သင်ဘယ်လိုလူလဲဆိုတာကို ဖော်ပြနေတဲ့ သင့်ရဲ့လက်ပိုက်ပုံအနေအထား
lifestylemyanmar.com
|
2022-01-12

ကျွန်တော်တို့ရဲ့ လက်ပိုက်တဲ့ ပုံစံအနေအထားက ကျွန်တော်တို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ တွေးခေါ်ပုံအကြောင်းကို များစွာ ဖော်ပြနိုင်ပါတယ်။

၁။ ဘယ်လက်ကို ညာလက်အပေါ်ထပ်ပြီး ပိုက်ထားတတ်ရင်

ဒါက သင့်ရဲ့ညာဘက်ဦးနှောက်က ပိုဖွံ့ဖြိုးနေတယ်လို့ ဆိုလိုတာပါ။

ညာဘက်ဦးနှောက်က တီထွင်ဖန်တီးနိုင်မှု၊ စိတ်ခံစားမှုနဲ့ အလိုလိုသိမြင်နိုင်စွမ်းကဲ့သို့သော သိမြင်မှုစွမ်းရည်တွေနဲ့ ဆက်စပ်နေတာကြောင့် သင်ဟာ သဘာဝအားဖြင့် အနုပညာရှင်တစ်ယောက်၊ တရားထိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ စိတ်အပြောင်းအလဲကို ခံစားနိုင်ပါတယ်။ တခြားသူတွေ ဘာတွေးနေလဲဆိုတာ သိဖို့အရမ်းလွယ်တာမျိုး (ဒါမှမဟုတ်) သူတို့က သင့်ကို ဖွင့်မပြောရင်တောင် ခံစားရတာမျိုးပါ။

ဆုံးဖြတ်ချက်တွေ ချတဲ့အခါတိုင်းမှာ ကိုယ့်စိတ်နဲ့ ကိုယ်ဆုံးဖြတ်နိုင်ပါတယ်၊ ဒါပေမယ့် အခြေအနေက အရမ်းစိုးရိမ်ရပြီး ကြေးမြင့်တဲ့အခါ အရာရာကို ဆန်းစစ်ဝေဖန်ပြီး အကဲဖြတ်တာမျိုး ပြုလုပ်ပါလိမ့်မယ်။

Relationship – သင်ဟာ စာနာတတ်တဲ့ ချစ်သူတစ်ယောက်ပါ။ လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကို နားလည်ပေးနိုင်ပါတယ်။ သင့်ရဲ့ နွေးထွေးမှုနဲ့ ချစ်ခင်မှုတွေကြောင့် သင့်လက်တွဲဖော်က ဘဝမှာ သင့်ကို ပိုင်ဆိုင်ခွင့်ရတာ ကံကောင်းတယ်လို့ ခံစားရပါမယ်။ စိတ်ခံစားမှုကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်စွမ်းက အရာရာကို မှန်မှန်ကန်ကန် သတ်မှတ်ဖို့ ကူညီပေးပါတယ်။

ဘယ်သန်အတော်များများက ညာဘက်ဦးနှောက် ဖွံ့ဖြိုးကြပါတယ်။

အသက်မွေးဝမ်းကြောင်းအရ – သင်ဟာ အနုပညာ၊ နိုင်ငံရေး၊ ဂီတ၊ အားကစား (သို့) တီထွင်မှုနဲ့ ဖန်တီးမှုနှင့် ပတ်သတ်တဲ့ လောကထဲမှာ လုပ်ရနိုင်ခြေများပါတယ်။

နာမည်ကြီး ဆယ်လီတွေ- Steve Jobs, Stephen Spielberg, Picasso


၂။ ညာလက်ကို ဘယ်လက်ပေါ်ထပ်ပြီး ပိုက်ထားတတ်ရင်

ဒါက သင့်ဘယ်ဘက်ဦးနှောက်က ပိုဖွံ့ဖြိုးနေတယ်လို့ ဆိုလိုပါတယ်။

ဘယ်ဘက်ဦးနှောက်ကို ယုတ္တိဗေဒဖြင့် လွှမ်းမိုးထားတာကြောင့် သင်ဟာ ဆင်ခြင်တုံတရားရှိတဲ့ လူသားတစ်ယောက်ဖြစ်ပါတယ်။ လုံ့လဝီရိယနဲ့ စည်းရုံးတတ်သူတစ်ယောက်ပါ။ အောင်မြင်မှုက သင့်ဆီလွယ်လွယ်နဲ့ ရောက်လာတတ်ပါတယ်။ သင်ဟာ တိရိစ္ဆာန် ချစ်မြတ်နိုးသူလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ရဲ့ စိတ်ခံစားချက် (သို့) ခံစားချက်တွေက သင့်ကို လွှမ်းမိုးနေပါတယ်။

ကိုယ်ရေးကိုယ်တာ (သို့) ပရော်ဖက်ရှင်နယ် ကိစ္စရပ်တွေမှာ ဆုံးဖြတ်ချက်ချဖို့ ပင်ကိုယ်ဉာဏ်ကို အသုံးမပြုပါနဲ့၊ အဲဒီအစား ကောက်ချက်ချဖို့အထိ အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်ပါ။ လူတွေက သင့်ရဲ့ဉာဏ်ရည်ဉာဏ်သွေး၊ ထေ့လုံး၊ ဟာသဉာဏ်တွေကို ချစ်မြတ်နိုးနိုင်ပါတယ်။ သင့်မှာ ထက်မြက်တဲ့စိတ်ရှိတာကြောင့် သင့်ကိုမလှည့်စားခင် နှစ်ကြိမ်စည်းစားရနိုင်ပါတယ်။

