ဖောင်ဒေးရှင်းမိတ်ကပ်မလိမ်းဘဲ မျက်နှာ ပါးပါးကြည်ကြည်လေး ဖြစ်နေစေမယ့် မိတ်ကပ်လိမ်းနည်း
mystylemyanmar.com
|
2021-12-19

သင်က မိတ်ကပ်လိမ်းရတာကို သဘောမကျသူဆိုရင် ဒီလိမ်းနည်းကို စမ်းကြည့်နိုင်ပါတယ်။ ဒီလိမ်းနည်းကိုတော့ နာမည်ကျော် Beauty YouTuber Haley Kim က လိမ်းပြထားတာပါ။ သူမက ဒီထဲမှာ ဖောင်ဒေးရှင်း မသုံးသလို Cushion မိတ်ကပ်ကိုလည်း မသုံးထားပါဘူး။ သင့်မျက်နှာက မိတ်ကပ်ဒဏ်ကို မခံနိုင်ဘူးဆိုရင် ဒီ Look လေးကို နေ့တိုင်း လိမ်းနိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

အဆင့် ၁ – Skin Care + Sunscreen


သင့်မျက်နှာကို နေရောင်ကနေ ကာကွယ်ဖို့ Skin care Step တွေ ပြီးတာနဲ့ နေလောင်ကာခရင်ကို လိမ်းသင့်ပါတယ်။ အသက်အရွယ်အိုမင်း ရင့်ရော်လွယ်ခြင်းကနေ ကာကွယ်ဖို့ Sunscreen ကို မဖြစ်မနေ လိုအပ်ပါတယ်။

အဆင့် ၂ – Primer



မျက်နှာပေါ်က ချွေးပေါက်တွေကို မမြင်ရစေဖို့ Primer ကို ဒုတိယအဆင့်အနေနဲ့ သုံးပေးရပါမယ်။ Primer က မိတ်ကပ် ကြာရှည်ခံစေတဲ့အပြင် ချွေးပေါက်တွေကိုလည်း မသိသာစေတော့ပါဘူး။ လူတိုင်းရဲ့ အသားအရေက ပြည့်စုံလွန်းတယ် ဆိုတာ မရှိဘူးလို့ Haley က ပြောပြထားပါတယ်။

အဆင့် ၃- Color Correcting


ဒီအဆင့်က အသားအရေ အရောင်မညီသူတွေ အတွက် ဖြစ်ပါတယ်။ အထူးသဖြင့် မျက်ကွင်းညိုသူတွေ အတွက်ပါ။ သင်က အသားအရေ ညီတယ်ဆိုရင် ဒီအဆင့်ကို ကျော်လိမ်းလို့ ရပါတယ်။ Color Corrector နဲ့ ကိုယ့်အသားအရေကို သဘာဝဆန်ဆန် ညီသွားဖို့ ထိန်းညှိပေးရပါမယ်။

အဆင့် ၄- Concealer



Concealer ရွေးတဲ့ နေရာမှာ ကိုယ့်အသားအရေ အရောင်နဲ့ ထပ်တူကျပြီး အသားအရေ အမျိုးအစားအလိုက် သင့်တော်တဲ့ Concealer ကို ရွေးသင့်တယ်လို့ Haley က အကြံပေးထားပါတယ်။ Concealer ကိုသုံးတဲ့အခါ သေချာ Blend ဖြစ်သွားဖို့ လက်ညိုးကို သုံးနိုင်သလို Brush ကို သုံးပေးသင့်ပါတယ်။

အဆင့် ၅- Blusher



နောက်တစ်ဆင့်အနေနဲ့ Blusher ကို ဆိုးပေးရပါမယ်။ ဒီထဲမှာတော့ Haley က ပါးကနေစပြီး ပါးစောင်အထိ ပါးနီ လွင်လွင်လေး ဆိုးပြထားပါတယ်။

အဆင့် ၆- ပေါင်ဒါ


မိတ်ကပ်သားကို သိပ်သိပ်လေး ဖြစ်သွားဖို့ Powder နဲ့ ထိန်းပေးရပါမယ်။ ပေါင်ဒါကို Powder Brush နဲ့ ယူကာ မျက်နှာပေါ် ဖြန်ပေးရပါမယ်။

အဆင့် ၇- Bronzer



မျက်နှာမှာ အလင်းချသင့်တဲ့ နေရာ ချဖို့ Bronzer ကို သုံးရပါမယ်။ သူမက နဖူးအောက်နဲ့ မေးစေ့အောက်တွေကို Bronzer နဲ့ အရောင်ချပေးပါတယ်။

အဆင့် ၈- Highlighter


မျက်နှာ ကြည်ပြီး လင်းနေဖို့ Highlighter ကို သုံးပေးရပါမယ်။ Highlighter ကို ပါးစောင်၊ နဖူးပေါ်နဲ့ နှာတံပေါ်၊ နှုတ်ခမ်းထိပ်ပေါ်ကို လိမ်းပေးရပါမယ်။

အဆင့် ၉- မျက်တောင်


မျက်တောင် ကော့ကော့လေး ဖြစ်သွားဖို့ သူမက မျက်တောင်ပိုရှည်တဲ့ Effect ပါတဲ့ Mascara ကို သုံးထားပါတယ်။

အဆင့် ၁၀- မျက်ခုံး


မျက်ခုံးကိုလည်း သဘာဝကျကျ ပြေပြေလေး ခြယ်ပေးရပါမယ်။

အဆင့် ၁၁- နှုတ်ခမ်းနီ


သူမက နှုတ်ခမ်းနီအရောင်ကို နဂို နှုတ်ခမ်းအရောင်နဲ့ သိပ်မကွဲတဲ့ နှုတ်ခမ်းနီကို ရွေးချယ်ထားပါတယ်။ သဘာဝဆန်ဆန် အလှမျိုးကို ပံ့ပိုးပေးတဲ့ နှုတ်ခမ်းနီအရောင်မျိုးကို ရွေးထားတာပါ။

ဒီပုံစံကတော့ သူမရဲ့ Final Look ပါ။


အများကြီး မပြောင်းလဲပေမယ့် မလိမ်းခင်နဲ့ လိမ်းပြီးနောက် သိသိသာသာ ဖြစ်သွားတာကိုတော့ လက်ခံလို့ရပါတယ်။


Source: “Haley Kim”YouTube

By MyStyle Myanmar




Some text some message..