Chubby လေးတွေအတွက် မိန်းကလေးဆန်ပြီးလှနေမယ့်ဂါဝန်ဖက်ရှင်များ
mystylemyanmar.com
|
2021-02-28

ဝဝကစ်ကစ် Chubby လေးတွေအတွက် မိန်းကလေးဆန်ပြီး လှနေမယ့် ဂါဝန်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဂါဝန်အကားမဟုတ်ပဲ Body fit ဂါဝန်မျိုးကိုဝတ်မယ်ဆိုရင်တော့ ခါးစည်းပါတာ၊ လက်ရှည်ဖြစ်တာလေးကို ရွေးဝတ်ပါ။ လက်ရှည်ကလည်း အကျပ်မဟုတ်ပဲ နည်းနည်းအပွလေးဆို ပိုပြီးလိုက်ဖက်ပါတယ်။ ဒီလို Body fit ဂါဝန်လေးတွေဝတ်မယ်ဆိုရင် အရောင်ကို ရင့်တာရွေးသင့်ပါတယ်။




ဂါဝန်အကားလေးတွေဝတ်မယ်ဆိုရင်လည်း ခါးစည်းပါတာလေးကို ရွေးဝတ်ပါ။ လက်ရှည်ဆိုရင်လည်း လက်ပွတာလေးကို ရွေးဝတ်ပြီး ဒေါက်ဖိနပ်လေးစီးရင်တော့ ပိုလှပါတယ်။




ဂါဝန်အတိုလေးတွေဝတ်မယ်ဆိုရင်လည်း လက်ရှည်လေးတွေကို ရွေးဝတ်ပါ။ Chubby လေးတွေက ပြည့်တဲ့အတွက် လည်ပင်းပေါက်ပြဲတာမျိုးနဲ့ဆို ပိုလှပါတယ်။ အမဲရောင်ကတော့ ခန္ဓာကိုယ်ကို သွယ်သလိုဖြစ်သွားစေပါတယ်။




ဂါဝန်ဝတ်တဲ့အခါမှာ အင်္ကျီလက်ကိုအတိုလေးဝတ်မယ်ဆိုရင် လက်တိုအကျပ်တွေမဝတ်ပါနဲ့။ လက်ဖောင်းလေးတွေ၊ လက်ကားလေးတွေကို ရွေးဝတ်ရင် ပိုပြီးတော့လှပါတယ်။





ဂါဝန်တို၊ လက်တိုဝတ်မယ်ဆိုရင်လည်း လက်အကားလေးကို ရွေးဝတ်ပါ။ ခါးစည်းပါတာ၊ အရောင်ငြိမ်တာ၊ အရောင်ရင့်တာလေးတွေကို ရွေးဝတ်ပါ။




ခြေမျက်စိနားရောက်တဲ့ ဂါဝန်အရှည်အကားတွေဝတ်တာလည်း Chubby လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဒေါက်ဖိနပ်လေးတွေစီးရင်တော့ ပိုပြီးလှပါတယ်။





Photo Source: www.pinterest.com




Some text some message..