ခြေသည်းပုံဖော်ရတာဝါသနာပါတဲ့သူတွေအတွက် လှပတဲ့ခြေသည်းဒီဇိုင်းများ
mystylemyanmar.com
|
2020-10-28

တချို့မိန်းကလေးတွေက ခြေသည်း၊ လက်သည်းပုံဖော်ရတာ ဝါသနာအရမ်းပါကြတယ်။ တချို့ကျတော့လည်း ခြေသည်းပဲပုံဖော်ရတာ အမျိုးမျိုး ဆိုးရတာကို ကြိုက်ကြတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ခြေသည်းပုံဖော်ရတာ ဝါသနာပါတဲ့သူများအတွက် လှပတဲ့ခြေသည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းပွင့်ပုံလေးလည်းဖော်ချင်တယ် လူကြီးဆန်တာမျိုးလည်းမဖြစ်ချင်ဘူးဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။




အရောင်နုနုလေးဆိုးပြီး ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးပုံဖော်ချင်ရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကိုရွေးပါ။




ခြေမတစ်ချောင်းထဲပုံဖော်ပြီး ကျန်တာကို ရိုးရိုးဗြောင်ပဲဆိုးမယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းမျိုးကို ပုံဖော်ပါ။ ဘယ်တော့မှရိုးမသွားမယ့်ဒီဇိုင်းလေးပါ။




လူငယ်ကောင်မလေးတွေအတွက် အနီရဲရဲလေးဆိုးပြီး တစ်ချောင်းထဲကို ဖရဲသီးပုံလေးပုံဖော်ထားတာ အရမ်းချစ်စရာကောင်းတယ်နော်။




Black & White ပုံဖော်ချင်သူများအတွက် ဒီခြေသည်းဒီဇိုင်းလေးက မိုက်ပါတယ်။




လူကြီးလူငယ်မရွေးပုံဖော်လို့ရမယ့် ဒီဇိုင်းလေးပါ။ ဒီလိုခြေသည်းဒီဇိုင်းလေးဆိုရင် ပွဲအခမ်းအနားတွေနဲ့လည်း အရမ်းလိုက်ပြီး လှပါတယ်။




Butter Cake အကွက်လေးပုံဖော်ထားတာမို့ ဆန်းလည်းဆန်းပြီး ချစ်စရာလည်းကောင်းတယ်နော်။




အကွက်လေးတွေ ပုံဖော်တာမျိုး နည်းနည်းရှားတယ်ဆိုတော့ ခြေသည်းကို အကွက်ဒီဇိုင်းလေးဖော်ချင်ရင် ဒီလိုရှင်းရှင်းလေးတွေကို ရွေးချယ်ပါ။




လူငယ်လေးတွေအတွက် ရိုးရိုးရှင်းရှင်းလေးနဲ့ အရောင်နုတဲ့ ခြေသည်းဒီဇိုင်းလေးပါ။




ဒီအရောင်လေးက လူကြိုက်များတဲ့အရောင်လေးမို့ ထည့်ဖြစ်အောင်ထည့်ပေးထားတယ်နော်။ ပုံဖော်ထားတဲ့ဒီဇိုင်းလေးကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးပါ။




Photo Source: www.pinterest.com




Some text some message..