အသားဖြူတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်စေမယ့် မိတ်ကပ်ရွေးချယ်နည်း (၇) မျိုး
mystylemyanmar.com
|
2021-09-06

မိတ်ကပ် Brand အများစုကတော့ ရှိသမျှ အသားအရေအရောင်တွေနဲ့လိုက်ဖက်စေဖို့အတွက် အရောင်အမျိုးမျိုးရှိတဲ့ မိတ်ကပ်အမျိုးအစားတွေကို ထုတ်လုပ်တတ်ကြပါတယ်။ အသုံးပြုတဲ့မိတ်ကပ်ပစ္စည်းချင်းတူပေမယ့်လည်း ကွဲပြားတဲ့ အသားအရေအရောင်တွေအပေါ်ရောက်တဲ့အခါ မိတ်ကပ်ကာလာက အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်ပိုင်အသားအရေအရောင်နဲ့လိုက်ဖက်ပြီး ပိုထင်းသွားစေမယ့် မိတ်ကပ်ရွေးချယ်မှု ပုံစံတွေကို သိထားရင်တော့အကောင်းဆုံးပါပဲ။ အခုတစ်ခေါက်မျှဝေပေးချင်တာကတော့ အသားဖြူတဲ့သူတွေ အတွက် အသုံးဝင်စေမယ့် မိတ်ကပ်ပစ္စည်းရွေးချယ်နည်း၊ လိမ်းချယ်နည်းတွေအကြောင်းပဲဖြစ်ပါတယ်။

၁။ Foundation


အသားဖြူတဲ့သူတွေအတွက် အရေးအကြီးဆုံးကတော့ ပထမဆုံးအဆင့်ဖြစ်တဲ့ Foundation လိမ်းတဲ့အဆင့်ပါပဲ။ ကိုယ်ရွေးလိုက်တဲ့ Foundation အရောင်မမှန်ကန်ဘူးဆိုရင် အသားအရေ အရောင်ပိုမှိုင်းသွားတာ ဖြူဖက်ဖြူရော်ဖြစ်သွားစေတာစတဲ့ပြဿနာတွေနဲ့ကြုံပြီး သင့်ကိုကြည့်ရဆိုးစေပါလိမ့်မယ်။ ဒါကြောင့်အသားအရေအရောင်နဲ့တစ်သားထဲဖြစ်စေမယ့် Foundation မျိုးကိုဂရုတစိုက်ရွေးချယ်ပေးပါ။ အသားဖြူတဲ့သူတွေအနေနဲ့ကတော့ Foundation ကိုအရောင်အရမ်းမထင်းတဲ့ Neutral ကာလာတွေထဲကအသုံးပြုသင့်ပါတယ်။

၂။ Eye Shadow


အသားဖြူတဲ့သူတွေက များသောအားဖြင့် Eye Shadow အရောင်မှိန်မှိန်တွေထက် ပိုထင်းတဲ့ အရောင်အတောက်တွေကိုသုံးပေးသင့်ပါတယ်။ Beige အရောင်နဲ့ အဝါနဲ့အဖြူကြား Cream ကာလာတွေကို ရှောင်ပေးပါ။ ပန်းရောင်၊ အပြာရောင်၊ ခရမ်းရောင်နဲ့ Rich Brown ကာလာလေးတွေကိုအသုံးပြုသင့်ပါတယ်။

၃။ Eyeliner


Eyeliner ကတော့ လင်းတဲ့အရောင်တွေထက် Dark ဖြစ်တဲ့အရောင်တွေက အသားဖြူတဲ့သူတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုတဲ့ Eye Shadow အရောင်ထက် အနည်းငယ်ပိုမှောင်တဲ့ အရောင်မျိုးကိုအသုံးပြုဖို့အကြံပြုချင်ပါတယ်။

၄။ Mascara


မျက်တောင်ထူထူကော့ကော့လေးရှိနေခြင်းက အခြား Eye Makeup တွေသုံးစရာမလိုဘဲ သင့်မျက်လုံးကို ကြည့်ကောင်းစေတာကြောင့် Mascara ကလည်းအသုံးပြုသင့်တဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ အများစုအသုံးပြုလေ့ရှိတဲ့ Mascara အမဲရောင်က အခြားအရောင်တွေထက် အသားဖြူတဲ့သူတွေနဲ့ ပိုလိုက်ဖက်ပါတယ်။

၅။ Blush


အသားဖြူတဲ့သူတွေအနေနဲ့ မိတ်ကပ်လိမ်းပြီးတဲ့နောက်မှာ အသားအရောင်ဖြူဖက်ဖြူရော်ဖြစ်မနေဖို့အတွက် မိတ်ကပ်ပုံစံတွေနဲ့လိုက်ဖက်တဲ့ ပါးနီတွေကိုအသုံးပြုဖို့အရေးကြီးပါတယ်။ အရမ်းအထူကြီးလိမ်းဖို့မလိုဘဲ အရောင်ထွက်လှတဲ့ပါးနီမျိုးကို ခပ်ပြေပြေလေးလိမ်းပေးရပါမယ်။

၆။ Bronzer


အသားဖြူတဲ့သူတွေအနေနဲ့ Bronzer အသုံးပြုတာက အသားအရေကိုပို Glow ပြီး တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ Bronzer ကို ပါးရိုး၊ မေးစေ့၊ နှာတံနဲ့ နှာဖူးထိပ်စတဲ့ မျက်နှာအစိတ်အပိုင်းတွေပေါ်မှာ အသုံးပြုရမှာဖြစ်ပါတယ်။

၇။ Lip Color


Photo Source: brightside.me

အသားဖြူတဲ့သူအများစုက အရောင်ဖျော့တဲ့နှုတ်ခမ်းနီတွေထက်အရောင်စိုစိုတောက်တောက်တွေနဲ့ဆိုရင် ဆွဲဆောင်မှုပိုရှိတတ်ပါတယ်။ ပုံပါအတိုင်း အသားခပ်လတ်လတ်ရှိတဲ့အမျိုးသမီးတွေက ပန်းရောင်၊ သန္တာရောင်၊ Peach ကာလာနဲ့ Nude အရောင်ဖျော့လေးတွေနဲ့လိုက်ဖက်မှုရှိပြီး အသားအရမ်းဖြူတဲ့သူတွေကတော့ အနီရင့်ရောင်လိုမျိုးအရောင်အတောက်တွေနဲ့ပိုလိုက်ဖက်တာကိုတွေ့ရပါတယ်။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..