ထိရှလွယ်သော အသားအရေတွေအတွက် မလုပ်မဖြစ် လွယ်ကူသော skincare hack များ
lifestylemyanmar.com
|
2021-08-14



အားလုံးပဲ မင်္ဂလာပါ။ ပျိုမေတို့ရဲ့ အသားအရေကြည်လင်တောက်ပမှုအတွက် ဒီလွယ်ကူတဲ့ ထိန်းသိမ်းနည်းလမ်းလေးနဲ့ တာဝန်ယူပါရစေ။ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပေါက်ဖူးတဲ့လူမရှိသလောက်ပါပဲ။ ဆိုလိုတာက လူတော်တော်များများက သူတို့ရဲ့ ဘဝမှာ အရေပြားပြဿနာတစ်ခုမဟုတ် ကြုံဖူးကြမယ်ဆိုတာပါပဲ။ တစ်ချို့ကျတော့ သူတို့ရဲ့ ပါရမီ၊ မျိုးရိုးဗီဇကြောင့် ကြည်လင်နေတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ကြပါတယ်။ တစ်ချို့ကတော့ အသားအရေထိန်းသိမ်းပေးတာတောင်မှ ထူးထူးခြားခြားပြောင်းလဲလာတာမျိုးမရှိတာတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ကြည့်ပျော်ရှုပျော်အသားအရေလေး (သို့) ကြည်လင်နေတဲ့ အသားအရေလေးအတွက် ဒီနည်းလမ်းလေးတွေနဲ့ ထိန်းသိမ်းပါ။




၁။ တစ်နေ့လျှင် မျက်နှာ (၂) ကြိမ်သစ်ပါ (ထိရောက်ပါတယ်နော်)

အခြေခံတစ်ကိုယ်ရေသန့်ရှင်းမှုဆိုတာ တောက်ပသောအသားအရေရဲ့ အခြေခံအစဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်မျက်နှာကို တစ်နေ့ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်သစ်ပါ။ မနက်ကို ဘာကြောင့်မျက်နှာသစ်သင့်တာလဲ? အစိုဓာတ်ထိန်းသိမ်းပစ္စည်းတွေ၊ antioxidant နှင့် sunscreen တွေကို လိမ်းခြယ်ဖို့ သင့်မျက်နှာက အဆင်သင့်ဖြစ်နေရပါမယ်။ ညနေခင်းမှာကျတော့ တစ်နေ့လုံးဖုန်မှုန့်တွေ၊ မိတ်ကပ်တွေ၊ ပတ်ဝန်းကျင်အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ မျက်နှာသစ်ရပါမယ်။

၂။ ရှားစောင့်လက်ပတ်ဂျယ် (သို့) moisturizer သုံးပါ




ရှားစောင်းလက်ပတ်ဂျယ်က ဝက်ခြံပေါက်လွယ်တဲ့အသားအရေအတွက် အထူးကောင်းမွန်သော အစိုဓာတ်ထိန်းသိမ်းရေးပစ္စည်းဖြစ်ပါတယ်။ ၎င်းက ရေဓာတ်ကြွယ်ဝပြီး ဘတ်တီးရီးယားကို တိုက်ဖျက်ပေးနိုင်ရုံမက ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ၎င်းကို နေ့စဉ်သုံးပေးမယ်ဆိုရင် ကျန်းမာသောအသားအရေနှင့် တောက်ပကြည်လင်သော အသားရေကို ပိုင်ဆိုင်ရစေမှာပါ။

၃။ sunscreen အမွဲသုံးပါ




ကမ္ဘာပေါ်က အရေပြားအထူးကုဆရာဝန်တိုင်းက SPF လိမ်းခြယ်ရခြင်းရဲ့ အရေးပါပုံကို ပြောပြကြပါလိမ့်မယ်။ နေရောင်ကာခရင်က အရေပြားကင်ဆာကို ကာကွယ်ရုံမက နေလောင်ကွက်များ၊ အရေအကြောင်းများ၊ အရေပြားတွန့်ခြင်းစတဲ့အရာတွေကို လျော့ကျစေနိုင်ပါတယ်။ SPF 30 အထက်ရှိသော နေရောင်ကာခရင်ကို နေ့စဉ်လိမ်းပေးသင့်ပါတယ်။

၄။ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့အရာတွေကို ပေးပါ




ဒီ Page က စာတွေကို မှန်မှန်ဖတ်တဲ့သူဆိုတာ ဒီစာသားတွေကို ပုံမှန်ကြားနေရပါလိမ့်မယ်။ ရေများများသောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ကောင်းကောင်းအနားယူပါ။ အာဟာရဖြစ်စေမယ့် အစားအစာတွေကို စားပါ။ antioxidant ကြွယ်ဝသော သစ်သီးတွေနှင့် အသီးအရွယ်တွေကို စားပေးပါ။ ဆိုဒီယမ်နည်းသော အစားအစာတွေကို စားပါ။

၅။ မျက်နှာသုတ်ပဝါနှင့် အိပ်ယာခင်းတွေကို မှန်မှန်လဲပေးပါ

မျက်နှာသုတ်ပဝါကို နှာခေါင်းနဲ့ ထိလိုက်တာနဲ့ အနံ့ထွက်နေပြီဆိုရင် ဘတ်တီးရီးယားတွေရှိနေပါပြီ။ ၎င်းက မကြာခဏဆိုသလို စိုစွတ်ပြီး နွေးထွေးနေတာကြောင့် ပိုးမွှားတွေရဲ့ ပျော်စရာဥယျာဉ်ကြီးဖြစ်နေပါလိမ့်မယ်။ အိပ်ယာခင်းလည်း အတူတူပါပဲ။ ဒါ့ကြောင့် အိပ်ရာခင်းတွေနဲ့ မျက်နှာသုတ်ပဝါတွေကို ပုံမှန်လဲပေးပါ။

Lifestyle_Myanmar
Nyein_Thu


Ref-lifehacks




Some text some message..