မိတ်ကပ်ကြာရှည်ခံအောင် ဖြန်းရတဲ့စပရေးကို ကိုယ်တိုင်အိမ်မှာဖန်တီးမယ်
mystylemyanmar.com
|
2020-05-30

အမျိုးသမီးတိုင်း မိတ်ကပ်လိမ်းတာကို ကြိုက်နှစ်သက်ကြပါတယ်။ မိတ်ကပ်လိမ်းပြီးလို့ရှိရင် မိတ်ကပ်တာရှည်ခံအောင်လို့ မျက်နှာမှာ စပရေး ဖြန်းပေးလေ့ရှိပါတယ်။




ဈေးကွက်ထဲမှာ စပရေးဘူးဝယ်ရတာ ဈေးကြီးလို့ အိမ်မှာပဲ အလွယ်တကူပြုလုပ်ချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။


၁။ ပါဝင်ပစ္စည်း




ရှားစောင်းလက်ပက် ၁ ခွက်

ရေနွေး ၂ ခွက်

တစ်ခွက်ဆိုပေမယ့် ကိုယ်သုံးမယ့်စပရေးဘူးမှာ ဆန့်သလောက်သာထည့်ပါ။ ရေ ၂ ဆ ရှားစောင်းလက်ပက် ၁ ဆထည့်ပေးရမှာပါ။

ဗီတာမင် E အဆီ ၂ စက် ၃ စက်

ရှားစောင်းလက်ပက်အနှစ် ၁ ခွက်ကို စပရေးဘူးထဲထည့်လိုက်ပါ။ ပြီးရင် ဗီတာမင် E အဆီ ၂ စက် ၃ စက်လောက် ထည့်ပေးလိုက်ပါ။ အဲဒီနောက် ရေနွေး ၂ ခွက်ထည့်ပေးပါ။ ပြီးရင် သေချာခါလိုက်ပါ။

ရှားစောင်းလက်ပက်ဟာ အသားအရေကို စိုပြေစေပါတယ်။ အသားအရေ ခြောက်သွေ့တာကို သက်သာစေပြီး အသားအရေ ဓါတ်မတည့်တာမျိုး sensitive ဖြစ်တဲ့အသားအရေမျိုးကို သက်သာစေပါတယ်။


၂။ ပါဝင်ပစ္စည်း




Green Tea လက်ဖက်ထုပ် ၁ ထုပ်

ရေနွေးပူပူ ၁ ခွက်

ဗီတာမင် E အဆီ ၃ စက် ၄ စက်

ပြုလုပ်နည်း

ရေနွေးပူပူတစ်ခွက်ထဲမှာ Green Tea ထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပေးပါ။ပြီးရင် green tea ကိုထုတ်ပြီး အအေးခံထားလိုက်ပါ။အဲဒီနောက် Green Tea အရည်ထဲကို ဗီတာမင် E အဆီ ၃ စက် ၄ စက်ထည့်ပါ။ ပြီးရင်ေ သချာမွှေပေးပါ။ ပြီးရင် စပရေးဘူးထဲထည့်သေချာလှုပ်ခါပေးပြီးရင် သုံးနိုင်ပါပြီ။

အသားအရေကို ကြည်လင်စေပြီး ချွေးပေါက်ပိတ်တာကို သက်သာစေမှာပါ။


၃။ ပါဝင်ပစ္စည်း




ရှားစောင်းလက်ပက် စားပွဲတင်ဇွန်း ၁ ဇွန်း

နှင်းဆီရည် (Rose Water) ခွက်တစ်ဝက် (ပြုလုပ်နည်း – နှင်းဆီပွင့်ကိုချွေပြီး ရေသေချာဆေးပါ။ ပြီးရင် ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး အအေးခံလိုက်ပါ။ ပြီးရင် သုံးလို့ရပါပြီ)

ပြုလုပ်နည်း




စပရေးဘူးထဲကို ရှားစောင်းလက်ပက် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နှင်းဆီရည်ထည့်ပေးပြီး သေချာလှုပ်ခါပေးပါ။ ပြီးရင် မိတ်ကပ်လိမ်းပြီးတိုင်း ဖြန်းပေးလို့ရပါပြီ။


၄။ ပါဝင်ပစ္စည်း

Glycerine အရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ရေ ၁ ခွက်


ပြုလုပ်နည်း

စပရေးဘူးထဲကို ပါဝင်ပစ္စည်းနှစ်ခုလုံးရောထည့်ပြီး သေချာလှုပ်ခါပေးလိုက်ပါ။ ပြီးရင် အသုံးပြုပေးနိုင်ပါပြီ။

Featured Image Source: Wednesday Morning Coffee Blog


The post

မိတ်ကပ်ကြာရှည်ခံအောင် ဖြန်းရတဲ့စပရေးကို ကိုယ်တိုင်အိမ်မှာဖန်တီးမယ် appeared first on

MyStyle Myanmar .




Some text some message..