ရင်သားကင်ဆာဖြစ်စေတဲ့ Aluminum မပါဝင်သော အကောင်းဆုံး Deodorant များ
mystylemyanmar.com
|
2021-11-24

ဂျိုင်းချွေးနံ့ထိန်းတဲ့ Roll on တွေ Deodorant တွေကိုသုံးရင် ရင်သားကင်ဆာဖြစ်စေတယ်ဆိုပြီး ပြောကြပါတယ်။ တကယ်တော့ Roll on တွေ Deodorant တွေထဲမှာပါတဲ့ Aluminum ကြောင့်ပါ။ Aluminum-Free ဖြစ်တဲ့ Deodorant တွေကို ရွေးသုံးရင်ရပါတယ်။ ဒါကြောင့် ရင်သားကင်ဆာဖြစ်စေတဲ့ Aluminum မပါဝင်သော အကောင်းဆုံး Deodorant တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါ့အပြင် ဒီ Deodorant တွေက Roll on တွေသုံးရင်ဖြစ်သလိုမျိုး အင်္ကျီတွေမှာ ဂျိုင်းနေရာကွက်ပြီး စိုနေတာမျိုးလည်း မဖြစ်စေပါဘူး။

Kosas Chemistry AHA Serum Deodorant


Kosas ရဲ့ Chemistry AHA Serum Deodorant 2 မျိုးရှိပါတယ်။ 2 မျိုးလုံးက Fragrance-free ဖြစ်ပြီး ချွေးနံ့ထိန်းပေးပါတယ်။ ချွေးနံ့လုံးဝမထွက်စေပါဘူး။ Bacteria တွေကိုလည်း တိုက်ထုတ်ပေးပြီး Aloe vera juice ကြောင့် အရေပြားချောမွေ့စေပါတယ်။

Dove Beauty Zero Aluminum Pomegranate & Lemon Verbena Deodorant


Dove Beauty ရဲ့ Zero Aluminum Pomegranate & Lemon Verbena Deodorant ကတော့ ဈေးသင့်ပြီး အနံ့လေးက အရမ်းမွှေးပါတယ်။ တစ်နေကုန် ချွေးနဲ့ထိန်းပေးပြီး သုံးတာကြာလာရင် ဂျိုင်းသားဖြူလာစေပါတယ်။ ဒါလေးက Dove ရဲ့ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံးပါပဲ။

Drunk Elephant Sweet Pitti Deodorant Cream


Drunk Elephant ရဲ့ Sweet Pitti Deodorant Cream ကတော့ Aluminium free ဖြစ်တဲ့အပြင် Baking soda free, Fragrance free, Essential oils free လည်းဖြစ်လို့ Sensitive skin တွေပါ စိတ်ချလက်ချ သုံးလို့ရပါတယ်။ ဂျိုင်းချွေးနံ့အရမ်းနံတာကိုပါ ထိန်းပေးထားနိုင်တဲ့ Deodorant ဖြစ်ပါတယ်။

Degree 0% Aluminum Odor Protect Deodorant Stick


Degree ရဲ့ 0% Aluminum Odor Protect Deodorant Stick ကတော့ အားလုံးထဲမှာ ဈေးအနည်းဆုံးဖြစ်ပြီး သုံးလို့လည်း အရမ်းကောင်းပါတယ်။ ချွေးနံ့ကိုသေချာထိန်းပေးပြီး Gym ဆော့လို့ ဂျိုင်းချွေးထွက်ရင်တောင် မနံအောင် ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် ယောင်္ကျားလေးအတွက် အထူးသင့်တော်မှာပါ။

Secret Aluminum Free Deodorant Lavender


Lavender ပန်းနံ့လေးကိုကြိုက်ရင်တော့ Secret ရဲ့ Aluminum Free Deodorant Lavender ကိုသာသုံးပါ။ ဈေးသင့်ပြီး အရမ်းသုံးလို့ကောင်းပါတယ်။ အနံ့မွှေးမွှေးလေးနဲ့ ချွေးနံ့ကိုလည်း သေချာထိန်းပေးနိုင်ပါတယ်။

Megababe Sunny Pits Daily Deodorant


Megababe ရဲ့ Sunny Pits Daily Deodorant ကတော့ ဂျိုင်းသားကို Dry & Soft ဖြစ်စေပါတယ်။ သူ့ရဲ့အနံ့လေးကလည်း Lemonade အနံ့လေးမို့ အရမ်း Fresh ဖြစ်စေပါတယ်။ ဒါလည်း ယောင်္ကျားလေးတွေသုံးလို့ရတဲ့ အနံ့မျိုးပါပဲ။

Love Beauty and Planet Refreshing Coconut Water Deodorant


Love Beauty and Planet ရဲ့ Refreshing Coconut Water Deodorant ကတော့ ဈေးသင့်ပြီး သုံးလို့အရမ်းမိုက်ပါတယ်။ ဂျိုင်းချွေးနံ့တွေကို သေချာထိန်းပေးထားနိုင်ပြီး Coconut Water နဲ့လုပ်ထားလို့ သုံးရတာ Fresh ဖြစ်စေပါတယ်။




Some text some message..