ဆံပင်ကို မတိုမရှည်ညှပ်ချင်တဲ့ ပျိုမေလေးတွေအကြိုက်တွေ့မယ့် Shaggy Bob ဆံပင်စတိုင်လ်
mystylemyanmar.com
|
2020-06-30

ဆံပင်ပုံစံတွေကလည်း ခေတ်အလိုက် ကြိုက်တဲ့ပုံစံတွေ ခေတ်စားတဲ့ပုံစံတွေကလည်းမတူညီ ပြောင်းလဲလာကြပါတယ်။ Shaggy Bob လို့ခေါ်တဲ့ အခုဖော်ပြမယ့် ဆံပင်ပုံစံက တိုလွန်းအောင်လည်းမညှပ်ချင်ဘူး အရှည်ကြီးနဲ့လည်းမနေချင်ဘူးဆိုတဲ့ ပျိုမေလေးတွေကြားမှာ ခေတ်စားလာမယ်လို့ စတိုင်လ်လစ်တွေက ဆိုကြပါတယ်။




အနုပညာရှင် Rosario Dawaon, Elle Macpherson, Diane Kruger တို့လို အကျော်အမော်တွေရဲ့ စတိုင်လ်လစ်ဖြစ်တဲ့ Brandon Martinez က ၂၀၁၇ မှာတုန်းက ဆံပင်တိုတို Short Pixie လေးတွေ ခေတ်စားခဲ့ပြီး နောက်ပိုင်းမှာတော့ Shaggy Bob ပုံလေးတွေ ခေတ်စားလာမယ်လို့ ဆိုပါတယ်။





ဆံပင်ဆိုးတဲ့ပုံကလည်း အရောင်တွေကို အခုလိုပုံစံမျိုး ခပ်ဆန်းဆန်းလေး အမည်းနဲ့ အညိုစပ်၊ အဝါစပ် စသဖြင့် အရောင်တစ်မျိုးတည်းမဟုတ်ဘဲ အရောင်စပ်ပြီး ဆိုးလာကြမယ်လို့ဆိုပါတယ်။

ဆံပင်ကို လှိုင်းထနေတဲ့ပုံလေးနဲ့ သင့်ကို စတိုင်လ်ကျ လန်းဆန်းနေစေမှာဖြစ်ပြီး မတူညီတဲ့ Shaggy Bob ဆံပင်စတိုင်လ်ကို မြင်တွေ့ရဦးမှာပါ။










စာဖတ်သူတို့လည်းလေ့လာလို့ရအောင် Shaggy Bob ဆံပင်စတိုင်လ်တချို့ကို မျှဝေလိုက်တယ်နော်။


The post

ဆံပင်ကို မတိုမရှည်ညှပ်ချင်တဲ့ ပျိုမေလေးတွေအကြိုက်တွေ့မယ့် Shaggy Bob ဆံပင်စတိုင်လ် appeared first on

MyStyle Myanmar .




Some text some message..