ပျိုမေတို့အတွက် ပုရိသတို့ရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်စေမယ့် ဖက်ရှင်ဝတ်ဆင်ပုံများ
mystylemyanmar.com
|
2022-01-25

မိန်းကလေးတိုင်း ကိုယ်သဘောကျရတဲ့ အမျိုးသားလေးရဲ့ ရှေ့မှာ အလှဆုံးဖြစ်ချင်၊ အငေးခံချင်ကြပါတယ်။ သူတို့ဆီက သင့်ကို “အရမ်းလှတယ်” လို့ ပြောရင်တော့ အတိုင်းထက် အလွန်ပေါ့။ ပျိုမေတို့အနေနဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်ဖို့ ဝတ်ဆင်ပုံ ဖက်ရှင်တွေကို သိထားသင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တတ်ဖို့ပါ ဖက်ရှင်ဝတ်စုံတွေကို လေ့လာထားသင့်ပါတယ်။ ဒီတော့ ချစ်ရသူနဲ့ တွေ့ဆုံတဲ့အခါ ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ ဘယ်လို ဖက်ရှင်ဝတ်ဆင်ပုံတွေက ပုရိသတွေကို ဆွဲဆောင်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ကျောပြောင်အင်္ကျီ



ကျောဘက် ဘာမှမပါတဲ့ ဝတ်စုံဖက်ရှင်များက အမျိုးသားတွေရဲ့ နှလုံးသားကို ခူးဆွတ်နိုင်ပါတယ်တဲ့။

၂။ ကွတ်တိကျတဲ့ ဂျင်းဘောင်းဘီ



စကပ်၊ ဂါဝန်ဝတ်မှ ယောက်ျားလေးတွေ ကြိုက်တာ မဟုတ်ပါဘူး။ သင်နဲ့ ကွက်တိတော်တဲ့ ဘောင်းဘီတွေကလည်း သူတို့ မျက်လုံးထဲ ဆွဲဆောင်မှု ရှိတယ်လို့ မြင်ရစေပါတယ်။

၃။ Sweater ဝတ်စုံ



ယောက်ျားလေးတွေက ထိတွေ့တဲ့အခါ နူးညံ့တဲ့၊ ချောမွေ့တဲ့ အင်္ကျီအသားတွေကို သဘောကျတတ်ပါတယ်။ Sweater ဝတ်စုံတွေက အမျိုးသားတွေရဲ့ အာရုံကို အပြည့်ယူထားနိုင်ပါတယ်။

၄။ Oversized Hoodie



Oversized Hoodie ကို အောက်က စကပ်ပုံစံဝတ်တဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက ချစ်စရာကောင်းတယ်လို့ မြင်တတ်ကြပါတယ်။

၅။ ဂါဝန်



ဂါဝန်ကိုမှ အနက်က ပုရိသတွေရဲ့ ရင်ထဲကို တိုက်ရိုက်ရောက်နိုင်မယ့် ဖက်ရှင်ပါ။

၆။ သူတို့နှစ်သက်တဲ့ အရောင်



ယောက်ျားလေးတိုင်းမှာ သူတို့ နှစ်သက်တဲ့ Favorite Color ဆိုတာ ရှိတတ်ပါတယ်။ သူတို့ နှစ်သက်တဲ့ အရောင်ကို မိန်းကလေး တစ်ယောက်က ဝတ်လိုက်တဲ့အခါ မျက်လုံးကျွတ်ကျ မတတ် ကြည့်တတ်ကြပါတယ်။ သင့်အနေနဲ့ သူတို့ ဘာအရောင်ကြိုက်လဲ လေ့လာထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..