ဝဝကစ်ကစ်ကောင်မလေးတွေကို အမြင်တစ်မျိုးပြောင်းစေတဲ့ ဆံပင်ပုံစံများ
mystylemyanmar.com
|
2021-08-22
ဝဝကစ်ကစ်ကောင်မလေးတွေကလည်း သူ့နည်းသူဟန်နဲ့ ချစ်စရာကောင်းပြီး လှကြပါတယ်။ လူတစ်ယောက်မှာလည်း ဆံပင်ပုံစံကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဆံပင်ညှပ်တဲ့စတိုင်လေးက ကိုယ်နဲ့လိုက်ဖက်ရင်လည်း လူကိုနုပျိုစေတဲ့အသွင်ဖြစ်စေပါတယ်။ အများအားဖြင့် ဝဝကစ်ကစ်ကောင်မလေးတွေက ဆံပင်အရှည်ထက် ဆံပင်တိုလေးနဲ့ ပိုပြီးလိုက်ဖက်ကြတာများပါတယ်။ ဆံပင်တို၊ ဆံပင်ဂုပ်ဝဲ၊ ဆံပင်ဂုပ်ထောက်နဲ့ Medium Hair လေးတွေက လူကိုရှိနေတဲ့ အသက်ထက်နှစ်ဆ ပိုပြီးငယ်သွားစေတဲ့ ပုံပေါက်စေပါတယ်။ဆံပင်တိုကလည်း ဆံပင်ရှည်ထက် အလုပ်ရှုပ်သက်သာစေတာတော့ အမှန်ပါနော်။
ဆံပင်စတိုင် အမျိုးမျိုးထဲကမှ ကိုယ်ပုံစံလေးက ခပ်လန်းလန်း မိုက်မိုက်လေးနေရတဲ့ ကြိုက်တဲ့သူမျိုးဆိုရင် Pixie Hair Style တွေကလုံးဝကိုမိမိုက်စေမှာပါနော်။ဒါမှမဟုတ်ကိုယ်က ဆံပင်ဖြောင့်ဖြောင့်ကြီးနဲ့ နေရတာကို ကြိုက်တဲ့သူတစ်ယောက်မဟုတ်ဘူးဆိုရင်တော့ Wave Whirly Hair Style လေးကလည်း တစ်မူထူးခြားတဲ့ပုံစံလေးနဲ့ လူကြီးဆန်စေမှာပါနော်။ ကိုယ်က ဆံပင်ကိုအရမ်းတိုတာလည်း မကြိုက်ဘူး ဆံပင်ကောက်ကောက်လေးနဲ့နေရာတာကိုလည်း သဘာကျတယ်ဆိုရင်တော့ Curly Twirly ကလည်း Melissa McCarthy မင်းသမီးလို သင့်ရဲ့ပုံစံလေးကို ပြောင်းလဲစေနိုင်မှာပါ။
Photo Source – Pinterest
#ဆံပင်
#ဆံပင်ရှည်
#ဆံပင်ပုံစံ
#ပုံစံ
#ယောက်မ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်