လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဒီလိုဖျောက်ရအောင်
hellosayarwon.com
|
2018-12-23

တဲ့အခါ၊

တဲ့အခါ၊ တစ်ခုခုတွေးနေတဲ့အခါမျိုးမှာ လူတွေက

လုပ်မိနေတဲ့အပြုအမူလေးတွေရှိနေတတ်ပါတယ်။ ဒါကကိုယ်ပိုင်အမှတသညာတစ်ခုပေါ့။ စာဖတ်ပရိသတ်ကြီးရော ဘာလုပ်တတ်တာလဲ။ ခေါင်းကုတ်နေတတ်တာလား။ မျက်နှာကို ပွတ်မိနေတတ်တာလား။



လှုပ်နေတတ်တာလား။ ဒါမှမဟုတ်

တာလား။ ကျန်တာတွေက ပြဿနာမရှိပေမယ့် သင်က လက်သည်းကိုက်တတ်တဲ့သူဆိုရင်တော့ ဒီအကျင့်က ပြင်မှဖြစ်မှာပါ။ ကလေးမို့လက်သည်းကိုက်တာက မေမေဖေဖေတွေမှာ တာဝန်ရှိတာဆိုပေမယ့်အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပြီ လက်သည်းကိုက်နေသေးရင်တော့ သတိထားပြီး ပြင်ရပါတော့မယ်။

လက်သည်းကိုက်တာကို ရပ်တန့်သင့်တဲ့အကြောင်းအရင်းတွေ
လက်သည်းကိုက်တာက ပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် ခပ်ပေါ့ပေါ့သဘောထားရမှာတော့လည်း မဟုတ်ပါဘူး။ လက်သည်းကိုက်တဲ့အခါ - လက်သည်းတွေပျက်စီးလာနိုင်တယ် - လက်သည်းကိုက်တာကအချိန်ကြာလာတာနဲ့အမျှ လက်သည်းနဲ့ လက်သည်းတဝိုက်က

ထိခိုက်ပျက်စီးစေပြီး လက်သည်းရဲ့ဖြစ်ပေါ်မှုကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းတွေကိုလည်း ပုံမကျ ပန်းမကျဖြစ်စေနိုင်ပါတယ်။

 ပျောက်ဆုံးလာနိုင်တယ် - လက်သည်းကမာကြောတဲ့အရာပါ။ ဒီမာကြောတဲ့အရာကို ကိုက်နေတဲ့အခါ

က ပျက်စီးလာနိုင်ပါတယ်။ ရေရှည်မှာ လက်သည်းကိုက်တာကြောင့် မေးရိုးပြဿနာတွေတောင်ရှိလာနိုင်ပါတယ်။အပြုံးလေးတွေလှပချင်ရင် လက်သည်းကိုက်တဲ့အကျင့်ကိုဖျောက်ပါ။ နာမကျန်းဖြစ်စေနိုင်တယ် - လက်တွေက

ရဲ့အဓိကနားခိုရာနေရာပါ။ လက်သည်းလေးတွေအောက်မှာ ဘက်တီးရီးယားတွေကအများဆုံး ခိုအောင်းနေနိုင်ပါတယ်။ လက်သည်းတွေကို ခဏခဏကိုက်တဲ့အခါ ဘက်တီးရီးယားတွေ

ထဲရောက်သွားပြီး

တွဖြစ်လာနိုင်ပါတယ်။ ဒါတင်မကပါဘူး။ လက်သည်းကိုက်တာက

ကိုပါထိခိုက်ပျက်စီးစေနိုင်ပါတယ်။

လက်သည်းမကိုက်မိအောင် ဘာတွေလုပ်ရမလဲ
လက်သည်းမကိုက်မိအောင် သတိထားပေမယ့်လည်း မရဘဲ သတိလက်လွတ်ဖြစ်သွားတိုင်း ကိုက်မိနေမယ်ဆိုရင်တော့ ဒီအချက်လေးတွေကအသုံးဝင်မယ်ထင်ပါတယ်။ လက်သည်းကို ခပ်တိုတိုညှပ်ထားပါ - လက်သည်းတိုနေတာက လက်သည်းကိုက်မိနိုင်ခြေကို နည်းသွားစေမှာပါ။

