
အားလုံးပဲမင်္ဂလာပါ။ သင်က ရင်သားတွဲကျနေတာဖြစ်ဖြစ် ဒါမှမဟုတ် ရင်သားကို တင်းရင်းပြီး ပြည့်စေချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို Gym သွားစရာမလိုဘဲ ပြုလုပ်ပေးနိုင်ပါတယ်။ အောက်က လေ့ကျင့်ခန်းတိုင်းကို ၁၀ ခါ သုံးကြိမ်လုပ်ပေးရပါမယ်။ ကြားထဲ စက္ကန့် ၃၀ နားနိုင်ပါတယ်။
၁။ Elbow Touches
Photo Source: Diary of a Fit Mommy
လက်နှစ်ဖက်ကို ခေါင်းနောက်မှာ ကွေးထားရပါမယ်။
ဒီကွေးလျက်အနေအထားနဲ့ ရှေ့ကို တံတောင်နှစ်ခုထိတဲ့အထိ ရွေ့ပေးရပါမယ်။
၂။ Plank Walk
Photo Source: Transform Fitspo
လက်ကို အားပြုပြီး Plank ထောက်တဲ့ပုံစံ နေပေးရပါမယ်။
ဒီအနေအထားနဲ့ပဲ လက်ကို ရှေ့တိုးပေးရပါမယ်။
ပြီးနောက် နဂိုအနေအထားပြန်သွားရပါမယ်။
၃။ Shoulder Taps
Photo Source: Betches
Plank ထောက်တဲ့ပုံစံပဲ နေပေးရပါမယ်။
ပြီးနောက် ညာလက်တစ်ဘက်ကို အားပြုပြီး ဘယ်ဘက်လက်ကို ညာဘက် ပခုံးဆီ ထိပေးရပါမယ်။
ဘယ်ညာတစ်လှည့်စီလုပ်ပေးရပါမယ်။
၄။ Sky Reaches
Photo Source: Diary of a Fit Mommy
Shoulder Tap ပုံစံ တစ်ဘက်ကို အားပြုပြီး ကျန်တစ်ဘက်ကို ပခုံးဘက်ကိုင်ထားရပါမယ်။
ပြီးနောက် ပခုံးထိထားတဲ့လက်ကိုအပေါ် မြှောက်ပေးရပါမယ်။
၅။ Push Up
Photo Source: Giphy
၁၀ ခါ သုံးကြိမ် ဒိုက်ထိုးပေးရပါမယ်။
၆။ Dips
Photo Source: Pinterest
လက်ကို ပုံထဲက အတိုင်း ကွေးထားရပါမယ်။
ပြီးနောက် လက်မောင်းကို အားပြုပြီး ကွေးပေးရပါမယ်။
By MyStyle Myanmar