ကြက်သွန်စားပြီး ခံတွင်းနံ့နံတာကို ဘယ်လိုဖယ်ရှားမလဲ?
lifestylemyanmar.com
|
2021-12-08

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ဟင်းအမယ်မျိုးစုံမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် တွင်ကျယ်စွာ အသုံးပြုကြပြီး ထူးခြားတဲ့အနံ့နဲ့ အရသာရှိတဲ့ အရသာကို ရရှိစေပါတယ်။ သို့သော်လည်း ပါဝင်ပစ္စည်းနှစ်ခုလုံးက စားပြီးရင် ခံတွင်းအနံ့ဆိုးတာကို ဖြစ်စေပြီး အထူးသဖြင့် တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ စိတ်မသက်မသာ ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ပန်းသီး၊ ဆလတ်ရွက် (သို့) ပူစီနံရွက်ကို စားပါ

ပန်းသီး၊ ဆလတ်ရွက်၊ ပူစီနံရွက်ကို အစိမ်းလိုက်စားခြင်းက ကြက်သွန်ဖြူ အနံ့အသက်ကို သက်သာစေတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ ပန်းသီးဖျော်ရည်၊ ပူစီနံဖျော်ရည်တို့ကလည်း ကူညီပေးနိုင်ပေမယ့် ဒီတိုင်းဝါးစားတာလောက် ထိရောက်မှု မရှိနိုင်ပါဘူး။ ဒါ့ကြောင့် နောက်တစ်ခါ လက်ဖက်သုပ်ကို ကြက်သွန်ဖြူလေးနဲ့ စားချင်ရင် ပန်းသီးတစ်လုံး စားပါ(သို့) လတ်ဆတ်တဲ့ ပူစီနံရွက်ကို ဝါးစားကြည့်ပါ။


၂။ နို့တစ်ခွက် (သို့) ရေနွေးကြမ်းတစ်ခွက် သောက်ပါ

သွားနဲ့ခံတွင်းဆိုင်ရာ ကျွမ်းကျင်သူတွေက နွားနို့တစ်ခွက် (သို့) ရေနွေးကြမ်းတစ်ခွက်သောက်ခြင်းက ခံတွင်းကြက်သွန်နံ့နံတာတွေကို လျှော့ချပေးနိုင်တယ်လို့ အကြံပြုထားါပတယ်။ထို့အပြင် whole milk က အဆီမပါတဲ့ နို့ထက် ကြက်သွန်ဖြူနံ့ကို ဖယ်ရှားရာမှာ ပိုထိရောက်ကြောင်း အထောက်အထားတွေက ပြသထားပါတယ်။ တစ်ချိန်တည်းမှာပဲ Green tea ကဆိုးရွားတဲ့ အနံ့အသက်ကို လျော့နည်းစေနိုင်ကြောင်း သုတေသနတွေက ဖော်ပြထားပါတယ်။


၃။ သံပုရာရည်နဲ့ စမ်းကြည့်ပါ

သွားနဲ့ ခံတွင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ အနံ့အသက်ကို သက်သာစေဖို့အတွက် သံပရာသီးစားဖို့ အကြံပြုထားပါတယ်။ ကြက်သွန်ဖြူပါတဲ့ အစားအစာ စားပြီးရင် သံပုရာသီးတစ်ခြမ်းလောက် စုပ်လိုက်ပါ။ ဒါ့အပြင် ကြက်သွန်နီစားပြီး သံပရာရည်နဲ့ ပလုပ်ကျင်းခြင်းက ကြက်သွန်အနံ့အသက်ကို လျော့ပါးစေနိုင်တယ်လို့ အခြားကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ သံပုရာရည် စားပွဲတင်တစ်ဇွန်းကို ရေတစ်ခွက်ထဲမှာထည့်ပြီး တစ်နေ့ ၂ကြိမ်၊ ၃ကြိမ် အသုံးပြုပေးပါ။


