သဘာဝအတိုင်းဆံပင်အမြန်ပြန်ပေါက်လာစေမယ့်နည်းလမ်းတချို့
mystylemyanmar.com
|
2020-12-06

ဆံပင်တွေကျွတ်ပြီး တော်ရုံနဲ့ပြန်မပေါက်လို့ ဆံပင်တွေပါးလာပြီး၊ ထပ်ပြောင်တာ၊ ကွက်တာမျိုးတွေဖြစ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် သဘာဝအတိုင်း ဆံပင်အမြန်ပြန်ပေါက်လာစေမယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်သန်စေတဲ့ အစားအသောက်တွေကို များများစားပေးပါ။ ဥပမာ – ကင်မ်ချီ၊ ကြက်ဥ၊ ဟင်းနုနွယ်၊ ဆောလမွန်ငါး၊ အဆီဓာတ်ပါတဲ့ငါး၊ ထောပတ်သီး၊ အသား စတာတွေက ဆံပင်သန်စွမ်းစေတဲ့ အစားအသောက်တွေပါ။




ဦးရေပြားကို ဆီထည့်ပေးပါ။ Rosemary oil, Geranium oil, Aloe vera gel စတာတွေက ဆံပင်အမြန်ပေါက်စေဖို့ အထောက်အကူပြုတဲ့ အဆီတွေပါ။




ကြက်သွန်နီအရည်ကို ဦးရေပြားမှာ လိမ်းပေးတာကလည်း ဆံပင်မြန်မြန်ပြန်ပေါက်စေပြီး ဆံပင်သန်စေပါတယ်။




ဂျင်းအရည်ကို Jojoba Oil, သံလွင်ဆီ၊ အုန်းဆီတို့နဲ့ ရောပြီး ဦးရေပြားမှာ လိမ်းပေးခြင်းကလည်း ဆံပင်မြန်မြန်ပြန်ပေါက်စေပါတယ်။ ဆံပင်လည်းပိုသန်စေပါတယ်။




Source:www.brightside.me




Some text some message..