ဒူးမဲ၊ ချိုင်းမဲ၊ ပေါင်မဲ တွေကို ဖြူဝင်းစေမယ့် အလွယ်ဆုံး ဖြူဝင်းစေမယ့် နည်း(၄)မျိုး
auntymay.com
|
2020-09-10

ဂျိုင်းမဲ၊ဒူးမဲ၊ပေါင် အတွင်းပိုင်း တွေ မဲ လို့ စိတ်ညစ် နေရသူတွေ အတွက် ငွေကုန် ကြေးကျ လည်း မများပဲ အလွယ် ဆုံး ချေးချွတ် ပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။မီးဖိုချောင် မှာ အလွယ်တကူ ရနိုင် တဲ့ အရာ လေးတွေ မို့ အရမ်းလည်း အပန်း မကြီး ပါဘူး။

အာလူး

Image:freepik.com/whatwolf

အာလူးက အ ရေပြားပေါ်က အသားအရေ မညီမျှတာတွေ၊အစက် အ ပျောက် တွေ ကို ပျောက် ကင်း စေနိုင်တဲ့ အစွမ်းရှိပါတယ်။အာ လူးတွေကို လှီးပြီး မဲ နေတဲ့ နေရာ ပေါ်ကို ၁၀ မိနစ် ၁၅ မိနစ် လောက် အုပ် ထားပေးလိုက်ရုံပါပဲ။

ရှားစောင်းလက်ပတ်

Image:freepik.com

အသားအ ရေ အတွက် က တော့ ရှားစောင်းလက်ပတ် က နတ်ဆေး ပင်လို့ တောင် ပြောလို့ရပါတယ်။အ ရေပြား ပေါ်မှာ ဖြစ်တဲ့ ပြဿနာ တော်တော် များများကို ဖြေရှင်းပေးနိုင်ပါ တယ်။ ရှာ စောင်းလက်ပတ် အနှစ်ကို လိမ်းပေးရမှာပါ။ပုံမှန် ပြုလုပ်ပေးပါ။

အုန်းဆီ + သံပုရာရည်

Image:freepik.com/lev-studio-x

အုန်းဆီ နဲ့ သံပုရာရည်ကို အသုံးပြုရမှာပါ။သံပုရာ မှာတော့ ဗီတာမင်စီ ပေါ ကြွယ်၀ စွာ ပါဝင် ပြီး ချေးချွတ် တဲ့ နေရာ မှာ သုံးလို့ ရပါတယ်။ပျက်စီးနေတဲ့ ဆဲလ် တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။ အုန်းဆီ နဲ့ သံပုရာ ရည်ကို ရောပြီး မဲ နေတဲ့ နေရာကို လိမ်းပေးပါ။(၁၀)မိနစ် (၁၅)မိနစ် လောက် ထား ပေးပါ။ ပြီးရင်တော့ ရေနဲ့ ပြန် ဆေးချ လိုက်ပါ။

Baking soda

Image:freepik.com/doucefleur

Baking soda က တော့ ပစ္စည်းတွေကိုပဲ ချေးချွတ် မလား၊ခန္ဓာကိုယ် ပေါ်က ချေး တွေကိုပဲ ချွတ် မလား ဘက် စုံ သုံးလို့ရပါတယ်။ Baking soda နဲ့ ရေကို ပျစ်ပျစ်လေး ဖြစ်အောင် ရောပါ။ပြီးရင်တော့ (၁၀)မိနစ် (၁၅)မိနစ် လောက် လိမ်းထားပေးလိုက်ပါ။ပြီးရင်တော့ ရေနဲ့ ဆေးချ လိုက်ရုံပါပဲ။

#AUNTYMAY



Some text some message..