၄။ ကလိုရင်းဒိုင်အောက်ဆိုဒ် (သို့) မုန့်ဖုတ်ဆိုဒါဖြင့် ခံတွင်းဆေးပါ

သုတေသနတွေအရ ကလိုရင်းဒိုင်အောက်ဆိုဒ်က ခံတွင်းဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ခံတွင်းနံ့ဆိုးတာကို ကုသပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဒြပ်ပေါင်းပါတဲ့ ခံတွင်းဆေးရည်ကို အသုံးပြုခြင်းက အထူးသဖြင့် သွားနဲ့ ခံတွင်းစောင့်ရှောက်မှုပစ္စည်းမှာ peppermint.လို အနံ့ပြင်းတဲ့ ရနံ့တွေရှိရင် ကြက်သွန်နံ့ကို လျှော့ချဖို့ ကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်းနဲ့ ခံတွင်းဆေးရည်ကို အသုံးပြုတဲ့အခါ မမျိုချမိဖို့ သတိထားရပါမယ်။ မျိုချမိပါက ကလိုရင်းဒိုင်အောက်ဆိုဒ်က ဆိုးရွားတဲ့ လက္ခဏာတွေနဲ့ ပြင်းထန်တဲ့ ကျန်းမာရေးသက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်က ကြက်သွန်နီအငွေ့အသက်တွေကိုဖယ်ရှားဖို့ အခြားနည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေ့အရ မုန့်ဖုတ်ဆိုဒါလို့ အများသိကြတဲ့ ဒီဒြပ်ပေါင်းက သွားဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်ကြောင်း ပြသထားပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်သူတွေက မုန့်ဖုတ်ဆိုဒါ ခံတွင်းသန့်ဆေးဖြင့် ခံတွင်းကို ဆေးကြောဖို့ အကြံပြုထားပါတယ်။

ရေနွေးပူပူတစ်ခွက်ထဲမှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ဇွန်းကို ရောပြီး ခံတွင်းသန့်ဆေးကို ကိုယ်တိုင်လုပ်နိုင်ပါတဘ်။ ပြီးရင် ပါးစပ်ထဲမှာ စက္ကန့် ၃၀လောက် ပလုပ်ကျင်းပြီး တွေးထုတ်ပါ။


၅။ ရေသောက်ပြီး ပီကေဝါးပါ

အစာစားပြီးနောက် ရေတစ်ခွက်သောက်ခြင်းက သင့်သွားနဲ့ လျှောမှာရှိတဲ့ ကြက်သွန်အကြွင်းအကျန်တွေကို ဖယ်ရှားပေးတဲ့အပြင် တံတွေးကို ပိုထုတ်လာစေပြီး အနံ့ဆိုးနဲ့ ဆက်စပ်နေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သကြားမပါတဲ့ အထူးသဖြင့် ပူရှိန်းအရသာရှိတဲ့ ပီကေက ခံတွင်းနံ့ လန်းဆန်းစေဖို့အတွက် လွယ်ကူတဲ့နည်းတစ်နည်းလည်း ဖြစ်ပါတယ်။


၆။ သွားတွေကို စနစ်တကျ တိုက်ပေးပါ

သိသာပုံရသော်လည်း သွားတိုက်တာ၊ သွားကြားရှင်းတာ ၊ လျှာကို သန့်ရှင်းရေးလုပ်တာက ကြက်သွန်နံ့တွေကို ဖယ်ရှားရာမှာ အမှန်တကယ် ထူးခြားမှုကို ဖြစ်စေပါတယ်။ ခံတွင်းနံ့ဆိုးစေနိုင်တဲ့ ဘက်တီးရီးယားနဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်ပါတယ်။ အနံ့ဆိုးထွက်စေတဲ့ အစားအစာတွေ စားပြီးနောက် သွားတိုက်တဲ့အခါ သွားဖုံးလိုင်း၊ အာခေါင်နဲ့ လျှာကို သေချာသန့်ရှင်းပါ။ လျှာခြစ်စက်သုံးရင် ပိုကောင်းပါတယ်။


Lifestyle_Myanmar

LM_Nandar

Source-5minutecrafts




Some text some message..