ပရော်ဖက်ရှင်နယ်အကူအညီမပါဘဲ သင့်အတွက် ပြီးပြည့်စုံတဲ့ မိတ်ကပ်ကို ဘယ်လိုရွေးချယ်မလဲ?
lifestylemyanmar.com
|
2022-01-18

မှန်ကန်သော မိတ်ကပ်ကို ရွေးချယ်ခြင်းက သင့်ရဲ့ သဘာဝအသွင်အပြင်ကို မြှင့်တင်ပေးတဲ့အခါမှာ ကြီးကျယ်ခမ်းနားသောအရာဖြစ်ပါတယ်။ သို့ပေမယ့် အသားတူတဲ့ တစ်ခြားလူတစ်ယောက်နဲ့ မိတ်ကပ်တစ်မျိုးတည်းသုံးတဲ့အခါ နောက်ဆုံးရလဒ်က ကွဲပြားတာကို သတိပြုမိပါလိမ့်မယ်။ အဓိကကတော့ undertone ဖြစ်ပါတယ်။

မှားယွင်းတဲ့ မိတ်ကပ်အမျိုးအစားကို ရွေးချယ်မိတဲ့အခါမှာ ပိုက်ဆံကုန်ရတာက တော်တော်စိတ်ပျက်စရာပါ(စျေးကြီးသည်ဖြစ်စေ၊ စျေးပေါသည်ဖြစ်စေပေါ့)။ သင့်ရဲ့ အသားအရောင်အစစ်အမှန်ကို သိပြီး သင့်ရဲ့ လှပထူးခြားသောအသားအရေတွေအတွက် သင့်လျော်တဲ့ထုတ်ကုန်တွေကို ရွေးချယ်နိုင်ဖို့ ကူညီပေးချင်ပါတယ်။

၁။ သင့်ရဲ့ natural tone နှင့် undertone ခြားနားချက်ကို သိပါ


သဘာဝအသားအရောင်တူညီတဲ့လူနှစ်ယောက်မှာ ကွဲပြားတဲ့ undertone တွေရှိနိုင်ပါတယ်။ ဖောင်ဒေးရှင်းလိုမျိုး အလှကုန်တွေရဲ့ အရောင်အမျိုးအစားတွေက ၎င်းတို့အပေါ်မှာ ကွဲပြားခြားနားစွာ ဖန်တီးပေးပါတယ်။

သင်မြင်တွေ့ရနိုင်မယ့် သင့်မျက်နှာပြင်အရေပြားအရောင်တွေကတော့ ဆင်စွယ်၊ အလင်း၊ အလတ်စား၊ အညိုရောင်စသဖြင့်ရှိနိုင်ပါတယ်။ undertone ဆိုတာက warm (တော်တော်လေးဖြူခြင်း)၊ neutral (အဖြူနဲ့ အညိုကြားက အရောင်)၊ cool (အညိုရောင်) စသဖြင့် အမျိုးမျိုးရှိပြီး သင့်အသားအရေမျက်နှာပြင်အောက်ခံအရောင်ဖြစ်ပါတယ်။

၂။ သင့်ရဲ့ warm, neutral နှင့် cool tones တွေကို နားလည်ပါ


သင့်တင့်သော အသားအရေအရောင်တွေမှာ cool undertones တွေရှိကြပြီး ညိုသောအသားအရောင်တွေမှာတော့ သဘာဝအတိုင်း warm undertones တွေရှိကြတယ်လို့ ဆိုကြပါတယ်။ ဖြူတဲ့အသားအရေရှိသူတွေက warm undertone ရှိကောင်းရှိနိုင်ပြီး ညိုသောအသားအရေရှိသူတွေက cool undertone လည်းရှိကောင်းရှိနေနိုင်ပါတယ်။

သင့်မှာ pinkish (ပန်းနုရောင်)၊ reddish (အနီရောင်သန်းသော)၊ bluish hue (ပြာလဲ့လဲ့အရောင်)တွေရှိမယ်ဆိုရင် သင့်မှာ cool undertone ရှိပါတယ်။ အကယ်၍ Yellowish( အဝါရောင်သန်းသော ), peachy(မက်မွန်သီးအရောင် ), golden glow( ရွှေရောင်သန်းနေသော )တွေရှိမယ်ဆိုရင် သင့်မှာ warm undertone ရှိပါတယ်။ သင့်မှာ အပေါ်ကနှစ်ခုစလုံး မျှတစွာရောနှောထားမယ်ဆိုရင် သင့် undertone က neutral ဖြစ်နေပါလိမ့်မယ်။

