
ကဲနွေရာသီလည်းရောက်နေပြီနော်။ မကြာခင်မှာ မိုးတွင်းကို ကူးပြောင်းပါတော့မယ်။
နေပူပူမှာ အပြင်မထွက်မနေ ထွက်ရမဲ့သူတွေအနေနဲ့ SPF 50 နဲ့အထက် UV ပါတဲ့ Suncreen ကို သုံးပေးသင့်ပါတယ်။ မသုံးရင်ကော ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ မသုံးရင် ဘာဖြစ်သလဲဆိုတာကို MyStyle Myanmar ကနေ မျှဝေပေးချင်ပါတယ်။
အသားအရေ ညိုမဲလာမယ်
မှဲ့ခြောက်တွေ ဖြစ်လာမယ်
နေလောင်မယ်
အသားအရေ အိုမင်းရင့်ရော်လာမယ်
အရေပြားကင်ဆာဖြစ်နိုင်တယ်
ဒီတော့ ဘယ်လိုလိမ်းမလဲ
မျက်နှာ နဲ့ လက်တွေ နေထိနိုင်တဲ့ နေရာတွေမှာ လိမ်းပေးရမှာပါ။ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ Suncreen ကိုလိမ်းပြီးမှ မိတ်ကပ်ကို အပေါ်ကနေ ထပ်လိမ်းပေးရမှာပါ။ Suncreen မှာ UV A ကိုရော UVB ကိုပါ ကာကွယ်ပေးတဲ့ ခရင်မ်ကိုလိမ်းပေးပါ။ ပုံမှန် နေပူထဲသွားရင် အနည်းဆုံး SPF 30 နဲ့အထက်ကို လိမ်းပေးသင့်ပါတယ်။ ရေကစားမယ်ဆိုရင် SPF 50 နဲ့ အထက်လိမ်းပေးပါ။
ပြီးတော့ ကိုယ်နဲ့ သွားလေရာမှာ ဆောင်ထားပါ။ လက်ကိုင်အိတ်ထဲမှာ ဒါမှမဟုတ် စီးတဲ့ ကားပေါ်မှာ ဆောင်သွားပါ။ နွေရာသီ နေပူပူမှာ အပြင်ထွက်ရင် Suncreen ကိုလိမ်းပေးသင့်ပါတယ်။
နောက်ကော ဘာလုပ်ရဦးမလဲ
Suncreen တစ်ခုတည်းလိမ်းရုံနဲ့ မလုံလောက်ပါဘူး။ နောက်ထပ် လိုအပ်တာက အဝတ်စားပါ။ အဝတ်စားဝတ်တဲ့အခါ အကျီလက်ရှည် ဦးထုပ် စတာတွေကို ဝတ်ဆင်သင့်ပါတယ်။ နေကာမျက်မှန်ကိုလည်း တပ်ပေးထားသင့်ပါတယ်။
Featured Image Source: VectorStock
The post
နေလောင်ဒဏ်က ကာကွယ်ပေးမယ့် Sunscreen မလိမ်းဘူးဆိုရင် အသားအရေမှာဖြစ်ပေါ်လာမယ့် ပြဿနာများ
appeared first on
MyStyle Myanmar
.