အရပ်ပုတဲ့မိန်းကလေးတွေအနေနဲ့ မဝတ်သင့်တဲ့ဖက်ရှင်ပုံစံများ
mystylemyanmar.com
|
2020-09-13

အရပ်ပုတဲ့သူတွေနဲ့ လိုက်ဖက်တဲ့ဖက်ရှင်တွေလည်း ရှိသလို၊ မလိုက်ဖက်တဲ့ဖက်ရှင်တွေလည်း ရှိပါတယ်။ ကိုယ်နဲ့မလိုက်ဖက်တဲ့ဖက်ရှင်တွေကို ရွေးချယ်မိရင် အရပ်ပိုပုသွားသလိုဖြစ်စေပြီး ကြည့်ရလည်းဆိုးစေပါတယ်။ ဒါကြောင့် အရပ်ပုတဲ့မိန်းကလေးတွေအနေနဲ့ မဝတ်သင့်တဲ့ဖက်ရှင်ပုံစံတွေကို ပြောပြပေးလိုက်ပါတယ်။

Middle Skirt




ခြေသလုံးတစ်ဝက်ရောက်တဲ့ Middle Skirt တွေကလည်း အရပ်ပုတဲ့သူတွေနဲ့ မလိုက်ဖက်ပါဘူး။ အရပ်ပုတဲ့သူတွေက ခြေထောက်တိုတဲ့အတွက် ဒီလိုစကပ်မျိုးနဲ့မလိုက်ပါဘူး။ သူက ခြေတံကိုပိုတိုသွားသလိုဖြစ်စေပါတယ်။ ဒါကြောင့် ဝတ်မယ်ဆိုရင် စကပ်တိုလေးတွေကိုပဲ ဝတ်ဆင်ပါ။

ဂါဝန်ရှည်




ဂါဝန်ရှည်တွေက အရပ်ပိုပုသလိုဖြစ်စေလို့ အရမ်ပုတဲ့သူတွေ မဝတ်သင့်ပါဘူး။ ဒေါက်ဖိနပ်စီးပြီး ဝတ်မယ်ဆိုရင်လည်း လမ်းလျှောက်ရတာ အဆင်မပြေဖြစ်စေပါတယ်။ ဒါကြောင့် အရပ်ပုတယ်ဆိုရင် ဂါဝန်ရှည်တွေကိုရွေးချယ်မယ့်အစား ဂါဝန်အတိုလေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်။

ဘောင်းဘီရှည်




အရပ်ပုတဲ့သူတွေဟာ ဘောင်းဘီရှည်ဝတ်ရင် အရပ်ပိုပုသွားစေတာမျိုး မဟုတ်ပေမယ့်လည်း သိပ်မလိုက်ဖက်ပါဘူး။ ဒါကြောင့် အရပ်ပုတဲ့သူတွေအနေနဲ့ ဘောင်းဘီရှည်ဝတ်မယ်ဆိုရင်တောင် ခြေမျက်စိအထက်နားကိုရောက်တဲ့ အောက်ရှူးဘောင်းဘီရှည်လေးတွေကိုဝတ်ပြီး ဒေါက်ဖိနပ်လေးတွေ စီးလိုက်မယ်ဆိုရင်တော့ အရပ်လည်း နည်းနည်းရှည်သွားသလို ဖြစ်စေပါတယ်။

ကန့်လန့်စင်းအဝတ်အစား




အရပ်ပုတဲ့သူတွေအနေနဲ့ ကန့်လန့်စင်းအဝတ်အစားတွေကို လုံးဝမဝတ်သင့်ပါဘူး။ ကန့်လန့်စင်းအဝတ်အစားတွေက အရပ်ပိုပုသလိုဖြစ်သွားစေပါတယ်။ အရပ်ပုတဲ့သူတွေအနေနဲ့ ဒေါင်လိုက်စင်းအဝတ်အစားတွေကိုပဲ ဝတ်ဆင်သင့်ပါတယ်။

Photo Source: www.pinterest.com


The post

အရပ်ပုတဲ့မိန်းကလေးတွေအနေနဲ့ မဝတ်သင့်တဲ့ဖက်ရှင်ပုံစံများ appeared first on

MyStyle Myanmar .




Some text some message..