၃။ ရိုးရှင်းတဲ့ အချက်အလက်တွေနဲ့ သင့်ရဲ့ undertone ကို ရှာနိုင်ပါတယ်


သင့်အနေနဲ့ သင့်ရဲ့ undertone ကို ပရော်ဖက်ရှင်နယ်မိတ်ကပ်ပညာရှင်အကူအညီမလိုဘဲ သင်ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ တစ်ချို့ရိုးရှင်းတဲ့အချက်တွေက သင့်အိမ်မှာတင် စမ်းသပ်နိုင်ပါတယ်။

သွေးပြန်ကြောစမ်းသပ်မှု – သင့်ရဲ့ သွေးပြန်ကြောအရောင်တွေကို မှတ်သားပါ။ အစိမ်းရောင်သွေးပြန်ကြောတွေက warm undertone တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခရမ်းရောင် (သို့) အပြာရောင်သွေးပြန်ကြောတွေက cooler undertone ကို ဆိုလိုပါတယ်။ အရောင်နှစ်မျိုးလုံးရောစပ်နေခြင်းက neutral undertone ဖြစ်ပါတယ်။

လက်ဝတ်ရတနာစမ်းသပ်မှု – သင့်ကို ကြည့်ကောင်းစေတာက ရွှေနဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေဆိုရင် warm undertone ဖြစ်ပြီး ငွေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေက သင်နဲ့ ပိုလိုက်ဖက်တယ်ဆိုရင် cool undertone ဖြစ်ပါတယ်။

နေရောင်ခြည်စမ်းသပ်မှု – သင်ဟာ warm undertone ကို ပိုင်ဆိုင်သူဖြစ်တယ်ဆိုရင် နေရောင်အောက်မှာ ရွှေရောင်တောက်ပလေ့ရှိပြီး cool undertone သမားတွေကတော့ အနီရောင် (သို့) ပန်းရောင်အဖြစ်သလို့ ပြောင်းလဲပြီး နေရောင်အောက်မှာ အသားအရေပျက်စီးလွယ်ပါတယ်။

၄။ အကယ်၍ သင့်မှာ warm undertone ရှိတယ်ဆိုရင် ဒီအရာကို စမ်းကြည့်သင့်ပါ


ဖောင်ဒေးရှင်း – ပန်းရောင်ဖျော့ဖျော့ဖောင်ဒေးရှင်းက သင့်အတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ အလှကုန်အမှတ်တံဆိပ်တော်တော်များများမှာ cool skin အတွက် ရည်ရွယ်ထားတယ်ဆိုရင် C ဆိုတဲ့ တံဆိပ်ကို ကပ်ထားပါတယ်။

နှုတ်ခမ်းနီ – ဘယ်ရီသီးအရောင်ကို အခြေခံထားတဲ့ ပြာလဲ့လဲ့နှုတ်ခမ်းနီ၊ ခရမ်းရောင် နှုတ်ခမ်းနီတွေဟာ စမ်းကြည့်သင့်တဲ့ သင်နဲ့ လိုက်ဖက်နိုင်မယ့်အရောင်တွေဖြစ်ပါတယ်။

Blush – အားစိုက်ထုတ်ပြီး လိမ်းစရာမလိုဘဲ မက်မွန်သီးအရောင် ခပ်ဖျော့ဖျော့ (သို့) ပန်းရောင်ခပ်ဖျော့ဖျော့တွေကို အခြေခံထားတဲ့ Blush တွေကို ရွေးချယ်သင့်ပါတယ်။

၅။ neutral undertone ရှိသူဆိုရင် ဒီအချက်ကို စမ်းကြည့်သင့်ပါတယ်


ဖောင်းဒေးရှင်း – အဝါရင့်ရင့် (သို့) ပန်းရောင်သိပ်မကျတဲ့အရောင်တွေကို ရွေးသင့်ပါတယ်။ တစ်ချို့အမှတ်တံဆိပ်တွေဟာ neutral undertone သမားတွေအတွက်

N

လို့ ထည့်သွင်းထားတာမျိုးလည်းရှိပါတယ်။

နှုတ်ခမ်းနီ – သင့်မှာ မျှတသော သဘာဝအရောင်ရှိမယ်ဆိုရင် ပန်းရောင်တွေက သင့်အတွက် လှပနေပါလိမ့်မယ်။ ညိုသောအသားအရေအတွက် mauve နှင့် berry shades တွေက သင့်အတွက် တောက်ပသော အပြုံးတွေကို ပေးနိုင်ပါတယ်။

Blush – ဘယ်လိုအရောင်မျိုုးမဆို သင့်အတွက် အဆင်ပြေတာမို့ သင်ဟာ ကံကောင်းသူတစ်ယောက်ပါ။ ပျော့ပျော့တဲ့အရောင်တွေကတော့ သင့်ကို ယုံကြည်မှုပိုရှိစေတာပေါ့။

Lifestyle_Myanmar

Nyein_Thu




Some text some message..