နှုတ်ခမ်းဖူးဖူးပြည့်ပြည့်လေးဖြစ်နေစေဖို့ အကြံပြုချက် (၆)ချက်
lifestylemyanmar.com
|
2022-03-07

ဒီနေ့မှာတော့ နှုတ်ခမ်းပါးတဲ့ ပျိုမေတွေအတွက် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းဖူးဖူးလေး ဖြစ်နေစေဖို့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ နှုတ်ခမ်းသားကို Exfoliate လုပ်ပါ

ပထမဆုံးအနေနဲ့ သင့်နှုတ်ခမ်းကို ရေဓါတ်ကောင်းကောင်းဖြည့်ပေးပြီး Exfoliate လုပ်ပေးဖို့ လိုပါတယ်။ ကော်ဖီမှုန့်၊ သကြားနဲ့ သစ်ကြံပိုးခေါက်ဆီတွေပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ သင့်ကိုယ်ပိုင် အိမ်လုပ် Scrub ပြုလုပ်နိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် လိမ်းပေးရင် သိသိသာသာ ကွဲပြားတာကို တွေ့ရမှာပါ။


၂။ အရောင်ဖျော့တဲ့ နှုတ်ခမ်းနီ ဆိုးပေးပါ

Light color တွေက နေရာကျယ်ကျယ်နဲ့ ကျယ်ဝန်းတဲ့ ခံစားချက်ကို အမြဲပေးပါတယ်။ ကျွန်မတို့ နှုတ်ခမ်းတွေအတွက်လည်း အတူတူပါပဲ။ အကောင်းဆုံးကတော့ အရောင်ဖျော့ဖျော့ကို ဆိုးဖို့ပါပဲ။ ဒါမှ နှုတ်ခမ်းပိုထူသလို ခံစားရစေမှာဖြစ်ပါတယ်။


၃။ နှုတ်ခမ်းဖူးဖူးလေးဖြစ်စေဖို့ နှုတ်ခမ်းလိုင်းဖော်ပါ

ကျွန်မတို့ နှုတ်ခမ်းနီဆိုးတဲ့အခါ lipliner ဆိုးလေ့မရှိကြပါဘူး။ နှုတ်ခမ်းသား ပိုပြည့်အောင်လုပ်မယ်ဆိုရင် နှုတ်ခမ်းလိုင်းတွေေကို ပုံဖော်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ်ဆိုးမယ့် နှုတ်ခမ်းနီရဲ့ အရောင်နဲ့ လိုက်ဖက်သော Lip liner ကိုအသုံးပြုပါ၊ နှုတ်ခမ်းရဲ့ သဘာဝအစွန်းပေါ်မှာ လိမ်းပါ။ အပေါ်၊ ထောင့်နဲ့ နှုတ်ခမ်းအောက်ခြေကို အမှတ်အသားလုပ်ပါ။ ပြီးနောက် နှုတ်ခမ်းနီကို လက်ချောင်းတွေနဲ့ သဘာဝအတိုင်း ဆိုးပေးပါ။


၄။ Gloss ဆိုးပါ

Lip gloss ကတောက်ပစေရုံသာမက နှုတ်ခမ်းထူတဲ့ အသွင်အပြင်ကို ဖန်တီးပေးပါတယ်။ ဒါ့ကြောင့် matte lipsticks ကို ဆိုးပြီးရင် ဒီခံစားမှုကို ဖန်တီးဖို့ gloss လေးထပ်ဆိုးပေးနိုင်ပါတယ်။


၅။ နှုတ်ခမ်းနီ နှစ်ရောင်ဆိုးပါ

နောက်ထပ်လှည့်ကွက်တစ်ခုက သင့်နှုတ်ခမ်းကို လိုက်ဖက်တဲ့ အရောင်နှစ်မျိုးနဲ့ ခြယ်ပြီး ပိုထူသယောင် ဖန်တီးပါ။ နှုတ်ခမ်းအလယ်မှာ အရောင်ဖျော့တာကို ခြယ်ပြီး ကျန်နှုတ်ခမ်းမျက်နှာပြင်ပေါ်မှာ ပိုရင့်တဲ့အရောင်ကို ရောစပ်ပါ၊ ဒါက ပိုထူတဲ့ ခံစားချက်ကို ပေးပါလိမ့်မယ်။

၆။ ပေါင်ဒါနဲ့ ရှဲဒိုးတွေ လိမ်းပါ

နောက်ဆုံးအနေနဲ့ နှုတ်ခမ်းနီကို ကောင်းကောင်းညှိဖို့နဲ့ မတူညီတဲ့သက်ရောက်မှုကိုလည်းဖန်တီးဖို့ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းအလယ်မှာ လက်ချောင်းလေးတွေနဲ့ မိတ်ကပ်ပေါင်ဒါ (သို့) ရှဲဒိုးကို လိမ်းပေးနိုင်ပါတယ်။ နှုတ်ခမ်းက ကျွန်မတို့ရဲ့ မိတ်ကပ်လိမ်းခြင်းမှာ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ lipstick (သို့) lip gloss မဆိုးဘဲနေရင် ကျွန်မတို့မျက်နှာပေါ်မှာ အရောင်အသွေးမရှိဘဲ လူမမာပုံပေါက်စေပါတယ်။ ဒါ့ကြောင့် သင့်မှာ သေးငယ်ပြီး ပါးလွှာတဲ့ နှုတ်ခမ်းရှိလို့ နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်ရင် အထက်ပါအကြံပြုချက်တွေကို လက်တွေ့ကျင့်သုံးနိုင်ပါတယ်။

နှုတ်ခမ်း ပြည့်ပြည့်ဖူးဖူးလေးဖြစ်ဖို့အတွက် သဘာဝနည်းများ

နောက်တစ်ခုကတော့ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းနှစ်ခုအကြောင်း ပြောပြချင်ပါတယ်။ သင်လုပ်ရမှာက နှုတ်ခမ်းသားကို ပိုပြည့်ပြီး ဆွဲဆောင်မှုဖြစ်စေဖို့ သဘာဝထုတ်ကုန်တွေကို အသုံးပြုပါ။

၁။ နေရောင်ကာကွယ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့

နှုတ်ခမ်းကို UV rays တွေကနေလည်း ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒါကို ကျွန်မတို့ မကြာခဏဆိုသလို မေ့သွားတတ်ပါတယ်။ နေရောင်က ကျွန်မတို့ အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်ဒဏ်ကို တိုက်ဖျက်ဖို့ နေရောင်ကာကွယ်တာကို လိမ်းပါ။

၂။ Cinnamon နဲ့ vaseline

သစ်ကြံပိုးခေါက်မှာ ကောင်းမွန်တဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေရှိပြီး လှပတဲ့ နှုတ်ခမ်းသားလေး ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ရေနံဂျယ်လီနည်းနည်းလေးကို သစ်ကြံပိုးခေါက်မှုန့်တစ်ဇွန်းနဲ့ ရောမွှေပါ။ ရလာတဲ့ product ကို နှုတ်ခမ်းပေါ်လိမ်းပြီး ၁၀မိနစ်လောက်ထားလိုက်ပါ။ ၁၀မိနစ်ပြည့်သွားရင် ရေနွေးနွေးလေးနဲ့ဖယ်ရှားပြီး သစ်ကြံပိုးမပါတဲ့ petroleum jelly အနည်းငယ်လိမ်းပေးပါ၊ သင့်နှုတ်ခမ်းတွေ နူးညံ့ပြီး ပြည့်လာပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source-steptohealth.




Some text some message..