Relationship – သင့်မှာ လူတွေကို ဆွဲဆောင်နိုင်တဲ့ အေးဆေးတည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေး၊ စတိုင်နဲ့ ကျက်သရေရှိပါတယ်။ သင့်ရဲ့ ဆွဲဆောင်မှုရှိသော သဘောထားက သင့်လက်တွဲဖော်နဲ့ အလွယ်တကူ connect ဖြစ်စေဖို့ ကူညီပေးပါတယ်။ ပြီးတော့ သင့်ရဲ့နူးညံ့သိမ်မွေ့တဲ့ ချဉ်းကပ်မှုနဲ့ ပြက်လုံးအတိုလေးတွေက သင့်ကို ချစ်ဖို့ကောင်းအောင် လုပ်ပေးပါတယ်။

အသက်မွေးဝမ်းကြောင်းအရ – သင်ဟာ ရှေ့နေ (သို့) ဘဏ်ဝန်ထမ်း (သို့) သိပ္ပံပညာရှင် ဖြစ်ပါတယ်။

နာမည်ကြီး ဆယ်လီများ – အိုင်းဇက်နယူတန်၊ အဲလ်ဘတ် အိုင်းစတိုင်း၊ ဘီလ်ဂိတ်


၃။ လက်နှစ်ဖက်လုံးက ဆန့်ကျင်ဘက် လက်မောင်းတွေပေါ်မှာ အုပ်ထားတတ်ရင်

ဒါက ဘယ်ဦးနှောက်ကော ညာဦးနှောက်ပါ အင်အားမကြီးမားဘူးလို့ ဆိုလိုပါတယ်။

လက်နှစ်ဖက်လုံး လွတ်သွားအောင် လက်ပိုက်တဲ့အခါ ဦးနှောက်ရဲ့ ကွဲပြားတဲ့ ဘက်တွေအကြားညီမျှခြင်းက သင့်ရဲ့ညာဦးနှောက်နဲ့ ဘယ်ဦးနှောက်စရိုက်တွေက အတူတူ အလုပ်လုပ်တယ်လို့ ဆိုလိုပါတယ်။ ဒီကိုယ်ရည်ကိုယ်သွေးအမျိုးအစားက အပေါ်မှာဖော်ပြထားတဲ့ ကိုယ်ရည်ကိုယ်သွေးနှစ်မျိုးလုံးရဲ့ စရိုက်လက္ခဏာတွေကို ပြသမှာ ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ဟာ အလိုလိုသိနိင်တဲ့အပြင် ယုတ္တိရှိနိုင်ပါတယ်။ ထိုသို့သော မျှခြေကို ထိန်းသိမ်းခြင်းက ပရော်ဖက်ရှင်နယ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေကို ပြေလည်အောင် ကူညီပေးပါတယ်။

သင်ဟာ ဘဝရဲ့ရည်ရွယ်ချက်ကို သိတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော သူတစ်ယောက်ပါ။ သင့်မှာ ပြတ်သားတဲ့စိတ်ရှိတာကြောင့် သင့်ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ သံသယမဝင်ပါနဲ့၊ လူတိုင်းကို လေးလေးစားစား ဆက်ဆံတဲ့အတွက် သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ လူတွေက သင့်ကို စောင့်မျှော်နေပါတယ်။

သင်ဟာ ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မွေးရာပါ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ လူတွေကို သဘာဝအတိုင်း လှုံ့ဆော်ပေးနိုင်ပါတယ်။ သင့်မှာ များပြားလှတဲ့ ပရိတ်သတ်နောက်လိုက်ရှိနေတာက အံ့သြစရာမရှိပါဘူး။ သင့်ရဲ့ကြင်နာမှု၊ ရိုးသားမှုနဲ့ သဘာဝအလျောက် ကူညီတတ်မှုက လူတွေကို ဆွဲဆောင်ပါတယ်။

Relationship – သင်ဟာ ကိုယ့်ရဲ့အတွေးနဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ပွင့်လင်းမြင်သာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တာကြောင့် သင့်လက်တွဲဖော်နဲ့ အလွယ်တကူ connect ဖြစ်နိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အဲဒီပထမခြေလှမ်းကို လှမ်းဖို့ မတွန့်ဆုတ်ပါနဲ့။ အထင်အမြင်လွဲမှားခြင်း (သို့) အပြင်းအထန်ငြင်းခုံပြီးနောက်မှာတောင် သင်ဟာ စကားစပြောမယ့်သူပါ။ စပရိုက်တွေကို အကောင်းဆုံးစီစဉ်နိုင်ပြီး ချစ်သူအတွက် သင့်လျော်တဲ့ လက်ဆောင်တွေကို ရွေးချယ်နိုင်ပါတယ်။ သင်တို့နှစ်ဦးကြားက ဆက်ဆံရေးကို ပိုနက်ရှိုင်းလာစေဖို့အတွက် ဘယ်ခြေလှမ်းမဆို လှမ်းနိုင်ပါတယ်။

အသက်မွေးဝမ်းကြောင်း – သင့်ရဲ့ စွယ်စုံရ သဘောသဘာဝကြောင့် ဘယ်လုပ်ငန်းမဆို သင့်တော်ပါတယ်။


Lifestyle_Myanmar

LM_Nandar

Source-themindsjournal.c




Some text some message..