ဆံပင်ရေစိုနဲ့ အချိန်အကြာကြီးနေရင် ဆိုးကျိုးက
mystylemyanmar.com
|
2021-09-15

လူကြီးတွေပြောကျတဲ့အတိုင်း ညမိုးချုပ်ရင် ခေါင်းမလျှော်နဲ့  ခေါင်းစိုကြီးနဲ့ အိပ်ရာမဝင်ဖို့ကို ခဏခဏပြောကြမယ်ထင်ပါတယ်။ ဆံပင်အဆီပြန်တတ်တဲ့ ဦးရေပြားကို ပိုင်ဆိုင်တဲ့အတွက် ခဏခဏခေါင်းလျှော်ဖြစ်တယ်၊ ဆံသားတွေညစ်ပတ်ရင် မနေတတ်လို့ ခေါင်းကိုနေ့တိုင်းအိပ်ရာဝင်ခါနီးမှ လျှော်တဲ့အကျင့်တွေက လုံးဝကိုမလုပ်သင့်ပါဘူးနော်။ မသက်သာလို့လျှော်လိုက်ရင်လည်း ခေါင်းရေစိုစိုနဲ့ အိပ်မပျော်သွားဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုမျိုးက တစ်ခါတစ်လေဆို ပြဿနာမရှိပေမယ့် ခဏခဏဆိုရင်တော့ ဦးနှောက်အတွက်လည်း မကောင်းသလို တစ်ခြားဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါတယ်နော်။

ဆံပင်များကျွတ်ခြင်း


ဦးနှောက်က အမြဲစိုစိုစိစိဖြစ်နေတဲ့အတွက် ဆံသားပေါက်နှုန်းလည်း လျော့ကျစေနိုင်တဲ့အပြင် ဆံပင်များကိုလည်း ခဏခဏကျွတ်စေနိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကြောင့် ထိပ်ကွက်တာမျိုးတွေလည်း ကြုံတွေ့လာနိုင်ပါတယ်။ အသက်အရွယ်တစ်ခုမရောက်ခင်မှာ ဆံပင်ပြဿနာကြုံလာပါက ကိုယ့်အလှအပအတွက်လည်း အဆင်မပြေနိုင်သလို ကျန်းမာရေးအတွက်လည်း မသင့်လျှော်နိုင်ပါဘူးနော်။

ဦးရေးပြား ယားယံခြင်း 


ခေါင်းလျှော်ပြီးတာနဲ့ အခန်းထဲမှာပဲ အောင်းပြီးနေမယ် လှုပ်လှုပ်ရှားရှားမရှိဘူး၊ အပူအချိန်လည်းမမျှတဘူးဆိုရင်တော့ ဦးရေပြားပြဿနာကို ကြုံတွေလာနိုင်ပါတယ်။ အရေးပြားမှာ ဘက်တီးရီးယားပိုးမွှားတွေကို အလွယ်တကူဖြစ်နိုင်အောင် အားပေးနေသလို ဗေါက်ထဖို့အတွက်လည်း ၁၀၀% ကသေချာသလောက်ရှိနေပါပြီ။

ခေါင်းကိုက်ခြင်း 


ဖုန်းသုံးများတာတို့၊ Stress ဖိတာမျိုးမှာ ခေါင်းကိုက်ခြင်း ဝေဒနာကိုခံစားရတာမဟုတ်ပါဘူး။ ဦးရေပြားကို ခြောက်သွေ့အောင်မထားတာမျိုး၊ ခေါင်းနေတိုင်လျှော်တာမျိုးတွေကလည်း ခေါင်းကိုက်တတ်ပါတယ်။ အဲ့အချက်ကတော့ ဖြစ်နိုင်ချေအများဆုံးလို့ပြောလို့ရပါတယ်။ ခေါင်းအစိုနှင့်ရယ်ခန္ဓာကိုယ်ကအပူငွေတို့ကြောင့် ဦးနှောက်ကသွေးကြောလေးတွေကမခံနိုင်တော့ ရင် ခေါင်းကိုက်တာကိုခံစားရနိုင်ပါတယ်။ခေါင်းခဏခဏကိုက်တဲ့ဒဏ်တွေများလာရင် ဦးနှောက်နဲ့ဆိုင်တာရောဂါတွေဖြစ်ဖို့အခွင့်အလမ်းတွေရနိုင်ပါတယ်။

Photo Source – Free. pik




Some text some message..