မိတ်ကပ်ပုံစံမပျက်ဘဲ တစ်နေကုန်လှနေဖို့ ပြုလုပ်ပေးနိုင်တဲ့အရာ (၆) မျိုး
mystylemyanmar.com
|
2022-03-17

ကိုယ့်မိတ်ကပ်ကို လိမ်းထားပြီး အချိန်အတော်ကြာပုံစံမပျက်စေဖို့က ထင်သလောက်တော့ မလွယ်ကူပါဘူး။ အခုလိုကာလအပြင်သွားတဲ့အခါ Mask တပ်ရတာ၊ ရာသီဥတုပူပြီး ချွေးထွက်များတာတွေကြောင့်လည်း မိတ်ကပ်ကလွယ်လွယ်နဲ့ ပုံစံပျက်တတ်ပါတယ်။ ဒီလို အချိန်တိုအတွင်းမိတ်ကပ်ပျယ်ပြီး ကြည့်ရဆိုးသွားတဲ့ ပြဿနာကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ မိတ်ကပ်ကြာရှည်ခံဖို့ မိတ်ကပ်မလိမ်းခင်နဲ့ လိမ်းတဲ့အခါ ပြင်ဆင်ပြုလုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်နှာကို Exfoliate လုပ်ပေးပါ


မိတ်ကပ်ကြာရှည်ခံဖို့ထိထိရောက်ရောက်ကူညီပေးနိုင်တဲ့ အချက်တစ်ခုကတော့ မျက်နှာကိုပုံမှန် ချေးချွတ်ပေးတာပဲဖြစ်ပါတယ်။ Exfoliate လုပ်တာက မျက်နှာပေါ်ကမလိုအပ်တဲ့ အညစ်အကြေးနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပြီးသားဖြစ်စေတာမို့ သင့်အသားအရေကိုကြည်လင်စေပြီး မိတ်ကပ်စိမ့်ဝင်အားလည်း ပိုကောင်းစေပါလိမ့်မယ်။

၂။ မိတ်ကပ်လိမ်းတဲ့အခါ Primer တစ်ထပ်ခံပေးပါ


Primer လိမ်းတာက မျက်နှာအသားအရောင်ညီပြီး ချောမွတ်သွားစေတဲ့အပြင် အရေးအကြောင်းအချို့ကိုပါ ဖုံးပေးနိုင်ပါတယ်။ ကိုယ်လိမ်းမယ့် မိက်ကပ်သားကိုလည်း အချိန်အတော်ကြာ ပုံမပျက်ဘဲ တစ်သားထဲဖြစ်စေတာကြောင့် မိတ်ကပ်မလိမ်းခင်မှာ ပထမဆုံး Primer ခံပေးပါ။

၃။ တစ်ပတ်တစ်ခါ Clay Mask ကပ်ပေးပါ


အဆီခဏခဏပြန်တဲ့သူတွေဆိုရင် မိတ်ကပ်ကြာကြာခံဖို့ပိုခက်တတ်တာကြောင့် အဆီပြန်ခြင်းကိုလျှော့ချပေးနိုင်တဲ့ ရွံ့စေး Clay Mask တွေကို တစ်ပတ်တစ်ခါလောက်ကပ်ပေးဖို့ အကြံပြုချင်ပါတယ်။ Clay Mask က မျက်နှာပေါ်က ဝက်ခြံ၊ အဆီဖုတွေကိုပါသက်သာစေပြီး ချွေးပေါက်တွေကို သန့်စင်စေတာကြောင့် ဈေးသက်သက်သာသာနဲ့ ကိုယ့်အသားအရေနဲ့လည်းအဆင်ပြေစေမယ့် Clay Mask လးတွေ တစ်ပတ်တစ်ခါလောက်သုံးပေးသင့်ပါတယ်။

၄။ Foundation ကိုအရမ်းထူနေအောင်မလိမ်းပါနဲ့


အသားထဲစိမ့်ဝင်မှုမရှိဘဲ Foundation ထူထူလိမ်းထားတာမျိုးက မျက်နှာနဲ့ မိတ်ကပ်တစ်ထပ်စီ အသားမကျဖြစ်စေပြီး Foundation ပေါ်ထပ်လိမ်းရတဲ့ ပါးနီ၊ Bronzer စတဲ့ Powder အမှုန့်တွေကလည်း မိတ်ကပ်အပိုတွေနဲ့အတူ ခဏအတွင်းပုံပျက်သွားနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်ခပ်ပါးပါးကို အသားနဲ့တစ်ထပ်တည်းကျနေတာမျိုးဖြစ်အောင်လိမ်းပေးပါ။

၅။ ကြာရှည်ခံစေတဲ့အညွှန်းပါဝင်တဲ့ မိတ်ကပ်ပစ္စည်းတွေအသုံးပြုပါ


Photo Source: Get The Gloss

မိတ်ကပ်ကြာကြာခံဖို့လိုတဲ့သူတွေအနေနဲ့ မိတ်ကပ်ရွေးချယ်တဲ့အခါ ဈေးအသင့်အတင့်နဲ့ နာရီအတော်ကြာခံစေတဲ့ မိတ်ကပ်ပစ္စည်းတွေသုံးကြည့်ဖို့လည်းလိုပါတယ်။ ဥပမာ ကြာရှည်ခံကြောင်း အညွှန်းထည့်ထားတဲ့ အောက်ခံမိတ်ကပ်သားပစ္စည်းတွေ၊ တော်ရုံနဲ့မပျက်တဲ့ အရောင်ရင့်နှုတ်ခမ်းနီတွေကိုအသုံးပြုပေးဖို့လည်းမမေ့သင့်ပါဘူး။

၆။ ပေါ့ပေါ့ပါးပါးနဲ့ ကြာရှည်ခံမယ့် Tinted Moisturizer တွေလည်းသုံးနိုင်ပါတယ်


ရိုးရိုး Foundation တွေထက် အစိုဓာတ်ရဖို့အတွက်အပြင် SPF ပါဝင်ပြီး နေလောင်ဒဏ်ကိုပါ ကာကွယ်ပေးနိုင်မယ့် Tinted Moisturizer တွေကိုလည်း အသုံးပြုပေးနိုင်ပါတယ်။ သူက အသားထဲစိမ့်ဝင်လွယ်ပြီး မိတ်ကပ်ပါးပါးနဲ့ သဘာဝဆန်တဲ့ Look လေးကိုရစေတာကြောင့် နေ့စဉ်မိတ်ကပ်လိမ်းရတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။ အဆီအရမ်းပြန်တဲ့သူတွေ ဝက်ခြံအထွက်များတဲ့သူတွေဆိုရင်တော့ Tinted Moisturizer က မိတ်ကပ်သားအပြည့်မဖုံးပေးနိုင်တာကြောင့် Foundation နဲ့ပေါင်းသုံးတာမျိုး ပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..