အသားခြောက်တဲ့သူတွေ တစ်ပတ်တစ်ခါလုပ်ပေးသင့်တဲ့ Honey Face Mask
mystylemyanmar.com
|
2020-09-10

အသားခြောက်တဲ့ Dry Skin သမားတွေက မျက်နှာလေး ရေဓာတ်ပြည့်နေဖို့၊ အသားအရေစိုပြည်နေဖို့ သူများထက် ပိုပြီး ဂရုစိုက်ရပါမယ်။ Skincare နဲ့လည်း အမျိုးမျိုးထိန်းသိမ်းလို့ရသလို၊ သဘာဝနည်းလမ်းလေးတွေနဲ့ ပေါင်းတင်တာမျိုး လုပ်ပေးလို့ရပါတယ်။ ဒီတစ်ခါမှာတော့ သဘာဝနည်းလမ်းလေးတွေ လုပ်ရတာကြိုက်သူများအတွက် အသားခြောက်တဲ့သူတွေ တစ်ပတ်တစ်ခါလုပ်ပေးသင့်တဲ့ Honey Face Mask လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။




ပျားရည်နဲ့ ရှားစောင်းလက်ပတ်ကို သုံးပြီးတော့ လုပ်ရမယ့် Face Mask မျက်နှာပေါင်းတင်နည်းပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင် ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့ မျက်နှာအသားအရေလေး စိုပြည်ပြီး ရေဓာတ်ပြည့်လာတဲ့အတွက် အသားကြည်လာမယ်။ အသားလေးချောပြီး အိလာပါမယ်။

လုပ်ရမယ့်နည်းလမ်းကတော့ ပျားရည်စစ်စစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ လက်ဆတ်တဲ့ ရှားစောင်းလက်ပတ်ဂျယ်လ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ကျေညက်ပြီး သမသွားအောင် မွှေပေးပါ။




မွှေပြီးရင် မျက်နှာတစ်ပြင်လုံး မျက်လုံးဧရိယာကိုပဲချန်ပြီး လိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ ထားလိုက်ပါ။ အချိန်ပြည့်မှ ရေအေးနဲ့ပဲ မျက်နှာသစ်လိုက်။ မျက်နှာသစ်ပြီးရင် Toner, Moisturizer, Serum စတာတွေကို လိမ်းပေးဖို့ မမေ့ပါနဲ့။




Source:www.stylecraze.com


The post

အသားခြောက်တဲ့သူတွေ တစ်ပတ်တစ်ခါလုပ်ပေးသင့်တဲ့ Honey Face Mask appeared first on

MyStyle Myanmar .




Some text some message..