တင်းတိပ်၊မှဲ့ခြောက်၊နေလောင်ကွက်တို့ကို ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းများ
myanmaplatform.com
|
2020-07-29



ပြစ်မျိုးမှဲ့မထင် မျက်နှာလေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ဒါပေမယ့်လည်း တင်းတိပ်၊မှဲ့ခြောက်နှင့် နေလောင်ကွက် စတာတွေဟာ ပျိုမေတို့ရဲ့ အလှတရားကို ဖျက်ဆီးနေသလိုဖြစ်နေတာကြောင့် အမြန်ဆုံးပျောက်ကင်းဖို့အတွက် ကုသစေချင်ပါတယ်။တင်းတိပ်မှဲ့ခြောက်နေလောင်ကွက်တွေကို ကုသပေးနိုင်တဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို ပြောပြပေးလိုက်ရပါတယ်။

နနွင်းနှင့်နွားနို့




တင်းတိပ်မှဲ့ခြောက်နေလောက်ကွက်စတာတွေကို အမြန်ဆုံးပျောက်ကင်းစေမယ့်အပြင် ကြည်လင်တဲ့ အသားအရေကို ပါ ပေးစွမ်းနိုင်မယ့် အိမ်တွင်းနည်းလမ်းတစ်မျိုးပါ။ကျိုချက်ပြီးနွားနို့ တစ်ခွက် ထဲ နနွင်းမှုန့် အနည်းငယ်ကို ထည့်ပြီး မွှေပါ။ နွားနို့ထဲမှာ နနွင်းမှုန့်ပျော်ဝင်သွားတဲ့အချိန်တော့မှာ နွားနို့နနွင်းရည်ကို တင်းတိပ်၊မှဲ့ခြောက်နှင့်နေလောင်ကွက်စတာတွေရှိတဲ့ နေရာအနှံ့ကို လိုက်လံပီး သုတ်လိမ်းပေးပါ။ ၁၅မိနစ်လောက်ခြောက်သွေ့အောင် ထားပေးပြီးရင်တော့ ရေအေးအေးနှင့်အတူ ဆေးချနိုင်ပါပြီ။တစ်ပတ်ကို သုံးကြိမ်လောက် ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။

အာလူးရည်




အာလူးတစ်လုံးကို သေချာသန့်ရှင်းသွားဖို့ ရေသေချာဆေးပြီး အခွံနွှာပေးပါ။ပြီးရင်တော့ ကြိတ်စက်ထဲထည့်ပြီး အာလူးရည်ရလာတဲ့အထိ ကြိတ်ချေရမှာပါ။အဲ့ဒီ့အရည်ကိုမှ တင်းတိပ်မှဲ့ခြောက် နေလောင်ကွက်ရှိတဲ့ နေရာတွေကို ဂွမ်းစလေးနှင့်ယူပြီး တို့တို့ပြီး လိမ်းပေးရပါမယ်။ အာလူးရဲ့ အစွမ်းသတ္တိကြောင့် အမဲစက်တွေအကုန် ပျောက်ကင်းသွားပြီး အသားအရေပါ ဖြူဝင်းလာအုံးမှာပါ။

ခရမ်းချဉ်သီးနှင့်သကြား




ဗီတာမင်စီ ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ခရမ်းချဉ်သီးဟာ အသားအရေကို ဖြူဝင်းတောက်ပစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ခရမ်းချဉ်သီးကို ထက်ခြမ်းလှီးပြီး အစေ့တွေကို ဖယ်ထုတ်ပေးရပါမယ်။ပြီးရင်တော့ သကြားမှုန့် အနည်းငယ်ဖြူးပေးပြီ မျက်နှာကို စက်ဝိုင်းပုံစံ ညင်ညင်သာသာလေး လိုက်ပွတ်ပေးလိုက်ပါ။ ၅မိနစ်လောက် ပွတ်ပေးပြီးရင်တော့ ရေအေးအေးလေးနှင့်ဆေးကြောပေးပြီး အစိုဓာတ်ဖြည့်ခရမ်ကို လိမ်းပေးလိုက်ပါ။ ပူအိုက်တဲ့ရာသီမျိုးတွေမှာ ဒီနည်းလမ်းလေးကို လုပ်ပေးခြင်းဖြင့် မျက်နှာလေးကို နူးညံ့ပြီးအေးမြစေပါတယ်။

ဒိန်ချဉ်




ဒိန်ချဉ်ကို မျက်နှာချောမွေ့နူးညံ့စေဖို့ ပေါင်းတင်တဲ့နေရာမှာ အသုံးများပါတယ်။ ဒါ့အပြင်ကိုမှ အခုလို တင်းတိပ်မှဲ့ခြောက်နှင့် နေလောင်ကွက်စတာတွေကို ပျောက်ကင်းစေဖို့အတွက်လည်းဒိန်ချဉ်ကိုအသုံးပြုနိုင်ပါတယ်။ ဒီနည်းလေးကတော့ ဒိန်ချဉ်ကို အမဲစက်တွေရှိတဲ့နေရာတွေမှာပွတ်လိမ်းပေးရုံးပါပဲ။ မိနစ် ၂၀လောက်ပေါင်းတင်ပေးပြီတာနှင့် ရေအေးအေးလေးနှင့်မျက်နှာပြန်သစ်နိုင်ပါပြီ




Some text some message..