ရှင်းရှင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ကိုရီးယားမိတ်ကပ်ပြင်နည်း
mystylemyanmar.com
|
2021-04-09

မိတ်ကပ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးပဲပြင်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ချစ်ဖို့ကောင်းပြီး Glow နေမယ့် ကိုရီးယားမိတ်ကပ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ကိုရီးယားမိတ်ကပ် look လေးဆိုရင် မကြိုက်တဲ့မိန်းကလေး မရှိသလောက်ပါပဲနော်။

မိတ်ကပ်ထူထူကြီးတွေလိမ်းရတာကို မကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင်၊ မိတ်ကပ်သားလည်း ပြောင်ပြောင်လေးဖြစ်ပြီး Glow နေအောင်လို့ ဒီမှာတော့ အောက်ခံမိတ်ကပ် foundation မလိမ်းပဲ TONYMOLY The Shocking Fadeless Tone Up Cream က No.2 Skin Tone ကို လိမ်းထားပါတယ်။




Concealer နဲ့ မျက်နှာပေါ်က အမဲစက်၊ ဝက်ခြံနဲ့ အသားရောင်မညီတဲ့နေရာတွေကို လိမ်းပေးပါမယ်။




ပေါင်ဒါကို brush နဲ့ယူပြီး မျက်နှာကို လိမ်းပေးပါ။




မျက်ခုံးမွှေးကို သဘာဝဆန်ဆန်လေးပဲ ဆွဲပေးပါ။ အညိုရောင်ကိုသုံးပေးရင် ပိုကောင်းပါတယ်။




မိတ်ကပ်ရောင် (သို့) အုတ်ကျိုးရောင်အနုဖြစ်တဲ့ eyeshadow အရောင်ကို brush နဲ့ယူပြီး မျက်ခွံပေါ်မှာ ခြယ်ပေးပါ။ မျက်လုံးအောက်နားလေးကိုလည်း ပါးပါးလေးခြယ်ပေးပါ။




အုတ်ကျိုးရောင် (သို့) လိမ္မော်ရောင်ဘက်သွားတဲ့ gel glitter eyeshadow ကို လက်ညှိုးလေးနဲ့ယူပြီး မျက်ခွံပေါ်မှာ ခြယ်ပေးပါ။ eyeshadow ကောင်းကောင်းမခြယ်တတ်ရင် ဒီ gel glitter eyeshadow လေးတွေသာ ဝယ်ထားပါ။ ခြယ်ရတာလွယ်လို့ အရမ်းအဆင်ပြေပါတယ်။




Gel eyeliner နဲ့ မျက်လုံးအတွင်းဘက်တွေကိုဆွဲပေးပြီး ထောင့်မှာရှည်ရှည်လေးဆွဲဖို့ကိုတော့ liquid eyeliner သုံးပြီး ဆွဲပေးပါ။




မျက်တောင်ကော့တဲ့အတံနဲ့ မျက်တောင်လေးတွေကို ကော့ပေးပါ။ ပြီးမှ mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ထပ်ကော့ပေးပါ။




ဒီမှာတော့ ပန်းရောင်နဲ့အညိုရောင်စပ်ထားတဲ့အရောင် နှုတ်ခမ်းနီစိုစိုလေးကိုသုံးပြီး ပါးနီခြယ်ထားပါတယ်။ ဒီလိုနှုတ်ခမ်းနီမရှိရင်လည်း ပါးနီအရောင်နုနုလေးကိုပဲ သုံးပေးလို့ရပါတယ်။




နှုတ်ခမ်းနီကိုတော့ အနီရောင်ဘက်သွားတဲ့ အရောင်စိုစိုရဲရဲလေးပဲ ဆိုးပေးပါ။ ပြီးရင် ကိုရီးယားမလေးတွေလို နှုတ်ခမ်းအပေါ်နား၊ အောက်နားလေးတွေကို ပန်းနုရောင် (သို့) အဆီလေးဆိုးပေးပါ။




ပန်းရောင် (သို့) မိတ်ကပ်ရောင်ဘက်သွားတဲ့ gel glitter eyeshadow အရောင်နုတာလေးကို လက်နဲ့ယူပြီး မျက်လုံးအောက်နားကို နည်းနည်းလေးခြယ်ပေးပါ။




ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ ကိုရီးယားမိတ်ကပ် look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။




ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ ကိုရီးယားမိတ်ကပ် look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။




Source:www.minjeongpark




Some text some message..