Crystal ကပ်ရတာကြိုက်သူများအတွက် လှပတဲ့ Crystal လက်သည်းဒီဇိုင်းများ
mystylemyanmar.com
|
2021-12-20

လက်သည်းပုံဖော်ရင် Crystal တွေကပ်ရတာကို ကြိုက်တဲ့သူတွေအတွက် လှပတဲ့ Crystal လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ဖို့ ဆိုင်သွားတဲ့အခါကျရင် ဘယ်လိုပုံဖော်ရမလဲဆိုတာကို ထွေထွေထူးထူးစဉ်းစားနေစရာမလိုပဲ ဒီထဲကဒီဇိုင်းတွေကို ကိုယ်ကြိုက်တာ ရွေးလုပ်လိုက်ရုံပဲဆိုတော့ ပိုပြီးအဆင်ပြေတာပေါ့။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လုံးဝကို Bling Bling ဖြစ်ပြီး လှနေမှာပါ။ လူငယ်ဆန်ပြီး အရမ်းလှတဲ့ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။


ဒီလက်သည်းဒီဇိုင်းဆိုရင် အသားဆောင်တဲ့အရောင်လေးကို ဆိုးထားတာဖြစ်ပြီး လက်ချောင်းအကုန် Crystal ကပ်ထားတာမဟုတ်လို့ ရှင်းပြီးပိုလှပါတယ်။ ဘိုဆန်ဆန်လေးနဲ့ အရမ်းလှတဲ့ဒီဇိုင်းမျိုးပါ။


ဒီလက်သည်းဒီဇိုင်းဆိုရင် လက်ချောင်းအကုန် Crystal ကပ်ထားပေမယ့် ကြည့်ရတာ မျက်စိမရှုပ်ပဲ အရမ်းလှပါတယ်။ အရောင်ကလည်း ငြိမ်ငြိမ်လေးနဲ့ အသားဆောင်ပါတယ်။


အဖြူရောင်ဆိုးပြီး Crystal ကပ်ရင် သန့်ပြီး အရမ်းလှပါတယ်။ လက်သည်းအချွန်ထားတဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်သင့်ပါတယ်။


ဒီလက်သည်းဒီဇိုင်းကျတော့ Crystal လည်းကပ်ပြီး၊ ဒီဇိုင်းပုံလည်းဖော်ထားတဲ့အတွက် Fancy ဆန်ပြီး အရမ်းလှပါတယ်။


လက်သည်းကို လေးထောင့်ထားရင် ဒီပုံစံလေး ပုံဖော်ကြည့်ပါ။ သန့်ပြီးအရမ်းလှပါတယ်။


လက်သည်းအချွန်ထားပေမယ့် အဖြူရောင်မဆိုးချင်ဘူးဆိုရင် ဒီအရောင်လေးဆိုးပြီး ဒီလိုမျိုးလေး Crystal ကပ်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။


ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အစိမ်းရောင်မှာ Crystal လေးတွေကပ်ထားတာ အရမ်းလိုက်ဖက်ပြီး လှပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမှာပါ။


တစ်ချောင်းထဲမှာပဲ Crystal အပြည့်ကပ်မယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အရောင်ငြိမ်ပြီး အရမ်းလှပါတယ်။


အဖြူရောင်ဆိုးပြီး ဒီလို Crystal တွေ အများကြီးကပ်လည်း အရမ်းမိုက်ပါတယ်။ လှလည်းလှတာကြောင့် လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမှာပါ။


ဒီလက်သည်းဒီဇိုင်းလေးကတော့ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ လက်သည်းအချွန်ထားပြီး ဘယ်လိုပုံဖော်ရမှန်းမသိရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။


Photo source:www.pinterest.com




Some text some message..