ဝတ်ရတာပေါ့ပါးမှုရှိပြီးချစ်ဖို့ကောင်းနေစေမယ့် စကပ်အတိုဖက်ရှင်များ
mystylemyanmar.com
|
2022-02-21

စကပ်အတိုလေးတွေဝတ်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ဝတ်ရတာပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းနေစေမယ့် စကပ်အတိုဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

စကပ်အကွက်လေးတွေကို ရှပ်အင်္ကျီဗြောင်လေးတွေနဲ့ တွဲဝတ်တာက ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။ ဖိနပ်ကို ဒီလိုလေးတွေစီးတာကတော့ ၂၀၂၂ မှာ အရမ်းခေတ်စားလာပါလိမ့်မယ်။


စကပ်လေးတွေကို ဒီလိုမိန်းကလေးဆန်တဲ့ အင်္ကျီလက်ရှည်လေးတွေနဲ့လည်း တွဲဝတ်ကြည့်ပါ။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။


Mini စကပ်အတိုလေးတွေကို တီရှပ်လက်ရှည်အပွတွေနဲ့ တွဲဝတ်လိုက်ရင် လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းစေပါတယ်။


တီရှပ်လက်ရှည်အပွလေးတွေကို ဒီလိုစကပ်ဒီဇိုင်းဆန်းတာလေးတွေနဲ့ တွဲဝတ်ရင်လည်း ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။


Mini စကပ်အကွက်လေးတွေကို ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်ရင် ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။


တီရှပ်အပွလေးတွေ၊ ဗြောင်လေးတွေကို ဂျင်းစကပ်လေးတွေနဲ့ တွဲဝတ်တာမျိုးကတော့ လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးနဲ့ အရမ်းချစ်ဖို့ကောင်းစေပါတယ်။


ဒီလိုစကပ်ဖက်ရှင်လေးကတော့ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ cute type လေးမို့ မိန်းကလေးဆန်တာလေးတွေ၊ cute type လေးတွေကြိုက်တဲ့သူတွေ ဝတ်သင့်ပါတယ်။


ဒီလိုစကပ်လေးတွေကိုဝတ်ရင် အင်္ကျီအဖြူလေးတွေနဲ့သာ တွဲဝတ်ပါ။ ဝတ်ရတာအရမ်းပေါ့ပါးပြီး ချစ်ဖို့ကောင်းစေပါတယ်။ နွေရာသီမှာဆို အရမ်းဝတ်လို့ကောင်းတဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။


ဂျင်းစကပ်အကျပ်လေးတွေကို ရှပ်အင်္ကျီလေးတွေနဲ့တွဲဝတ်တာကတော့ အရမ်းပေါ့ပါးမှုရှိတဲ့ပုံစံလေး၊ simple look လေး ရစေပါတယ်။


ဒီဖက်ရှင်လေးကတော့ ကိုရီးယားမလေးတွေဝတ်နေကျ ဖက်ရှင်မျိုးလေးပါ။ ပေါ့ပါးတဲ့ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။


Photo source:www.pinterest.com




Some text some message..