



Plastique Pussey ဆိုတဲ့ Dragqueen တစ်ဦးကတော့ သူအရမ်းသဘောကျရတဲ့ Beyonce ရဲ့ 2015 Metgala က ဝတ်စုံကို ပုံစံတူလုပ်ပြီး Metgala Challengeအနေနဲ့ ပြန်လည်ဖန်တီးဝတ်ဆင်ပြသွားခဲ့ပါတယ်။အဲဒီဝတ်စုံမှာ ဖန်စီကျောက် အရွယ်အစားစုံ ဒီဇိုင်းစုံပေါင်း 15 ပေါင်ခန့်ကို အသုံးပြုပြီးဖန်တီးထားတယ်လို့ဆိုပါတယ်။ ဝတ်စုံကတော့ တော်တော်လေးကိုနီးနီးစပ်စပ်တူတယ်လို့ပြောရမှာပါပဲ။


Katy Perry (Metgala 2019)



N.V stylist ဆိုတဲ့အမျိုးသမီးကလည်း Katy Perry ရဲ့ 2019 ခုနှစ်ကဝတ်ဆင်ခဲ့တဲ့ ထူးထူးခြားခြား နာမည်ကျော် Met Gala ဝတ်စုံတစ်ခုဖြစ်တဲ့ Chandelier ဝတ်စုံကြီးကို တစ်ပုံစံတည်းတုပဖန်တီးပြခဲ့ပါတယ်။အဲဒါကတော့ သူ့အိမ်က မီးဆိုင်းအစစ်ကြီးအောက်မှာသွားရပ်ပြီး ခပ်တည်တည်နဲ့ ဓာတ်ပုံရိုက်ထားတာပါ။ ခက်ခက်ခဲခဲကြီးမဟုတ်ပေမယ့် တစ်ပုံစံတည်းတော့တူနေတယ်မဟုတ်လား။


Jared Leto (Metgala 2019)



Metgala 2019 တုန်းက Jared Leto ဝတ်ဆင်ခဲ့တဲ့ ထူးထူးခြားခြား ရုပ်တူခေါင်းတစ်လုံးကိုပိုက်လာတဲ့ Gucci ဝတ်စုံကြီးကို အားလုံးသတိထားမိကြမှာပါ။ အဲဒီဝတ်စုံနဲ့ ပုံစံတူဖန်တီးမှူကိုတော့ Sarahmshourds ဆိုတဲ့ Instagram အကောင့်ပိုင်ရှင်မိန်းကလေးက သူ့ရဲ့ Instagram မှာ Metgala Challengeအနေနဲ့ ဖန်တီးပြခဲ့ပါတယ်။ ဒါပေမဲ့ သူမလက်ထဲမှာပိုက်ထားတာကတော့ ဆံပင်ညှပ်ဆိုင်တွေမှာတွေ့ရတတ်တဲ့ အရုပ်မခေါင်းကြီးပါ။တော်တော်လည်းပေါက်ပေါက်ရှာရှာ တွေးတတ်တယ်ဆိုရမှာပါပဲ။


Kylie Jenner (Metgala 2019)



ခု Challengeမှာပါဝင်သူလေးကတော့ချစ်စရာလေးပါ။ Kylie Jennerနဲ့ Metgala Dress ကို ပုံစံတုပဖန်တီးဖို့အတွက် သူ့အမေရဲ့ စကတ်အရှည်ကို ရောင်စကတ်အကားလေးနဲ့တွဲချုပ်ပြီးပုံစံတူဖန်တီးခဲ့ပါတယ်။ ပုဝါစကတော့သူ့အမေ ဟောလိုးဝင်းပွဲတုန်းကသုံးခဲ့တဲ့ ပုဝါလေးပါတဲ့ ။ကြည့်ရတာ ချစ်ဖို့ကောင်းမနေဘူးလား။


Priyanka Chopra (Met gala 2019)



ခုနောက်ဆုံး Challenge ပိုင်ရှင်လေးကတော့ ချစ်စရာကောင်းတာထက်ကိုလွန်သွားပါပီ။ ဘာလို့လဲဆိုတော့ Pawsofwinterfell ဆိုတဲ့ Instagram အကောင့်ပိုင်ရှင်ကြောင်လေးတစ်ကောင်ဖြစ်နေလို့ပါ။ ပါရှန်းကြောင်လေးတွေအများစုပိုင်ဆိုင်ထားတဲ့ စူပုတ်ပုတ်မျက်နှာလေးမှာ Metgala 2019 က Priyanka ဝတ်ဆင်ခဲ့တဲ့ ပုံစံလေးအတိုင်းတွဲဖက်ပြီးမြင်တွေ့ရတာဟာ မြင်ရသူတိုင်းကို ပြုံးမိစေမှာအသေအချာပါပဲ။ ဒီပုံရိုက်ဖို့ကိုတော့ ဒီကလေးကို သူ့သခင်က တော်တော်မျက်နှာလုပ်လိုက်ရမယ့်ပုံပါပဲ။ သူ့ Instagramထဲမှာလည်း တခြား Metgala Challenge ပုံတွေအများကြီးရှိသေးတယ်နော်။

Credit To The Rightful Owners




Some text some message..