အသားရေနက်မှောင်တဲ့သူများရဲ့အားသာချက်များ
myanmaplatform.com
|
2020-10-23



တချို့တွေက အသားမဲတာကို အားနည်းချက်တစ်ခုလို့ထင်ကြပါတယ်။အသားမဲတာကအသားဖြူတဲ့သူတွေထက် အများကြီး အကျိုးကျေးဇူးတွေရနိုင်တာပါ။အကောင်းအဆိုးက အမြဲတမ်း တပူးပူးတတွဲတွဲရှိနေတာမလို့ ကိုယ်မကောင်းဘူးထင်ထားတဲ့ အသားမဲတာက ဘယ်လိုမျိုးကောင်းတာတွေရှိနေလဲဆိုတာ ဖော်ပြပေးပါမယ်။

တကယ်တော့ အသားအရောင်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူညီကြပါဘူး။ရေမြေနဲ့လည်းဆိုင်ကြသလို လူမျိုးနဲ့လည်းဆိုင်ကြပါတယ်။အာရှဘက်က အသားအရေဆိုရင် မျိုးစုံရှိကြပါတယ်။အသားညိုပြာညက်လေးတွေ အသားဝါဝါလေးတွေ အသားရောင် ရင့်ရင့်လေးတွေအမျိုးမျိုးရှိကြတာပါ။အာရှဘက်ကလူတွေကတော့ အသားဖြူတာကို ပိုပြီးသဘောကျကြပါတယ်။ဒါပေမယ့် အသားဖြူတွေသူတွေက အသားညိုပြာညက်ပြီး အသားမဲတဲ့သူတွေထက်ပိုပြီး အရေပြားပြဿနာတွေကို ခံစားရပါတယ်။




အသားအရောင်တွေအခုလို ကွဲပြားနေရတာက ခန္ဓာကိုယ်မှာရှိတဲ့ မယ်လ်လာနင် ပမာဏမတူကြလို့ပါ။အသားမဲတဲ့သူတွေရဲ့ အရေပြားမှာ မယ်လ်လာနင်ဓာတ်ပိုမိုကြွယ်ဝတာမလို့ နေရောင်ဓာတ်ကို ပိုပြီးကာကွယ်နိုင်ပါတယ်။နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် (UV) ကနေ ပိုမိုကာကွယ်နိုင်တာမလို့ နေပူထဲမှာဆိုရင် မသားမဲတဲ့သူတွေက တကယ်ကိုနေနိုင်တာပါ။အရေပြားအောက်မှာရှိတဲ့ ကိုယ်တွင်းက ဖောလိတ်ဓာတ်နဲ့ DNA ပျက်စီးမှူတွေကိုလည်း ပိုမိုကာကွယ်နိုင်ပါသေးတယ်။အသားဖြူတဲ့သူတွေ နေရောင်မခံနိုင်ဖြစ်နေတဲ့အချိန်မှာ အသားမဲတဲ့သူတွေကတော့ အေးဆေးပါပဲ။




နောက်တစ်ခုက အသားမဲတဲ့လူတွေက နေလောင်ဒါဏ်တွေ နဲ့ အရေပြားပေါ်မှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။နေရောင်ကြောင့်အသားရေပျက်စီးတာတွေ ဝက်ခြံထွက်တာတွေကို ပိုပြီးကာကွယ်နိုင်တာမလို့ တော်ရုံနေရောင်လောက်ကို မမှုပါဘူး။ဒါပေမယ့် ဘယ်လောက်ပဲကာကွယ်ပေးနိုင် UV များတဲ့ နေရောင်ကိုတော့ အကာအကွယ်ပစ္စည်းတွေမပါပဲ တိုက်ရိုက်မခံသင့်ပါဘူး။




အသားမဲတဲ့သူတွေရဲ့ အားနည်းချက်လေးက နေရောင်မခံရတဲ့အခါမှာ နေရောင်ကနေရရှိတဲ့ ဗီတာမင်D ချို့တဲ့တာပါ။ဒါပေမယ့် မြန်မာနိုင်ငံ အတိုင်းအတာနဲ့ဆိုရင် နေရောင်က အမြဲရနေတာမလို့ စိုးရိမ်စရာတော့မရှိပါဘူး။နေတွေအရမ်းပူတဲ့ နွေရာသီမှာ အသားဖြူတဲ့သူတွေ အရေပြားပြဿနာတွေခံစားနေရတဲ့အချိန် အသားညိုပြာညက်ပြီး အသားမဲတဲ့သူတွေက ဆရာကြီးတွေပါပဲ။

အဲ့ဒါမလို့ အသားမဲလို့ စိတ်ညစ်မနေပါနဲ့။အသားမဲလို့ဆိုပြီး ဝိုင်းစကြလည်း ကိုယ့်ရဲ့ အားသာချက်ကိုသိထားမယ်ဆိုရင် အသားမဲတာက အားနည်းချက်မဟုတ်ပဲ အရောင်ကွဲပြားမှုတစ်ခုလေးပဲဆိုတာကို နားလည်လာမှာပါ။နေရောင်ခံနိုင်တယ်ဆိုပြီး နေရောင်ကို တိုက်ရိုက်ခံနေတာကိုတော့မလုပ်သင့်ပါဘူး။ရေစိုခံ ရေစိတ်ခံ ပစ္စည်းတွေတောင်မှ အမြဲရေထဲစိမ်ထားဖို့ မဟုတ်တာကို သိထားတယ်ဆိုရင် ကိုယ့်ရဲ့ အရေပြားကို ဂရုစိုက်တတ်လာမှာပါ။




Some text some message..