အမျိုးသားများအတွက် မျက်နှာအချိုးအစားအလိုက် ဆံပင်ပုံစံရွေးချယ်နည်း
myanmaplatform.com
|
2018-12-20



အမျိုးသားရော၊အမျိုးသမီးတွေမှာရော ယေဘူယျအားဖြင့်တော့ မျက်နှာပုံစံအချိုးအစားကို ရှစ်မျိုးလောက် ခွဲခြားနိုင်ပါတယ်။ ထောင့်မှန်ပုံသဏ္ဍာန်မျက်နှာ(Rectangular Face)၊ စိန်တုံးပုံသဏ္ဍာန် (Diamond Face)၊ တြိဂံပုံစံ (Triangular Face)၊ လေးထောင့်ပုံစံမျက်နှာ (Square Face)၊ ဘဲဥပုံမျက်နှာ (Oval Face)၊ မျက်နှာရှည် သူများ(Oblong Face)၊ မျက်နှာဝိုင်း (Round Face) နဲ့ Heart Shape Face လို့ခေါ်တဲ့အသဲပုံသဏ္ဍာန်မျက်နှာအချိုးအစားများစွာ ရှိပါတယ်။ ဒီတော့.. ကိုယ့်ရဲ့မျက်နှာအချိုးအစားပေါ် မူတည်ပြီး လိုက်ဖက်မှုရှိတဲ့ ဆံပင်ကေကို ဘယ်လိုပုံစံထားရမလဲ ဆိုတာကိုအမျိုးသားများအတွက် ဖော်ပြပေးလိုက်ပါတယ်။


(၁) Rectangular Face


------------------







ထောင့်မှန်ပုံသဏ္ဍာန်ရှိတဲ့ မျက်နှာပိုင်ရှင်တွေအတွက်တော့ ပါးရိုး၊ မေးရိုးအလှကို ပုံဖော်ပေးနိုင်မယ့် ရိုးရိုးရှင်းရှင်း ဆံပင်ပုံစံနဲ့ လိုက်ဖက်မှုရှိတာကို တွေ့ရမှာပါ။


(၂) Diamond Face


--------------------







စိန်တုံးပုံသဏ္ဍာန်မျက်နှာ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ခုခေတ်စားနေတဲ့ ဆံပင်ဘေးအပြောင်ပုံစံနဲ့ လိုက်ဖက်မှုရှိလှပါတယ်။ မျက်နှာရှင်းရှင်းကြီး ဖြစ်မနေချင်ဘူးဆိုရင်တော့ သေသပ်လှပတဲ့ ပါးသိုင်းမွှေးပုံစံ ထားလို့ရပါတယ်။


(၃) Triangular Face


-------------------







တြိဂံပုံစံလို မျက်နှာပုံသဏ္ဍာန်ရှိတယ်ဆိုရင်အလယ်ဘက်မှာ ဆံပင်အုံထူတဲ့ ဆံပင်ကေမျိုးကို ညှပ်လိုက်ပါ။ ကမ္ဘာကျော်မင်းသား ဘရက်ပစ်ကလည်း တြိဂံပုံစံ မျက်နှာပိုင်ရှင်ဖြစ်တဲ့အတွက် သူ့ရဲ့ ဆံပင်ကေပုံစံကို နမူနာယူပြီး ညှပ်လို့ရပါတယ်နော်။


(၄) Square Face



---------------







လေးထောင့်ဆန်ဆန်မျက်နှာဆိုတာဟာ ယောကျ်ားပီသတဲ့ မျက်နှာပုံစံလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းကလည်း လေးထောင့်ဆန်ဆန်မျက်နှာ ပိုင်ရှင်ပါပဲ။ ဆံပင်ကို နောက်ပြန်လှန်ဖြီးတာမျိုး၊ ဆံပင်ကေထောင်တာမျိုးက လေးထောင့်ပုံစံမျက်နှာ ရှိသူတွေအတွက် သင့်တော်တဲ့ ဆံပင်ပုံစံတွေပဲ ဖြစ်ပါတယ်။


(၅) Oval Face


-----------







ဘဲဥပုံစံမျက်နှာကို ပိုင်ဆိုင်ထားတယ်ဆိုရင် gentleman ဆန်ဆန်ဆံပင်ကေတွေနဲ့ ပိုပြီးလိုက်ဖက်မှု ရှိတာကို တွေ့ရပါတယ်။ ဆံပင်ဘေးခွဲပြီး သပ်သပ်ရပ်ရပ်ထားတာက Oval Faceအတွက် ဆွဲဆောင်မှုရှိစေမှာပါ။


(၆) Oblong Face


-----------------







မျက်နှာရှည်တဲ့သူတွေကတော့ ဆံပင်အုံထူနေတာမျိုး၊ ဆံပင်ရှည်တာမျိုးနဲ့ လုံးဝလိုက်ဖက်မှု မရှိပါဘူး။ ဆံပင်တိုတိုနဲ့ သေသပ်မှုရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ကောင်းနေပါပြီ။


(၇) Round Face


------------------







မျက်နှာဝိုင်းတွေကတော့ ဆံပင်ရှည်တာနဲ့ လိုက်ဖက်မှု ရှိပါတယ်။ ကိုယ့်ရဲ့လုံးဝန်းနေတဲ့ မျက်နှာကို ဖုံးအုပ်ဖို့အတွက် ဆံပင်အရှည်ကို ဘေးမှာချထားတာက ဆွဲဆောင်မှုရှိစေမှာအမှန်ပါပဲ။


(၈) Heart Face


----------------







အသဲပုံမျက်နှာပိုင်ရှင်တွေအနေနဲ့ ဆံပင်ကိုခပ်ထူထူထားပြီး နောက်ပြန်လှန်ဖြီးတာက တကယ့်ကို ကြည့်ကောင်းမယ့် Hair Style ဖြစ်စေမှာပါ။ ဆံပင်တိုတိုကပ်ကပ် ပုံစံတွေကတော့ Heart Face ပိုင်ရှင်တွေနဲ့ လိုက်ဖက်မှုှမရှိပါဘူး။




Some text some message..