
ဆောင်းရာသီမှာ အမြဲကြုံတွေ့ရတဲ့ အသားအရေပြဿနာကတော့ အသားခြောက်တာ၊ အသားပတ်တာ၊ အသားအရေအက်ကွဲတာ၊ အသားအရေညစ်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒီလိုအချိန်မှာ Skincare ကို သေချာလုပ်ပြီး အသားအရေ ထိန်းသိမ်းပေးရမှာပါ။ အသားအရေ ထိန်းသိမ်းနေရင်းနဲ့ပဲ ဆောင်းရာသီမှာ Skincare နဲ့ပတ်သက်ပြီး လုပ်မိတတ်ကြတဲ့အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း ကိုယ်တိုင်လုပ်မိနေရင် ဆင်ခြင်လို့ရမှာပါ။
Exfoliation မလုပ်ခြင်း

Exfoliation လုပ်ရင် အသားပိုခြောက်တယ်လို့ထင်ပြီး ဆောင်းရာသီမှာ Exfoliation မလုပ်ပဲ နေတတ်ကြပါတယ်။ Exfoliation လုပ်ပေးမှ ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပြီး အသားအရေညစ်နေတာမျိုး မဖြစ်မှာပါ။ Exfoliation လုပ်ပေးပြီး Skincare သေချာပြန်လိမ်းပေးမှ အသားအရေကပိုကောင်းလာမှာပါ။ ဒါကြောင့် ဆောင်းရာသီမှာလည်း Exfoliation လုပ်ရပါမယ်။ Over Exfoliation မဖြစ်ဖို့တော့လိုပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်ပဲလုပ်ပေးရင် ရပါပြီ။
Moisturizer သေချာမလိမ်းခြင်း

ဆောင်းရာသီမှာ Moisturizer ကို သေချာမလိမ်းရင်တော့ အသားအရေက ခြောက်ပြီး ညစ်ထေးထေးဖြစ်နေမှာ အသေအချာပါပဲ။ အသားခြောက်တဲ့သူတွေဆိုရင် Toner, Moisturizer လောက်နဲ့ မရပါဘူး။ Serum ပါ ထည့်သုံးပေးမှ ပိုအဆင်ပြေမှာပါ။ ဆောင်းရာသီမှာ အစိုဓာတ်သေချာပေးနိုင်တဲ့ Moisturizer မျိုးကိုသာ ရွေးသုံးပေးပါ။
Alcohol ပါတဲ့ Toner သုံးခြင်း

အသားခြောက်တဲ့သူတွေဆိုရင် ဆောင်းရာသီမှာ Alcohol ပါတဲ့ Toner ကို မသုံးသင့်ပါဘူး။ Alcohol ပါရင် အသားပိုခြောက်စေပါတယ်။
ရေနွေးနဲ့ရေချိုးခြင်း

ဆောင်းရာသီမှာ အေးလို့ဆိုပြီး ရေနွေးနဲ့ရေချိုးတာက အသားပိုခြောက်စေပါတယ်။ အသားအရေမွဲခြောက်စေတာမျိုးပါ။ ဒါကြောင့် ရေနွေးနဲ့ရေချိုးတာကို ရှောင်သင့်ပါတယ်။
Body Lotion မလိမ်းခြင်း

ဆောင်းရာသီမှာ အသားခြောက်တာ၊ အသားပတ်တာတွေ ဖြစ်မှာပါ။ ဒီလိုမဖြစ်ချင်ရင်တော့ Body Lotion ကို အစိုဓာတ်သေချာပေးနိုင်တာမျိုး ရွေးသုံးပြီး မနက်၊ ည သေချာလိမ်းပေးပါ။ ဒါ့အပြင် မျက်နှာကို တစ်ပတ်တစ်ကြိမ် Exfoliation လုပ်ပေးသလိုပဲ Body ကိုလည်း တစ်ပတ်တစ်ကြိမ် Scrub တိုက်ပေးဖို့ မမေ့ပါနဲ့။
နှုတ်ခမ်းကိုဂရုစိုက်ဖို့မေ့နေခြင်း

ဆောင်းရာသီမှာ နှုတ်ခမ်းခြောက်ပြီး အဖတ်လန်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားကိုလည်း ဂရုစိုက်ပေးပါ။ ၃ ရက် တစ်ခါလောက် Lip Scrub လုပ်ပေးပြီး Lip Balm တွေ Lip Mask တွေ ညတိုင်းလိမ်းအိပ်ပါ။