အသားညိုတဲ့မိန်းကလေးတွေနဲ့လိုက်ဖက်တဲ့နှုတ်ခမ်းနီအရောင် ၅ မျိုး
mystylemyanmar.com
|
2021-04-11

မိတ်ကပ်ပြင်ပြီဆိုရင် နှုတ်ခမ်းနီဆိုးလိုက်မှ perfect ဖြစ်သွားတာပါ။ နောက်ဆုံး မိတ်ကပ်မပြင်ချင်ရင်တောင် နှုတ်ခမ်းနီဆိုးလိုက်ရင် လှသွားတာပါပဲ။ အသားဖြူတဲ့သူတွေကတော့ နှုတ်ခမ်းနီ ဘာအရောင်ဆိုးဆိုး လိုက်ပါတယ်။ အသားညိုတဲ့သူတွေကျတော့ ကိုယ်နဲ့လိုက်မယ့် နှုတ်ခမ်းနီအရောင်ကို သေချာရွေးဆိုးတတ်ရင် သူများထက်ပိုပြီး ဆွဲဆောင်မှုရှိရှိနဲ့ လှပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အသားညိုတဲ့မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


Bobbi Brown Luxe Matte Lip Color in Rebel Rose




Bobbi Brown ရဲ့ Luxe Matte Lip Color in Rebel Rose နှုတ်ခမ်းနီအရောင်လေးဆိုရင် ပန်းစည်ရောင်ဘက်သွားတဲ့ အရောင်မျိုးလေးမို့ အသားညိုတဲ့ မိန်းကလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ မျက်နှာလေးပိုလင်းသလိုဖြစ်သွားစေပါတယ်။ နောက်ပြီး ဒီနှုတ်ခမ်းနီက long-lasting ဖြစ်ပါတယ်။


Fenty Beauty Mattemoiselle Plush Matte Lipstick in S1ngle




Fenty Beauty ရဲ့ Mattemoiselle Plush Matte Lipstick in S1ngle ဆိုတဲ့ နှုတ်ခမ်းနီအရောင်လေးဆိုရင် အညိုဘက်သွားတဲ့အရောင်လေးပါ။ သူ့အညိုရောင်က အသားညိုတဲ့သူတွေနဲ့ အရမ်းလိုက်တဲ့အရောင်ပါ။ အရောင်တောက်တောက်ကြီးတွေ မကြိုက်ရင် ဒီအရောင်လေးကိုသာ ရွေးဝယ်ပါ။


MAC Retro Matte Lipstick in Ruby Woo




MAC ရဲ့ Retro Matte Lipstick in Ruby Woo ဆိုတဲ့ နှုတ်ခမ်းနီအရောင်ဆိုရင် အနီကိုမှ အနီရဲရဲလည်းမဟုတ်တဲ့အတွက် အသားညိုတဲ့သူတွေနဲ့ တော်တော်လိုက်ပါတယ်။ အနီရောင်ကြိုက်ရင် နှုတ်ခမ်းနီကို ဒီအရောင်လေးသာဝယ်ဆိုးပါ။


Flesh Beauty Strong Flesh Lipstick in Prime




အညိုရောင်ကြိုက်ရင်တော့ Flesh Beauty ရဲ့ Strong Flesh Lipstick in Prime ဆိုတဲ့ ဒီအရောင်လေးက အရမ်းလှပါတယ်။ အသားညိုတဲ့သူတွေအတွက် ဆွဲဆောင်မှုရှိစေတဲ့အရောင်မျိုးပါ။ တော်တော်လည်းမိုက်ပါတယ်။ ဦးစားပေးဝယ်သင့်တဲ့ အရောင်ထဲမှာပါပါတယ်။


Fenty Beauty Stunna Lip Paint Longwear Fluid Lip Color in Unlocked




ပန်းရောင်ကြိုက်ရင် အသားညိုတဲ့သူတွေက Fenty Beauty ရဲ့ Stunna Lip Paint Longwear Fluid Lip Color in Unlocked ဆိုတဲ့ ပန်းရောင်လေးကို ရွေးဝယ်ပါ။ အသားညိုတဲ့သူနဲ့ လိုက်တဲ့အရောင်မျိုးပါ။ အသားညိုလို့ ပန်းရောင်နဲ့မလိုက်ဘူး မထင်ပါနဲ့။ ပန်းရောင်ဖျော့ဖျော့လေးတွေနဲ့မှ မလိုက်တာပါ။ ဒီလိုပန်းရောင်မျိုးဆိုရင်တော့ မျက်နှာလေးတောင် ပိုပြီးလင်းသွားစေပါတယ်။ လူငယ်လည်းဆန်စေပါတယ်။

source:www.goodhousekeeping.com




Some text some message..