ခါးခါးဆိုးထားပါ - လက်သည်းကို ကိုက်တဲ့အခါ လက်သည်းနီရဲ့ ခါးတဲ့အရသာကြောင့် ဆက်မကိုက်တော့အောင် ကာကွယ်နိုင်မှာပါ။ လက်သည်းပုံဖော်ပါ - လေဒီတွေအတွက်အသင့်တော်ဆုံးနည်းလမ်းပေါ့။ လက်သည်းမှာ ပုံလှလှလေးဖော်ထားတဲ့အခါအလှပျက်မှာကို စိုးရိမ်ပြီး လက်သည်းကို သိပ်မကိုက်မိတော့ပါဘူး။ ဒါကလည်း လက်သည်းမကိုက်မိအောင်အသုံးတည့်မယ်ထင်ပါတယ်။ လက်သည်းကိုက်တဲ့အကျင့်အစား တစ်ခုခုအစားထိုးပါ - လက်သည်းကိုက်တတ်တဲ့အကျင့်နေရာမှာအလေ့အထကောင်းတစ်ခုကိုအစားထိုးဖို့ကြိုးစားကြည့်ပါ။ လက်သည်းကိုက်တာအစား Stress ball ကစားတာမျိုးပေါ့။ လက်တွေကို မနားတမ်းအလုပ်များနေအောင်လုပ်ထားတာက လက်သည်းကိုက်ဖို့အချိန်နည်းသွားစေမှာပါ။ လက်အိတ်ဝတ်ထားပါ - အေးမြတဲ့ရာသီဥတုအနေအထားမှာတော့ ဒီနည်းလမ်းကအဆင်ပြေမှာပါ။ လက်အိတ်ဝတ်ထားတာက လက်သည်းမကိုက်မိအောင် ကာကွယ်ပေးနိုင်မှာပါ။ အကြောင်းရင်းခံကို ရှာဖွေပါ - လက်သည်းကိုက်မိရခြင်းက လက်သည်းတွေရှည်နေလို့လား၊

တာလား၊ စိုးရိမ်စိတ်များနေတာလား၊ဘယ်လိုအခြေအနေမျိုးကြောင့် လက်သည်းကိုက်မိရတာလဲဆိုတာကို သေချာဆန်းစစ်ပါ။ ပြီးရင်တော့ ကာကွယ်မှုလုပ်ဖို့ ပြင်ဆင်ပါ။   တဖြည်းဖြည်းချင်းအကျင့်ဖျောက်ပါ -အလေ့အကျင့်တစ်ခုကအလွယ်တကူဖျောက်ရခက်ပါတယ်။ ဒါပေမယ့် ဖြည်းဖြည်းချင်းကြိုးစားသွားမယ်ဆိုရင်တော့ အောင်မြင်မှာအသေအချာပါပဲ။ ဒါကြောင့် လက်သည်းကိုက်တတ်တဲ့အကျင့်ကို သတိထားပြီး ဖြည်းဖြည်းချင်းဖျောက်သွားပါ။ ကဲ လက်ချောင်းထိပ်လေးတွေရောင်ရမ်းနာကျင်တာ၊ ပိုးဝင်တာ၊ သွားနဲ့မေးရိုးတွေထိခိုက်တာ၊ လက်သည်းတွေမလှမပဖြစ်တာတွေကနေ ကင်းဝေးနိုင်ဖို့အခုပြောခဲ့တဲ့အချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး လက်သည်းကိုက်တတ်တဲ့အလေ့အထကို ဖျောက်လိုက်ကြရအောင်နော်။


 

 သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..