ချစ်သူနှစ်ဦးရဲ့ အချစ်သင်္ကေတ Love Bite ရာတွေ အမြန်ပျောက်သွားစေမယ့် နည်းလမ်း (၁၀)ခု
mystylemyanmar.com
|
2020-07-16

သင်က Marking အရာ/Hickey Love Bite အမြန်ပျောက်ဖို့ နည်းလမ်းတွေကို သိချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာကို Share သွားပါနော်။ Hickey တွေက တော်တော်နဲ့ မပျောက်တတ်ပါဘူး။ ဒီအရာတွေကို တခြားသူတွေ မြင်သွားရင် ရှက်စရာကောင်းပါတယ်။ အမြန်ပျောက်စေမယ့် နည်းလမ်းတွေကတော့-

၁။ ရေခဲ

Marking ပေးခံရပြီး သိပ်မကြာသေးခင်အချိန်မှာ ရေခဲကပ်သင့်ပါတယ်။ ရေခဲက သွေးပြန်ကြောတွေကို ခဲသွားစေပြီး Hickey ဖြစ်ဖို့ တာဆူနေတဲ့ သွေးတွေကို ကာကွယ်ပေးလိုက်ပါတယ်။ ရေခဲက Hickey ကိုကာကွယ်ဖို့ အမြန်ဆုံးနည်းပါပဲ။

၂။ နှိပ်နယ်ပေးပါ

Hickey ရတဲ့နေရာကို ငါးမိနစ်လောက် နှိပ်နယ်ပေးတာကလညး် သက်သာစေပါတယ်။ နှိပ်နယ်ပေးလိုက်တာက သွေးတွေကို ပြန့်ကားသွားစေပါတယ်။


၃။ ခေါင်းဖြီးနဲ့ ဖြစ်တဲ့နေရာကို ပွတ်ပေးပါ

ခေါင်းဖြီးရဲ့ အသွားတွေက နှိပ်နယ်ပေးတဲ့ ဖြစ်စဉ်နဲ့ အတူတူပါပဲ။ အရမ်းဖိမလုပ်မိပါစေနဲ့နော်။ ဖြစ်တဲ့နေရာကို ခေါင်းဖြီးနဲ့ ကုတ်ပေးပါ။

၄။ ဖိလှိမ့်ပေးပါ

အခေါင်းပေါက်ပြွန်ပုံစံ အရာဝတ္ထုတစ်ခုကို လိုအပ်ပါတယ်။ ဥပမာ နှုတ်ခမ်းနီတောင့်လို အတွင်းလှိုဏ်ခေါင်းပုံစံသွားတဲ့ ပစ္စည်းပါ။ သူ့ရဲ့ အဝနဲ့ ဖြစ်တဲ့နေရာကို ဖိပြီး လှိမ့်ပေးရပါမယ်။ ဒါက နာပေမယ့် Hickey ကို သက်သာစေပါတယ်။

၅။ Vitamin K

ဆေးဆိုင်တွေမှာ Vitamin K Cream ကို ဝယ်ရပါမယ်။ ဒီ Cream နဲ့ဖြစ်တဲ့နေရာကို လိမ်းပေးရပါမယ်။ ပျောက်တာနှေးပါတယ်။




၆။ အအေးခံထားတဲ့ဇွန်း

ဇွန်းတစ်ချောင်းကို ရေခဲသေတ္တာထဲ အေးအောင်ထားပေးပါ။ ပြီးနောက် ဖြစ်တဲ့နေရာပေါ် အအေးခံထားတဲ့ဇွန်းနဲ့ ဖိပေးပါ။ Hickey တစ်ခုလုံးကို ဖုံးနိုင်မယ့် ဇွန်းအရွယ်အစားကို သုံးရပါမယ်။

၇။ Concealer

Hickey ပေါ်မှာ ပေါင်ဒါအနည်းငယ်တင်ပေးပါ။ပြီးနောက် Concealer လိမ်းပေးပါ။ သေချာ Blend ဖြစ်အောင် လိမ်းပေးရပါမယ်။ ပြီးရင်တော့ ပေါင်ဒါထပ်ပုတ်ပေးပါ။ ဒီနည်းက ခဏတဖြုတ်အတွက်ပါပဲ။


၈။ သွားတိုက်ဆေး

သွားတိုက်ဆေးကလည်း လုပ်တာ စောရင် စောသလို ထိရောက်တဲ့ နည်းလမ်းပါပဲ။ သွားတိုက်ဆေးကို Hickey ပေါ်လိမ်းပေးပြီး မိနစ်အနည်းငယ် ထားပေးပါ။ ပြီးနောက် ရေနွေးစိမ်ထားတဲ့ အဝတ်နဲ့ သွားတိုက်ဆေးကို ဖယ်ပေးပါ။ ပထမတစ်ခါမှာ မသိသာရင် တစ်ရက်လောက် စောင့်ပြီးမှ ပြန်လုပ်ကြည့်ပါ။ သွားတိုက်ဆေးက အသားအရေကို ထိခိုက်နိုင်လို့ပါ။

၉။ သွားတိုက်တံ


သွားတိုက်တံ ဒါမှမဟုတ် ဘရပ်ရှ်နဲ့ ဖြစ်တဲ့နေရာကို ပွတ်ပေးတာကလည်း သက်သာစေပါတယ်။

၁၀။ ဗီတာမင်စီ

ဗီတာမင်စီ သောက်ပေးတာ ဒါမှမဟုတ် လိမ္မော်ဖျော်ရည်သောက်ပေးတာကလည်း Hickey သက်သာစေတဲ့နည်းလမ်းပါပဲ။ ဗီတာမင်စီက Collagen ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ Collagen က အရေပြားကို တင်းရင်းစေတာကြောင့် Hickey ကို သက်သာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


The post

ချစ်သူနှစ်ဦးရဲ့ အချစ်သင်္ကေတ Love Bite ရာတွေ အမြန်ပျောက်သွားစေမယ့် နည်းလမ်း (၁၀)ခု appeared first on

MyStyle Myanmar .




Some text some message..