Short Hair လေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ကျစ်ဆံမြီးဆံပင်စတိုင်လ်များ
mystylemyanmar.com
|
2021-08-29

ဆံပင်အတိုနဲ့ Short Hair လေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ကျစ်ဆံမြီးဆံပင်စတိုင်လ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကျစ်ဆံမြီးကျစ်ထားရင် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Short Hair လေးတွေမှာ ဒီလိုထိပ်ကနေ ကျစ်ဆံမြီးသေးသေးလေးကျစ်ပြီး ကလစ်လှလှလေးပန်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။




ကျစ်ဆံမြီးကို ထင်းနေအောင်မကျစ်ချင်ရင် တစ်ဝက်စည်းပြီး ဒီလိုလေးကျစ်လို့လည်းရပါတယ်။ Short Hair တွေနဲ့ဆို ချစ်ဖို့ကောင်းနေမှာပါ။




Short Hair လေးမှာ ဒီလိုထိပ်ကနေ ကျစ်ဆံမြီးကျစ်တာမျိုးကလည်း အရမ်းလှပါတယ်။ လူငယ်ဆန်တဲ့ပုံစံလေး ဖြစ်စေပါတယ်။




Short Hair လေးကို အားလုံးစုပြီး ကျစ်ဆံမြီးကျစ်မယ်ဆိုရင် ပုဝါသုံးပြီး ဒီလိုမျိုးလေးကျစ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။




Short Hair ကို နှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးကျစ်မယ်ဆိုရင် ရိုးရိုးမကျစ်ပဲ အနောက်ကိုယူပြီး ထိပ်ကနေစကျစ်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဒီလိုပုံစံလေးကျစ်တာက မျက်နှာလေးလည်း ရှင်းသွားစေပါတယ်။




ဒီဆံပင်စတိုင်လ်လေးဆိုရင် ဆံပင်တစ်ဝက်ကို နှစ်ဖက်ခွဲပြီး ထိပ်ကနေစကျစ်ထားတာပါ။ ပြီးမှ အကုန်စုပြီး အနောက်မှာစည်းလိုက်တာမျိုးပါ။ ဆံပင်ကိုရှင်းနေအောင် စုစည်းထားတာမျိုးပဲ ကြိုက်တဲ့သူတွေအတွက်တော့ ဒီပုံစံလေးက အဆင်ပြေမှာပါ။




ပုံစံဆန်းပြီး ချစ်ဖို့ကောင်းတာမျိုးကြိုက်ရင်တော့ Short Hair လေးမှာ ဒီလိုမျိုးလေးကျစ်ပြီး ပြင်ကြည့်ပါ။ လုပ်ရတာ နည်းနည်းခက်ပေမယ့် ချစ်ဖို့ကောင်းတာကြောင့် Try ကြည့်သင့်ပါတယ်။




ဆံပင်ထိပ်ဘက်မှာ ဒီလိုမျိုးလေးကျစ်တာကလည်း မျက်နှာလေးရှင်းပြီး မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။




Short Hair ကိုမှ ဒီလိုအဝိုက်လေး ကျစ်ထားတာမျိုးဆိုရင်လည်း အရမ်းလှပါတယ်။ ဆံပင်စည်းရတာ မကြိုက်တဲ့သူတွေအတွက် အဆင်ပြေတဲ့ ဆံပင်စတိုင်လ်လေးလည်း ဖြစ်ပါတယ်။




Short Hair မှာ ကျစ်ဆံမြီးကို ဒီလိုမျိုးလေးကျစ်တာလည်း အရမ်းလှပါတယ်။ ဘယ်လိုအဝတ်အစားနဲ့မဆိုလည်း လိုက်ဖက်ပါတယ်။




photo source:www.pinterest.com




Some text some message..