ပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံချောမွတ်တဲ့ Makeup Look ကိုရဖို့ ဘယ်လိုလိမ်းမလဲ
mystylemyanmar.com
|
2020-11-10

အားလုံးပဲမင်္ဂလာပါ။ Foundation, Concealer, Primer စတဲ့ မိတ်ကပ်လိမ်း Product တွေက သင့်မျက်နှာ အနာအဆာ မမြင်ရအောင် ဖုံးပေးပြီး ပိုလှအောင် ကူညီပေးတဲ့ အရာတွေပါ။ ဒါပေမဲ့ လိမ်းလိုက်တဲ့အချိန်မှ ပိုဆိုးသွားတာတွေဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ပြီးပြည့်စုံတဲ့ Makeup Look ရဖို့ မှန်ကန်တဲ့လိမ်းနည်းကို ကြည့်လိုက်ရအောင်နော်-

၁။ Moisturizer, Sunscreen, Primer စလိမ်းပေးပါ




သင့်မျက်နှာအတွက် ပထမဆုံးအဆင့်ကတော့ မျက်နှာသစ်ပေးရမှာပါ။ မျက်နှာဆေးပြီးနောက် Moisturizer စလိမ်းရပါမယ်။ ပြီးနောက် Sunscreen လိမ်းပေးရပါမယ်။ ၁၀ မိနစ်လောက် Product တွေအသားထဲ စိမ့်ဝင်အောင် စောင့်ပေးရပါမယ်။ ပြီးမှ Primer လိမ်းရပါမယ်။

၂။ Foundation, BB or CC Cream လိမ်းပေးပါ




သင့်မျက်နှာကို ဒုတိယအဆင့်အနေနဲ့ Foundation လိမ်းပေးရပါမယ်။ Liquid အဆင့်ပြီးမှ ပေါင်ဒါမှုန့်အဆင့်ကို သွားပေးရပါမယ်။

၃။ Concealer လိမ်းပေးပါ




သင့်မျက်နှာပေါ်က အမည်းစက်တွေ၊ ညိုနေတဲ့နေရာတွေကို ဖုံးဖို့ Concealer လိမ်းပေးရပါမယ်။ သင့်အသားအရောင်ထက် တစ်ဆင့်ပိုလင်းတဲ့ Concealer ကိုသုံးသင့်ပါတယ်။

၄။ Blush နဲ့ Highlighter လိမ်းပေးပါ




သင့်ပါးမို့ပေါ်မှာ Blush တင်ရမယ့် အချိန်ရောက်ပါပြီ။ သေချာ Blend လုပ်ပေးသင့်ပါတယ်။ ပြီးနောက် Highlighter ကို သင့် ပါးရိုးနား၊ မျက်ခုံးဘက်နဲ့ နှာခေါင်းပေါ်၊ မေးစေ့ပေါ်မှာ အနည်းငယ်လိုက်တင်ပေးရပါမယ်။

၅။ Eye Shadow Primer နဲ့ Eye Shadow




Eyeshadow ခြယ်တဲ့အပိုင်းက လှည့်ကွက်အများဆုံး အဆင့်ပါပဲ။ Eyeshadow ကို ပိုကြာရှည်ခံဖို့ Primer လိမ်းပေးသင့်ပါတယ်။ အရောင်ဖျော့ဖျော့လေး အရင်လိမ်းပေးသင့်ပါတယ်။ ပြီးမှ မှောင်တဲ့ဘက်သွားတဲ့အရောင်တင်ပေးရပါမယ်။ အလင်းဆုံး Highlight Shadow ကိုတော့ နောက်ဆုံးမှ တင်ပေးရပါမယ်။

၆။ Eyeliner




Eyeliner မှာမှ ပုံစံအမျိုးမျိုးရှိပါတယ်။ Eyeliner ကို Eyeshadow ပေါ်မှာတင်ပေးရပါမယ်။ မျက်လုံးအောက်မှာခြယ်တဲ့ Trend ကတော့ ကြာခဲ့ပြီမို့ မခြယ်လည်း ရပါတယ်။ အပေါ် မျက်လုံးမှာပဲ အနီးကပ်ဆုံး လိုင်းပုံစံ ဆွဲသင့်ပါတယ်။

၇။ Mascara




အရင်ဆုံး မျက်တောင်ကော့တံနဲ့ အရင်ကော့ပေးရပါမယ်။ ပြီးမှ မျက်တောင်ကော့ဆေးနဲ့ ဆိုးပေးပါ။

၈။ နှုတ်ခမ်းနီ




မိတ်ကပ်လိမ်းတာရဲ့ ပျော်စရာအကောင်းဆုံးအပိုင်းကတော့နှုတ်ခမ်းနီဆိုးတာပါ။ နှုတ်ခမ်းမှာ အရင်ပုံဖော်ပြီးမှ ဆိုးနိုင်ပါတယ်။ ဒါမှမဟုတ် ကိုးရီးယားက ကောင်မလေးတွေဆိုးတဲ့ တစ်ဝက်တစ်ပြတ်ပုံစံမျိုးလည်း ဆိုးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..