ရည်းစားနဲ့လမ်းခွဲပြီးအရမ်းမခံစားရအောင် နေနိုင်မယ့်နည်းလမ်း ၅ ခု
mystylemyanmar.com
|
2021-12-02

ရည်းစားနဲ့လမ်းခွဲပြီးရင် ဖောက်ပြန်တဲ့သူကလွဲလို့ ကျန်တဲ့သူတွေကတော့ ခံစားရတာပါပဲ။ အဓိကကတော့ အရမ်းခံစားရပြီး ဝမ်းနည်းပူဆွေးနေတာမျိုး၊ စိတ်တွေအရမ်းညစ်ပြီး ဘာမှလုပ်ချင်စိတ်မရှိပဲ အခန်းထဲပဲအောင်းနေတာမျိုး၊ အိပ်ယာထဲလဲပြီး ငိုယိုနေတာမျိုးတွေ မဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် ရည်းစားနဲ့လမ်းခွဲပြီးလည်း အရမ်းမခံစားရအောင်နေနိုင်မယ့် နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

သူငယ်ချင်းတွေနဲ့အမြဲတွေ့ပါ


ရည်းစားနဲ့လမ်းခွဲပြီးရင် တစ်ယောက်ထဲအချိန်မကုန်ပါနဲ့။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အမြဲတမ်း ခဏခဏကို တွေ့ပေးပါ။ သူတို့နဲ့ လျှောက်သွား၊ လျှောက်စားပြီး ပျော်ပျော်နေပါ။ ဒါဆိုရင်တော့ ရည်းစားပူမိပြီး ဝမ်းနည်းပူဆွေးနေရမယ့်အချိန်တွေ လျော့သွားမှာဖြစ်လို့ အရမ်းလည်းခံစားရတော့မှာ မဟုတ်ပါဘူး။

ကိုယ်ပျော်မယ်ထင်တာအကုန်လုပ်ပါ


ရည်းစားနဲ့လမ်းခွဲပြီး ဘာမှမလုပ်တော့ပဲ ထိုင်ငိုနေတာမျိုး၊ စိတ်ညစ်ပြီး အခန်းထဲအောင်းနေတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ဘာလုပ်ရင် ကိုယ်ပျော်နိုင်မလဲဆိုတာကိုသာ စဉ်းစားပါ။ ပြီးရင် ကိုယ်ပျော်မယ်ထင်တဲ့အရာတွေ အကုန်လုံးကို စိတ်ကြိုက်လုပ်ပြီး ပျော်ပျော်နေပါ။

မအားအောင်နေပါ


အားနေရင် ထိုင်တွေးနေမိမှာပါ။ တွေးလေ စိတ်ညစ်လေ၊ ဝမ်းနည်းပူဆွေးလေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် မအားအောင်နေပါ။ ဆက်တိုက် တစ်ခုပြီးတစ်ခုလုပ်နေပါ။ ဝါသနာပါတာတွေ၊ စိတ်တည်ငြိမ်စေမယ့်အရာတွေ၊ အာရုံစူးစိုက်ရတာတွေ လုပ်ကြည့်ပါ။ ဟာသတွေကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ယောဂကျင့်ပါ။

အရင်ထက်လှအောင်နေပါ


ရည်းစားနဲ့လမ်းခွဲပြီး ရည်းစားပူမိနေတဲ့ပုံစံမျိုး မဖြစ်ပါစေနဲ့။ အရင်ထက်ပိုပြီး လှလှပပနေပါ။ ကိုယ့်ကိုယ်ကို ပိုဂရုစိုကပါ။ လူတစ်ယောက်က လှလာလေ ကိုယ့်ကိုယ်ကို ကျေနပ်လာလေဖြစ်ပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။ ယုံကြည်မှုပိုရှိလာပါလိမ့်မယ်။

စိတ်ကိုပျော်အောင်ထားပါ


ရည်းစားနဲ့လမ်းခွဲပြီး ချစ်ခဲ့ရင်တော့ ခံစားရမှာပါပဲ။ ဒါပေမယ့် ဝမ်းနည်းစရာတွေတွေးပြီး ဝမ်းနည်းပူဆွေးမနေပါနဲ့။ ဒီလိုအတွေးတွေဝင်လာရင်လည်း စိတ်အလိုလိုက်ပြီးတွေးမနေပဲ ခေါင်းထဲကနေ ချက်ချင်းထုတ်ပစ်ပါ။ တခြားအရာတစ်ခုကို အာရုံပြောင်းပစ်ပါ။ ပျော်ရွှင်စေမယ့်အရာတွေပဲတွေးပါ။ Negative thinking တွေကို လျှော့ချပြီး ကိုယ့်စိတ်ကို ပျော်အောင်ထားပါ။ ဒါဆိုရင်တော့ မြန်မြန် Healing လုပ်နိုင်သွားပါလိမ့်မယ်။




Some text some message..