အသားညိုတဲ့သူတွေအတွက် လိုက်ဖက်တဲ့ ဖက်ရှင်အရောင်တွေ
mystylemyanmar.com
|
2021-09-22
အခုခေတ်မှာ အသားဖြူမှ လူရာဝင်မယ် အသားဖြူတဲ့လူတွေဆို ဘာဝတ်ဝတ်လှတယ်ဆိုတဲ့ အတွေးတွေကိုဖယ်လိုက်တော့နော်။ အသားညိုတဲ့သူတွေက ညိုချော ချောကြတဲ့သူတွေကြီးပါ။ အသားညိုပြီး ကိုယ်ကဘယ်လိုအရောင်မျိုးဆို ကိုယ်နဲ့လိုက်ဖက်တယ် အသားရောင်ကိုပိုပြီးဆွဲဆောင်မှုရှိမလဲဆိုတာ သိဖို့လိုအပ်တယ်နော်။ အင်္ကျီအရောင်ကလည်း လူတစ်ယောက်ကို အများကြီးဆွဲဆောင်နိုင်စေတဲ့အတွက် သေချာလေးရွေးဝတ်တတ်ဖို့တော့ လိုအပ်ပါတယ်။ ကဲ့ဒီလိုဆို ဘယ်လိုအရောင်မျိုးတွေက ဆွဲဆောင်မှု ပိုရှိပြီးပိုလိုမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
Red
အနီရောင်ကတော့ ရဲရင့်ပြီးတော့ စိတ်အားတက်သန်မှုကို ပြတဲ့ကာလာဖြစ်ပါတယ်။ အနီရောင်ကို Blouse (or) Blazer တို့အတွက်ရွေးချယ်သင့်တဲ့ အရောင်မျိုးဖြစ်ပါတယ်။ တစ်ချို့သူတွေကတော့ အနီရောင်ကိုဝတ်ရမှာ အသားညိုရင် မလိုက်မှာဆိုးလို့ မဝတ်ရဲတတ်ကြပါဘူး။ တကယ်တော့ အသားညိုတဲ့သူတွေက အနီရောင်နဲ့ပိုပြီးလိုက်ဖက် ပါတယ်နော်။
Emerald Green နဲ့ Blue နဲ့ကအရောင်အရမ်းမကွာတဲ့ ပုံစံမျိုးလေးရှိပါတယ်။ ကြည့်လိုက်ရင် ခပ်ဆင်ဆင်ဖြစ်စေတဲ့ကာလာမျိုးလေးတွေ ဖြစ်ပါတယ်။ ကျောက်စိမ်းအရောင်လေးတွေမျိုးဖြစ်တဲ့အတွက် ဘောင်းဘီအရောင်တွေအဖြစ်ပိုပြီးတော့လိုက်ဖက်ပါတယ်။ Luxuri ဆန်ပြီးတော့ Classic ဖြစ်တဲ့အရောင်မျိုးဆိုလည်း မမှားပါဘူး။
Baby Pink အရောင်ပဲဖြစ်ဖြစ် ပန်းဆီရောင်တောက်တောက်လေးတွေပဲဖြစ်ဖြစ် အသားညိုတဲ့လူတွေအတွက် သေချာလေးရွေးချယ်ထားတဲ့အရောင်ဆိုလည်း မမှားပါဘူးနော်။ Baby Pink ကတော့အခုနောက်ပိုင်း Trend ဖြစ်လာတဲ့အရာင်တစ်ရောင်လည်း ဖြစ်တဲ့အတွက်လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့အရာတစ်ရောင်လည်း ဖြစ်ပါတယ်။
White
အဖြူရောင်ကတော့ တည်ငြိမ်ပြီး သွေးအေးတဲ့အရောင်တစ်မျိုးလည်း ဖြစ်ပါတယ်။ အဖြူရောင်က ဘယ်အသားအရေအရောင်နဲ့မဆိုလိုက်ဖက် ပါတယ်။ အဖြူရောင်က Neutral Color တစ်မျိုးဖြစ်တဲ့အတွက် စိတ်ကိုလည်းကြည်လင်စေပါတယ်။
Photo Source – Free.pik
#ဖက်ရှင်
#ဘောင်းဘီ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်