
သင့်ဆံပင် ကျနေကြ နေရာတစ်လျှောက် ဥပမာ နဖူးတို့ ဂုတ်နေရာတို့မှာ ဝက်ခြံများဖြစ်တတ်တာကို သတိပြုမိပါသလား။ အဲ့လိုအဖုလေးတွေ ဖြစ်ပေါ်ခြင်းက ဆံပင်အတွက် အသုံးပြုတဲ့ ပစ္စည်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းဆေး၊ ဆံပင်ကို ပုံစံချတဲ့ ပစ္စည်းတွေကြောင့် ဆားဝက်ခြံအဖြူများနှင့် တခြား ဝက်ခြံများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
တကယ်လို့ သင့်မှာ ဝက်ခြံမထွက်ဖူးဘူးဆိုရင်တောင် တစ်ချို့သော ဆံပင် ပစ္စည်းများကြောင့် ဝက်ခြံများထွက်ပေါ်လာနိုင်ပါတယ်။
ဘာ့ကြောင့် Hair care product တွေက ဝက်ခြံထွက်စေတာလဲ?
Hair care product တွေမှာ အဆီတွေပါပါတယ်။ ထိုအဆီတွေက အသားအရည်ပေါ်ကို ရောက်သွားတတ်ပါတယ်။ အဲ့ဒီ့အဆီတွေကနေ မျက်နှာမှာရှိတဲ့ အပေါက်လေးတွေဆီကို ဝင်သွားပြီး အပေါက်လေးတွေကို ပိတ်ဆို့နိုင်ပါတယ်။ ထိုသို့ ပိတ်ဆို့သွားမှုကြောင့် ဝက်ခြံများကို ဖြစ်ပေါ်စေနိုင်ပါတယ်။အဲ့လိုမျိုး ဆံပင်ထိန်းသိမ်းရေး ပစ္စည်းတွေကြောင့် ဆံပင်ကျရာလမ်းကြောင်းတစ်လျှောက်ဖြစ်တဲ့ နှာဖူးနှင့် ဂုတ်နေရာတွေမှာ ဝက်ခြံများ ဖြစ်ပေါ်နိုင်ပါတယ်။
Hair care product များဖြစ်တဲ့ ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းဆေး၊ hair gel၊ waxes၊ အနှစ်တွေနဲ့ spray တွေမှာ အဆီတွေပါဝင်ပါတယ်။ သင်ကိုယ်တိုင်က အသုံးမပြုခင်မှာ သေချာလေး စဉ်းစားသင့်ပါတယ်။
တကယ်လို့ သင်ရွေးချယ်နေတဲ့ ပစ္စည်းမှာ ဒီလိုစကားလုံးများ မတွေ့တာနဲ့ မသုံးသင့်ပါဘူး။Won’t clog pores
Oil free
Non-acnegenic
ဒီလို စကားလုံးမျိုးကို ရှာဖွေပြီးမှ အသုံးပြုသင့်ပါတယ်။
ဝက်ခြံများ မဖြစ်ပေါ်စေဖို့အတွက် Hair care product တွေကိုပဲ ဂရုစိုက်နေလို့ မရပါဘူး။
ခေါင်းဦးစွပ်များ
ဦးထုပ်များ
ခေါင်းစွပ်များ
ဘီးကုတ်များ
မျက်နှာအရှေ့မှာ ကာတဲ့ ပစ္စည်းများ၊
မျက်နှာသုတ်ပုဝါများကို မကြာခဏ လဲခြင်း၊ ဂရုစိုက်ခြင်းများလည်း ပြုလုပ်ပေးသင့်ပါတယ်။
ဝက်ခြံတွေမထွက်ဖို့အတွက် အစားအသောက်လည်း ဂရုစိုက်ပေးဖို့ကလည်း အရေးကြီးတာကြောင့် အစစအရာရာကို သတိထားခြင်းဖြင့် ဝက်ခြံကင်းစင် ပြုံးပျော်ရွှင်ကြစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
The post
Haircare product တွေက Breakout ဖြစ်စေတတ်လား
first appeared on
yathar Magazine
.